စိန့်တိုရီဘီအူးစ်ဒဲလ်မိုဂရူဗီဂျို  St. Tirubius de Mogrovijo (1538-1606)

စိန့်တိုရီဘီအူးစ်ဒဲလ်မိုဂရူဗီဂျို  St. Tirubius de Mogrovijo (1538-1606)

မတ်လ (၂၃)

စိန့်တိုရီဘီအူးစ်ဟာ ၁၅၃၈-ခုနှစ် စပိန်နိုင်ငံမှာ မွေးဖွားပြီး ချမ်းသာတဲ့ မိသားစု ဖြစ်ပါတယ်။ တိုရီဘီအူးစ် ငယ်စဉ်ကတည်းက သူ့မိဘနှစ်ပါးဆီက ဝိညာဉ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး အစာရှောင်၊ ဆုတောင်းတတ်ဖုိ့ အမြဲသွန်သင် လမ်းပြပေးကြတယ်။ နောက်ပိုင်း သူကိုယ်တိုင်လည်း ကြိုးစား ကျင့်ကြံ အားထုတ်လာခဲ့ပြီး နေ့စဉ် စိပ်ပုတီးစိပ်ခြင်းနဲ့ မယ်‌ေတာ်သခင်မထံပြုအပ်တဲ့ ဆုတောင်းမေတ္တာတွေကိုလည်း ဆိုလေ့ရှိပါတယ်။

သူဟာ ဆလာမန်ကာ Salamanca တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို လေ့လာခဲ့ပြီးတဲ့နောက် ရှေ့နေအဖြစ် ငါးနှစ်တိုင် အမှုထမ်းခဲ့ပါတယ်။ ပညာရှိတဲ့အတွက် တရားရေးကို ကောင်းစွာ စီမံဆုံးဖြတ်နိုင်ခဲ့တယ်။ ဒါကြောင့် သူ့ကို ဘုရင် ဖိလစ်-(၂) သဘောကျတာကြောင့် သာမန်လူသား၊ လူဝတ်ကြောင်တစ်ဦးမှ ပီရူးမှာရှိတဲ့ စပိန်ကိုလိုနီတွေအတွက် သာသနာပြု ဂိုဏ်းချုပ် ဆရာတော်ကြီးအဖြစ် တိုရီဘီအူးစ်ကုိ ခန့်အပ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့တိုရီဘီအူးစ်ဟာ ဘုရင့်ရဲ့ ဆန္ဒကိုလက်ခံဖို့ ြငင်းဆန်ပြီး သာမန်လူဖြစ်တာကြောင့် အသင်းတော်ရဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ကြောင်း ရှင်ပြခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာတဲ့ နောက်သုံးနှစ်အကြာမှာ ရဟန်းဘောင်ကို ဝင်ရောက်ခဲ့ပြီး ၁၅၈၁-ခုနှစ်မှာ ပီးရူးဆရာတော်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်။

ဆရာတော် အသစ်ဖြစ်တဲ့ တိုရီဘီအူးစ်ဟာ နေရာအနှံ့ သွားရောက်လေ့လာခဲ့ပြီး ကိုလိုနီတွေရဲ့ ဖိနှိပ်ခံရတဲ့ ကျွန်‌ေတွကို မြင်တွေ့ သတိထားမီလာ ခဲ့ရတယ်။ လီမားမြို့မှာ အသင်းတော်ကို ဆန့်ကျင်မှုတွေကို ရင်ဆိုင်ဖြေရှင်းနုိင်ဖုိ့အတွက် အမြဲဆုတောင်းပြီး သာသနာတစ်လျှောက် မိုင်ပေါင်းများစွာသွားလာရင်း စက္ကရမင်တူးများပေးခြင်း၊ ဘုရားစကား သင်ကြားပေးခြင်းနဲ့တရားဒေသနာ ဟောကြခြင်းများကို ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒါအပြင် ကလေးများအတွက် စာသင်ကျောင်း၊ ရဟန်းဖြစ်သင်ကျောင်း၊ ကွန်ဗင့်ကျောင်းနဲ့ ဆေးရုံများဖွင့်လှစ် ပေးခြင်းတို့ဖြင့် စွမ်းစွမ်းတမံ သာသနာပြုခဲ့ပါတယ်။ ဒါပေမဲ့ တချို့သော ကိုလိုနီတွေက ဆရာတော်ရဲ့ သာသနာပြုခြင်းကို အသိအမှတ်မပြုဘဲ ဆန့်ကျင် တိုက်ခိုက် ခဲ့ကြပါတယ်။

ဆရာတော်ကြီးဟာ အဲဒီလို အခက်အခဲတွေကြား လီမား သာသနာ‌ေတာ်ကြီးအတွက် နှစ်ပေါင်း (၂၅‌)‌ေကျာ်တိုင်အောင် သာသနာပြုကာ သတင်းကောင်ဖြန့်ဝေခဲ့ပါတယ်။ နောက်ဆုံး ၁၆၀၆-ခုနှစ်မှာ ပြင်းထန်စွာ ဖျားနာခဲ့ပြီး သူမိုးကောင်းကင်ပြန်ဖို့ နီးကပ်လာပြီ‌ဖြစ်တာကြာင်း သူပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ဆင်းရဲသား‌ေတွကုိ အမျှဝေပေး ခဲ့ပါတယ်။ သူဟာ မတ်လ (၂၃)ရက်နေ့မှာ ငြိမ်းချမ်းစွာ ပျံလွန်သွားခဲ့ပါတယ်။ သူ့ကို ၁၇၂၆-ခုနှစ်မှာ ရဟန္တာအဖြစ် တင်မြှောက်ခဲ့ပါတယ်။ သူဟာ လာတင် အမေရိကန် ဆရာတော်များ အားကိုးရသော ရဟန္တာဖြစ်ပါတယ်။

St. Turibius De Mogrovejo,

#Pray_for_us. #Amen

#Saint_of_the_day

Credit photos from FB images

 

Add new comment

8 + 0 =