စက်တင်ဘာ(၂၃) #စိန့်ပါဒရယ်ပီးအို

စက်တင်ဘာ(၂၃) #စိန့်ပါဒရယ်ပီးအို

စိန့်ပါဒရယ်ပီးအိုဟာ နာကျင်မှု ဝေဒနာအမျိုးမျိုးကို ခံစားနေရသူများအား ကြည့်ရှုစောင့်ရှောက် ကုသပေးတဲ့ ရဟန္တာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါဆိုး (ကိုဗစ်နဲ့ ကိုစစ်)ကြောင့် ဒုက္ခဝေဒနာ အမျိုးမျိုး ခံစားနေကြရတဲ့ အချိန်မှာ ဒီရဟန္တာကနေ တဆင့် ဆုတောင်းပြီး ဝိညာဥ်အာဟာရ ခွန်အား ရယူနိုင်ပါတယ်။

St. Padre Pio (1887-1968) စိန့်ပါဒရယ်ပီးအိုဟာ အီတလီနိုင်ငံသား ကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပြီး သူရဲ့ ဘုရားတရား ကြည်ညိုမှုနဲ့ ကရုဏာရေး လုပ်ဆောင်ချက်တွေကြောင့် လူသိများပါတယ်။ သူ့ကို ပိုပြီး လူသိများစေတဲ့ အချက်ကတော့ သူဟာ ထူးခြားတဲ့ သခင်ယေဇူးရဲ့ ဒဏ်ရာတော် (၅)ချက်ကို ရရှိခံစား ခဲ့ရတဲ့ ရဟန္တာ တစ်ပါးဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာတွေကို နှစ် (၅၀)ကြာတဲ့အထိ ရရှိ ခံစား ရပြီး ဒဏ်ရာကနေ ပိုးဝင်တာ ရောဂါဖြစ်တာ မရှိပါဘူး။ တစ်ခါတလေ သူ့အနီးမှာ နေတဲ့လာတွေဟာ သူ့ရဲ့ ဒဏ်ရာကနေ မွှေးကြိုင်တဲ့ရနံ့ ရရှိခံစားကြ ပါတယ်။

ဒီရဟန္တာမှာ ထူးဆန်းတဲ့ လက္ခဏာတွေ အများကြီး ရှိပါတယ်။ တချို့က သူဟာ တစ်ချိန်ထဲမှာ နေရာနှစ်ခုကို ကိုယ်ဖွား သွားနိုင်တယ်၊ တချို့ကတော့ သူဟာ ပျံသန်းနိုင်တယ် စသည်ဖြင့် အမျိုးမျိုး ပြောဆို ကြပါတယ်။ နောက်တစ်ခု ထူးဆန်တဲ့ အချက်ကတော့ သူ့ရဲ့ရုပ်ကလာပ် မပုပ်မသိုးဘဲ နဂိုအတိုင်း အခုချိန်ထိ ရှိနေပါတယ်။ စိန့်ပါဒရယ်ပီးအိုကနေတဆင့် ဘုရားသခင်ရဲ့ တန်ခိုးလက္ခဏာကို မြင်တဲ့သူတိုင်း ဘုရားသခင်ရဲ့ အံ့သြဖွယ် လက်ရာကို ချီးမွမ်း ကြပါတယ်။ အဲဒါကြောင့် ၂၀၁၉ခုနှစ် ကပ်ရောဂါ မဖြစ်ခင်အထိ ဘုရားဖူးတဲ့ လူအုပ်ကြီး စိန့်ပါဒရယ်ပီးအိုရဲ့ ရုပ်ကလာပ် သိုလှောင်ထားတဲ့ မြေအောက်ဂူထဲကို အများအပြား တိုးဝှေ့ ဆုတောင်း ခဲ့ကြပါတယ်။

ဒီ EWTN Vatican က ဗီဒီယို အတိုလေးကို ၂၀၁၉ ခုနှစ် ကပ်ရောဂါ မဖြစ်ခင်က ရိုက်ကူး စုဆောင်း ထားတာဖြစ်ကြောင်း သိရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဗီဒီယိုလေးနဲ့ ကျွန်ုပ်တို့ မရောက်ဖူးတဲ့ နေရာက စိန့်ပါဒရယ်ပီးအိုကို ကြည့်ရှု ကြည်ညိုပြီး သူ့ဆီကနေ တဆင့် ဘုရားသခင်ဆီကို ကျွန်ုပ်တို့ဆီမှာ လိုအပ်နေတဲ့ ဝိညာဥ် - ကာယ ကျေးဇူး အဖြာဖြာကို တောင်းခံ ဆုတောင်း ကြပါစို့။

စိန့်ပါဒရယ်ပီးအို၊

ကျွန်ုပ်တို့အဖို့နဲ့ မြန်မာပြည်မှာ ခံစားနေရသော ဒုက္ခဝေဒနာ အမျိုးမျိုး ဘုရားသခင် ကုသပျောက်ကင်းစေရန် ဆုတောင်း ပေးတော်မူပါ။ အာမင်။

ထန်းဟာ, SJ

#RC_ဝိညာဥ်အာဟာရ

#StPadrePio #SaintsOfToday

Video Credit to EWTN Vatican

https://www.facebook.com/185961818737973/posts/815041995829949/

Add new comment

7 + 1 =