စိန့်ကက်သရင်း မတ်လ (၂၄)

စိန့်ကက်သရင်း  မတ်လ (၂၄)

စိန့်ကက်သရင်းဟာ အမေတူသမီးလေးလို့ပြောရအောင် သူမက အမေနှင့်အတူ ရောမမြို့မှ ဓမ္မအာဇာနည်တွေရဲ့ ဓာတ်တော်မွေတော်တွေကို ဌာပနာထားရာ ရောမမြို့ကို ဘုရားဖူးသွားခဲ့သူ၊ အမေကော် သမီးလေးပါ ရဟန္တာမဖြစ်ပါတယ်။ ဒီအပြင် သူမဟာ မိဘများက စီစဉ်ပေးတဲ့ အိမ်ထောက်ဘက် ခက်ပွန်းသည်ကို သူမနဲ့အတူ ဘုရားတရားမှာ ကြုိးစားအားထုတ်ဖို့ လမ်းညွှန် ပေးနိုင်သူပါ။ ယခုခေတ် မိသားစု အတုယုသင့်တဲ့ ပုံဥပမာလေးကို သူမပြနိုင်ခဲ့တယ်။

ကက်သရင်းကို ၄-ရာစု အစပိုင်း အဖေ "အာလ်ဖို(Alfo)"နဲ့ အမေ ဆွီဒင်လူမျိုး "စိန့် ဘရစ်ဂျစ်" တို့မှ မွေးဖွားသန့်စင် ခဲ့တာပါ။ သူမအသက် ၇-နှစ်အရွယ်မှာ "ရစ်ဘဂ် (Risburgh)" မှာရှိတဲ့ သီလရှင်ကျောင်းမှာ သူမတတ်အပ်တဲ့ ပညာရေးနှင့် ဝိညာဉ်ရေးရာ ပြုစုပျိုးထောင်မှုတွေခံယူဖို့ ကျောင်းထားခဲ့ကြတယ်။ သူမအသက် ၁၃-နှစ်မှာ သီလရှင်ကျောင်းကနေ ပြန်ခေါ်လာပြီး "အဲဂတ်(Egard)" လို့ခေါ်တဲ့ ဂျာမနီလူမျိုး၊ မြင့်မြတ်တဲ့ လူငယ်လေးနဲ့ အိမ်ထောင်ဘက်ပြုစေခဲ့တယ်။ ဒါပေမဲ့ ကက်သရင်းက အဲဂတ်နဲ့ တွေ့ဆုံတဲ့နေ့မှာပဲ သူတို့နှစ်ဦး အိမ်ထောင်ဘက်ပြုခဲ့ရင်တောင် ဖြူစင်ခြင်းပါရမီရဲ့ အကျိုးကျေးဇူးကို ပြောပြရင်း ၎င်းပါရမီကို ရာသက်ပန်နှစ်ဦးနှစ်ဘက် ကျင့်ကြံဖို့ပြောပြတဲ့အခါ အဲဂတ်ကလည်း သဘောတူညီခဲ့ပြီး သူတို့နှစ်ဦးဟာ ဘုရားအတွက် ဘဝကို ဆက်ကပ်ကြရင်း ဆုတောင်းခြင်းနဲ့ ကရုဏာလုပ်ငန်းတွေ လုပ်ကိုင်ရာမှာလည်း တစ်ဦးနဲ့တစ်ဦး အားပေးခဲ့ကြတယ်။

၁၃၄၉ ခုနှစ်မှာ ကက်သရင်းရဲ့ အဖေကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူ ဘရစ်ဂျစ်ကို နှစ်သိမ့်အားပေးဖို့ ကက်သရင်းဟာ သူမရဲ့အမေနဲ့ ဓမ္မအာဇာနည်တွေရဲ့ ဓာတ်တော်ဌာပနာရာ ရောမမြို့ကို ဘုရားဖူးသွားခဲ့တယ်။ သားအမိနှစ်ယောက် နှစ်တော်တော်မျများ ဘုရားဖူးလှည်ပတ်ရင်း ၁၃၇၃-ခုနှစ်မှာ မိခင်ဖြစ်သူ ဘရစ်ဂျစ်ကွယ်လွန်သွားခဲ့ပြီး ကက်သရင်း တစ်ယောက် မိခင်ရဲ့ ရုပ်ကလပ်ကို ယူလာပြီး ဆွီဒင်ကို ပြန်လာခဲ့တယ်။

ဆွီဒင်မှာ နှစ်နှစ်ခန့်နေတဲ့ အတောအတွင်း သူမရဲ့ ဘုရားတရားကြညိုပုံနဲ့သီလသမာဓိဟာ အခြားအမျိုးသမီးများရဲ့ ကြည်ညိုလေးစားစရာ၊ အတုယူစရာ ဖြစ်နေခဲ့ပြီး သူမဘဝကျင့်စဉ်ကို လိုက်ကျင့်ကြဖို့ သူမနောက်ကို လိုက်လာကြပါတယ်။ ဒီလိုနဲ့ ကက်သရင်းဟာ မိခင်ဖြစ်သူကို ရဟန္တာတင်မြောက်ရန် သက်သေခံချက်ကို ပေးဖို့နဲ့ သူမနောက်ကို လိုက်ပါလာကြတဲ့သူတော်စင် အမျိုးသမီးများအတွက် သူမရေးဆွဲထားတဲ့ စည်းမျဉ်းစည်းကမ်းများကို အတည်ပြုပေးဖို့ ရောမကို သွားခဲ့တယ်။

သူမထုတ်ပြန်ထားတဲ့ စည်းကမ်းများ အတည်ပြုချက် ရရှိပြီးတဲ့နောက်မှာ ဆွီဒင်ကို ပြန်သွားပြီး ဗာတီနာ(Vadzstena)" ရသေ့ဂိုဏ်းကို တည်ထောင်းခဲ့ပါတယ်။ သူမမသေခင် ၁၃၈၁ ခုနှစ်အချိန်ထိ ၎င်းရသေ့ကျောင်းရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူမရဲ့ နောက်ဆုံး ၁၅-နှစ်တာအတွင်းမှာ သူမဟာ ဆုတောင်းခြင်းနဲ့ နေ့စဉ် အာပါတ်ဖြေခြင်းကို ပြုလုပ်ခဲ့ပြီး ခြိုးခြံကျင့်ကြံ နေ‌ထိုင်ခြင်းတွေကြောင့် ကျော်ကြားခဲ့ပါတယ်။ စိန့်ကက်သရင်း ပျံလွန်ပြီးနောက် ၁၄၈၄-ခုနှစ်မှာ ရဟန်းမင်းပြီး ပိုင်းယားစ်-(၂) မှ ရဟန္တာအဖြစ်တင်မြောက်ခဲ့ပါတယ်။

St. Catherine of Sweden, Pray for us.

Credit,#TO_BE_HUMAN

#Saint_of_the_day

#CNA

Add new comment

2 + 13 =