စိတ်သောက ရောက်နေပြီး စိတ်ငြိမ်သက်ခြင်းတွေပျောက်လို့ ပူဆွေးခြင်း နာကျင်ခြင်းတွေနဲ့ ပြည့်တဲ့အခါ စိန့်အန်ထော်နီကို ကိုးစားပါ။

စိတ်သောက ရောက်နေပြီး စိတ်ငြိမ်သက်ခြင်းတွေပျောက်လို့ ပူဆွေးခြင်း နာကျင်ခြင်းတွေနဲ့ ပြည့်တဲ့အခါ စိန့်အန်ထော်နီကို ကိုးစားပါ။

မတရားသဖြင့်စွပ်စွဲအပြစ်ပေးခံရတဲ့အခါ_စိန့်အန်ထော်နီကိုကိုးစားပါ ဘာလို့စိန့်အန်ထော်နီကို_ကိုးစားသင့်တာလဲ ။

စိန့်အန်ထော်နီက အံ့ဩစရာကောင်းတဲ့ တန်ခိုးတော်တွေကို လုပ်ဆောင်ပေးနိုင်တဲ့ သူလို့ နာမည်ကြီးပါတယ်။ အမှန်တကယ်လည်း သူ့ရဲ့ ဆုတောင်းပေးခြင်းနှင့် များပြားလှတဲ့ တန်ခိုးတွေကို သူလုပ်ဆောင်ခဲ့တယ်။

ဒီနေ့မှာတော့ မြန်မာပြည်ကြီးရဲ့ တော်လှန်ရေးနှင့် အရေးအခင်းကြားထဲမှာ နိုင်ငံခေါင်းဆောင်တွေဟာ မတရားသဖြင့် တရားစွဲဆိုဖို့ ဖမ်းဆီးခေါ်ဆောင်သွားကြသလို ပြည်သူပြည်သားတွေ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်ခံ ရတာကြောင့် ဒီလို စိတ်ပူပန် ဝမ်းနည်းစရာ ကောင်းတဲ့ ကာလမှာ ညမအိပ်ခင်ဘဲ ဖြစ်ဖြစ် စိန့်အန်ထော်နီထံ နိုဗိနာ မေတ္တာလေးကို ရွက်ဆိုဆုတောင်းကြပါလို့ အကြံပြုချင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး စိန့်အန်ထော်နီရဲ့ တန်ခိုးတော်များထဲက သူ့ရဲ့ အဖေကကို မတရားသဖြင့် လူသတ်သမားပါလို့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ် မချခင် စိန့်အန်ထော်နီက ဘယ်လို တန်းခိုးနဲ့ အဖေဖြစ်သူကို ကယ်တင်ခဲ့ သလဲဆိုတာ ပြောပြပါရစေ။

"လစ္စဘွန်(Lisbon)" လို့ခေါ်တဲ့ စိန့်အန်ထော်နီရဲ့ မွေးရပ်ဇာတိမှာ သတ်ဖြတ်ကြဖို့ အထိအောင် မုန်းတီးနေကြတဲ့ လူနှစ်ယောက် ရှိခဲ့တယ်။ သူတို့ရဲ့အမုန်းတရားဟာ သူတို့သားတွေပါကူးတာပေါ့။ ပိုဆိုးတာက ဒီမဟာရန်သူ မိသားစု နှစ်ခုဟာ စိန့် အန်ထော်နီတို့ နေအိမ်နဲ့ ကပ်ရပ်လျက် ရှိနေခဲ့ခြငါးပါပဲ။ အမုန်းမီးတွေနဲ့ တောက်လောင်နေတဲ့ သူတို့ နှစ်ဦးထဲက တစ်ယောက်က လူသူမမြင်နိုင်တဲ့ အခြေအနေမှာ သူ့ရဲ့မုန်းတီးတဲ့ ပြိုင်ဘက် ရန်သူကို ဓားနဲ့ထိုး သတ်ပြီး သူ့အလောင်းကို လူသူမသိအောင် စိန့် အန်ထော်နီ့အဖေရဲ့ ခြံဝန်းထဲမှာ မြှုပ်နှံပြီး စိန့်အန်ထော်နီရဲ့ အဖေကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီး ထောင်ချခဲ့တယ်။

