စိန့်စတန်နီစလော့ကော်စဂါ (November 13)

စိန့်စတန်နီစလော့ကော်စဂါ

သင်ဟာ အသင်းဂိုဏ်းတစ်ခုကို၀င်ဖို့ မိုင်ပေါင်း ၃၅၀ ကျော်‌‌‌ဝေးတဲ့ခရီးကို လမ်းလျှောက် သွားနိုင်မယ်ထင်ပါသလား? ပိုလန်နိုင်ငံက ရဲရင့်ပြတ်သားတဲ့ လူငယ်လေး တစ်ယောက် ဟာ ဂျက်ဇွစ်အသင်း ဂိုဏ်းကို ၀င်ဖို့အတွက် မိုင်ပေါင်း (၁၀၀၀) ကျော် လမ်းလျှောက် ခဲ့ပါတယ်။ သူ့နာမည်ကတော့ စိန့်စတန်နီစလော့ ကော်စဂါပဲ St. Stanislaus Kostka, SJ ဖြစ်ပါတယ်။

သူ့ကို ပိုလန်နိုင်ငံက ချမ်းသာကြွယ်၀တဲ့ တော်၀င်မိသားစုကနေ မွေးဖွားပြီး အမိမယ်တော်သခင်မကို အထူးကြည်ညိုသူ ဖြစ်ပါတယ်။ ဒါကြောင့် သူအသည်းအတန် ဖျားနေချိန်မှာ မယ်တော်သခင်မကနေ သူအား သူငယ်တော်ယေဇူးကို ပွေ့ချီဖို့ပေးတဲ့ ရူပါရုံကိုမြင်ရပြီး ပြန်ကျန်းမာလာခဲ့ပါတယ်။ သူ့ရဲ့ ရူပါရုံအရ ‌ဂျက်ဇွစ် (ခေါ်) ယေဇူးအသင်းဂိုဏ်းကို ၀င်ဖို့အလိုရှိတယ်လို့ ယုံကြည်ခဲ့တာကြောင့် သူ့မိဘတွေ သဘောမတူတဲ့အကြားက ဂျက်ဇွစ် အသင်းရဲ့ အကြီးအကဲ St. Francis Borgia, SJ ကို သူကိုယ်တိုင် သွားရောက်တွေ့ ဆုံ ခဲ့ပါတယ်။ အသင်းဂိုဏ်းထဲကို သူမ၀င်ခင် တစ်လကြာ စာသင်ပေးတဲ့ St. Peter Canisius က သူ့ကို ထူးချွန်ထက်မြတ် တဲ့ ဘုန်းကြီး ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမဲ့ ဂျက်ဇွစ်ကိုရင် ဘ၀နဲ့ (၁၀)ဆယ်လခန့်သာ နေထိုင်ပြီးနောက် ၁၅၆၈-ခုနှစ် မှာ ပျံလွန်တော်မူ ခဲ့ပါတယ်။ သူဟာ ဘုရားတရား အလွန်ကြည်ညိုပြီး ဖြူစင်သူဖြစ် တာကြောင့် မယ်တော်ကနေတဆင့် သူသေဆုံးမဲ့ နောက်ဆုံးနေ့ရက်ကို ကြိုတင်သိခဲ့ပါတယ်။ အဲဒီနေ့ကတော့ သြဂုတ်လ (၁၅) ရက်နေ့ မယ်တော်သခင်မ မိုးကောင်းကင် ပင့်ဆောင်ခြင်းခံရတဲ့ပွဲနေ့ ဖြစ်ပါတယ်။ သူသေဆုံးခါနီးမှာ မယ်တော်သခင်မနဲ့ ကောင်းကင် တမန်တွေက သူ့ကို လာခေါ်တဲ့ ရူပါရုံလည်း ထပ်မြင်ခဲ့ ပါသေးတယ်။