စိန့်အန်ထော်နီရဲ့အဖေဟာ လူသတ်တရားခံဟာ သူမဟုတ်ကြောင်း ငြင်းဆိုခဲ့ပေမဲ့လည်း လူသေအလောင်းက သူ့ခြံဝန်းထဲမှာ တွေ့ရလို့ သူ့ရဲ့ ငြင်းဆိုမှုဟာ အရာမရောက်ခဲ့ပါဘူး။ အဲဒီအချိန်မှာ စိန့်အန်ထော်နီက လစ္စဘွန်နဲ့ မိုင် ၁၂၀၀ ဝေးတဲ့ ပါဒွါမှာ သာသနာပြုနေတဲ့အချိန်ဖြစ်ပြီး သူ့ရဲ့ ရူပါရုံထဲမှာ ဘုရားသခင်က သူ့အဖေရဲ့ ကိစ္စကို ပြောပြခဲ့တယ်။ ချက်ချင်းဆိုသလို အန်ထော်နီက လိုက်လာပြီး သူ့ရဲ့ အစွမ်းတန်ခိုးနဲ့ မိုင် ၁၂၀၀ ဝေးလံတဲ့ခရီးကို ခြေလျင်နဲ့ နာရီပိုင်းမှာ ရောက်လာခဲ့ပြီး သူ့အဖေအတွက် တရားရင်ဆိုင်ဖို့ ရောက်လာ ခဲ့တယ်။ တရားချုပ်ကို မြှုပ်နှံထားတဲ့ လူသေရဲ့ အလောင်းကို ပြန်တူးဖော်ခွင့်တောင်းပြီး စိန့် အန်ထော်နီရဲ့ တောင်းဆိုချက်နဲ့ သူတို့ဟာ အလောင်းကို ပြန်တူးဖော်ခဲ့ကြပါတယ်။

အန်ထော်နီက အလောင်းရဲ့ အနားကို ကပ်လာပြီး တည်ကြည် မာကြောတဲ့လေသံနှင့်...

"အသင့်ကို ဘယ်သူကသတ်ခဲ့တာလဲ။"

ထိတ်လန့်ရင် တုန်လှုပ်စရာ ကောင်းလောက်အောင် လူသေအလောင်းကြီးက အသက်ပြန်ဝင်လာပြီး ထထိုင်ရင်း သူ့ကို သတ်တဲ့ တရားခံဟာ စိန့်အန်ထော်နီရဲ့ ဖခင် မဟုတ်ကြောင်း နှင့် လူသတ်တရားခံရဲ့ အမည်ကို လူသူအားလုံး ကြားအောင် ရှင်းရှင်းလင်းလင်းပြောပြရုံတင်မက သူအသက်ရှင်စဉ် မှားခဲ့မိတဲ့ အပြစ်တွေအတွက် ဖြေလွတ်ပေးဖို့ပါ တောင်းခံခဲ့ပြီး ပြန်သေသွားခဲ့လို့ဆိုပါတယ်။

‌ဒီလိုနဲ့ အန်ထော်နီရဲ့အဖေဟာ မတရားစွပ်စွဲခြင်းနှင့် သေဒဏ်ချမှတ်ခြင်းကနေ လွတ်မြောက်ခဲ့ပါတယ်။ စိန့်အန်ထော်နီလဲ သူတာဝန်ကျတဲ့ သာသနာကို ညတွင်းချင်း အရောက် ပြန်သွားခဲ့တယ်။

နောက်ထပ်တစ်ခုက လက်မယားနှစ်ယောက်။ ယောက်ျားဖြစ်သူဟာ သူမိန်းမမှာ ပါလာတဲ့ ကိုယ်ဝန်ဟာ သူ့ရဲ့သွေး မဟုတ်ကြောင်း အပြင်းအထန် မိန်းမဖြစ်သူကို ရှုတ်ချရိုက်နှက်ပြီး အိမ်ကနေ မောင်းထုတ်ခဲ့တယ်။ မိန်းမခမျာ ထွက်ပြေးရတာပေါ့။ မတရားပြုခြင်းဘက်မှာ အမြဲရပ်တည်တတ်သူ စိန့်အန်ထော်နီဟာ ဒီအကြောင်းကို သူ့ရဲ့ ရူပါရုံထဲမှာ မြင်တွေ့ရတာကြောင့် အမျိုးသမီးရှိရာကို သွားပြီး အိမ်ပြန်ဖို့ အကြံပြု ခဲ့တယ်။ ထိတ်လန့်ကြောက်ရွံ့ပေမဲ့ အန်ထော်နီရဲ့ အကြံပြုချက်ကို လိုက်ပြီး အိမ်ရောက်တဲ့အခါ အိမ်က သူ့အတွက် တံခါးဖွင့် ကြိုဆိုလျက်ရှိပြီး စကား‌မပြောတတ်တဲ့ ကလေးကလည်း အဖေဖြစ်သူရဲ့ မတရားသဖြင့် ပြုတဲ့ အဖေအကြောင်းကို နှုတ်ဖျားလေးနဲ့ တိုင်ကြားဟန်ပြောပြနေပါတယ်။

စိန့် အန်ထော်နီက...