ပျံလွန် တော်မူတဲ့အချိန် သူ့အသက်က (၁၈)နှစ်သာရှိပြီး ဂျက်ဇွစ် အသင်းဂိုဏ်းမှာ အငယ်ဆုံးနှင့် ပထမဆုံး ရဟန္တာ တစ်ပါး ဖြစ်ပါတယ်။ သူ့ကို Patron saint of Jesuit Novices ဂျက်ဇွစ်နိုဗစ်များ၊ ကျောင်းသူ၊ ကျောင်းသားများနဲ့ ပိုလန်နိုင်ငံကို စောင့်ရှောက်တဲ့ ရဟန္တာ အဖြစ် ကိုးစားကြပါတယ်။ သူ့ရဲ့ အဖြစ် အပျက်ကနေ ဘုရားသခင်ရဲ့ ခေါ်သံကို အချိန်မစောင့်ဘဲ ဇွဲလုံံ့လ အပြည့်နဲ့ တုံ့ပြန်ရင်း ရဟန္တာ ဘဝကို ရရှိနိုင်ကြောင်း သင်ယူနိုင်ပါတယ်။ သူ့ရဲ့ပွဲနေ့ ကတော့ နို၀င်ဘာလ (၁၃)ရက်နေ့ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်၊ စိန့်စတန်နီစ်လော့ကော်စဂါ ပြန်လွန် တော်မူခြင်းရဲ့ နှစ်ပေါင်း (၄၅၀)ပြည့် အထိမ်းအမှတ်ပွဲနေ့ကို ကျင်းပခဲ့ကြတဲ့ ပိုလန်နိုင်ငံက လူငယ်များ ကို ပုပ်ရဟန်း မင်းကြီးဖရန်စစ် သ၀ဏ်လွှာပေးပို့ရာမှာ...

“သင့် (လူငယ်)တို့ဟာ သခင်ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ၊ စိန့်စတန်နီစလော့ ကော်စဂါဆီက ဖြူစင်ခြင်းနဲ့ ရဲရင့်ခြင်း ခွန်အားတွေကို အတုယူပြီး သူ့လို ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အသက်ရှင်သန် ကြပါ။ သင်တို့ဟာ သခင်ယေဇူးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတော် အားဖြင့် ခွန်အားသစ်များ ခံယူပြီး ရဲရင့်ကြပါ။ ပြီးတော့ သင်တို့ရဲ့ လွတ်လပ်မှုက မျက်စီမှိတ်ပြီး ဆုံးဖြတ်ချက် ချရန် မဟုတ်ဘဲ၊ မိမိလိုအင် ဆန္ဒမျာနဲ့ ရည်ရွယ်ချက်များကို ဆန်းစစ်နိုင်တဲ့ အရည်အချင်းနဲ့ အတူ ထိုအရာများကို လက်တွေ့ ကျင့်ဆောင် ခြင်းအားဖြင့် ရယူကြပါ။ နောက်ဆုံးအနေနဲ့ သခင်ယေဇူးကနေ လာတဲ့ စစ်မှန်သော ဝမ်းမြောက် ပျော်ရွှင်မှုကို စွန့်စားရယူဖို့ လူငယ်တွေ မကြောက်ကြပါနဲ့။ I was born for greater things.. "ငါဟာ ကြီးမြတ်တဲ့ အရာများအတွက် မွေးဖွားလာခဲ့ခြင်း ဖြစ်တယ်" ဆိုတဲ့ ရဟန္တာ စတားနစ်(စ်)လော့စ်ရဲ့ ဆောင်ပုဒ်ကို အခြေခံပြီး ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က လူငယ်တွေကို ဆက်လက် အားပေးပြီး ဆုံးမစာ ပေးပို့ခဲ့ပါတယ်။

ကျွန်ုပ်တို့ ဘ၀မှာလည်း စိန့်စတန်နီလော့ ကော်စဂါလို စိတ်ဆန္ဒပြင်းပြပြီး ရဲရင့်တဲ့ ခွန်အားနဲ့ နေ့စဥ်အသက်တာမှာ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် ကြိုးစား ကြပါစို့။ ရဟန္တာ စတန်နီစလော့ ကော်စဂါ၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

✍ထန်းဟာ,SJ✍

#StStaninslausKostka #AMDG

#Stanislaus #Jesuits

#SaintoftheDay

 

Add new comment

9 + 4 =