"ငါ့သား၊ သူငယ်တော်ယေဇူးလေးရဲ့ အမည်နာမကို ထောက်ပြီး လူထုပရိတ်သတ်ကြီးကို မင်းကို မွေးထုတ်ပေးတဲ့ အဖေအရင်းကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ ငါအမိန့်ပေးတယ်။"ဆိုပြီး ပြောတော့ အမေ့လက်မောင်းထဲက ကလေးငယ်လေးဟာ ငြင်းဆန်နေတဲ့ အဖေ့ကို ကြည့်ပြီး "သားရဲ့ အဖေကို ကြည့်ကြပါ။" ဆိုပြီး စိန့်အန်ထော်နီက ကလေးကို ယူပေး ကလေးအဖေပါလို့ ငြင်းဆိုခဲ့တဲ့ အဖေဖြစ်သူရဲ့ လက်မောင်းမှာ အပ်ရင်း "မင်းရဲ့ ကလေးကို ချစ်ပါ။ ဒါမင်းရဲ့ ရင်သွေးအစစ်ပါ။ မင်းရဲ့မိန်းမကို ချစ်ပါ။ သူဟာ မင်းအပေါ်သစ္စာရှိတဲ့ မိန်းကလေးဖြစ်ပြီး မင်းရဲ့ အချစ်နဲ့ ထိုက်တန်တဲ့ သူပါ။" ပါ ဆိုပြီး အမှန်တရားကို ဖော်ထုတ်ရင်း တရားကို စီရင်ပေးခဲ့ပါတယ်။

ကက်သလစ် ဘာသာဝင်များအားလုံး ဒီလိုမတရားဖြင့် ဖမ်းဆီး ချုပ်နှောင်၊ သတ်ဖြတ် ခံနေကြရတဲ့အထဲ စိန့်အန်ထော်နီကို ကိုးစားဖို့လဲ မမေ့ကြပါနဲ့လို့ ပြောကြားရင်း ကျွန်မ ကြယ်စင်လေး (Sr. Lucy Ciang) မှ အကြံပြုလိုပါတယ်။ ဖေဖော်ဝါရီ တစ်ရက်နေ့ ကတည်း ကိုယ်ကိုယ်‌တိုင်လဲ နေ့စဉ်နေ့တိုင်းဆုတောင်းနေပါတယ်။ ယုံကြည်ခြင်းနှင့် ကိုးစားကြည့်ပါ။

အမှန်တရားက အနိုင်ရမှာပါ။

Credit,

#TO_BE_HUMAN

#StAnthony_Wonder_Worker

#Photo

 

"အသင့်ကို ဘယ်သူကသတ်ခဲ့တာလဲ။"

ထိတ်လန့်ရင် တုန်လှုပ်စရာ ကောင်းလောက်အောင် လူသေအလောင်းကြီးက အသက်ပြန်ဝင်လာပြီး ထထိုင်ရင်း သူ့ကို သတ်တဲ့ တရားခံဟာ စိန့်အန်ထော်နီရဲ့ ဖခင် မဟုတ်ကြောင်း နှင့် လူသတ်တရားခံရဲ့ အမည်ကို လူသူအားလုံး ကြားအောင် ရှင်းရှင်းလင်းလင်းပြောပြရုံတင်မက သူအသက်ရှင်စဉ် မှားခဲ့မိတဲ့ အပြစ်တွေအတွက် ဖြေလွတ်ပေးဖို့ပါ တောင်းခံခဲ့ပြီး ပြန်သေသွားခဲ့လို့ဆိုပါတယ်။

‌ဒီလိုနဲ့ အန်ထော်နီရဲ့အဖေဟာ မတရားစွပ်စွဲခြင်းနှင့် သေဒဏ်ချမှတ်ခြင်းကနေ လွတ်မြောက်ခဲ့ပါတယ်။ စိန့်အန်ထော်နီလဲ သူတာဝန်ကျတဲ့ သာသနာကို ညတွင်းချင်း အရောက် ပြန်သွားခဲ့တယ်။

Add new comment

1 + 8 =