ချာလီချက်ပလင်

လောကမှာရှိတဲ့သူတိုင်းဟာ မွေးဖွားလာကတည်းက အောင်မြင်ခြင်း သူရဖူကို ဆောင်း လျှက်၊ အောင်မြင်ခြင်းတွေကို ပွေ့ပိုက်လျက် မွေးဖွားလာခဲ့ကြတာ မဟုတ်ပါဘူး။ ဇွဲ၊လုံ့လ၊ဝီရိယဆိုတဲ့ စွမ်းအားတွေ စိုက်ထုတ်ပြီးမှ အောင်မြင်လာကြတဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ လီဟိုတော်စတွိုင်းဆိုတဲ့ ရုရှား စာရေးဆရာကြီးဟာ စစ်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုရည်ကြီးကို ဘာလို့ရေးနိုင်ခဲ့တာလဲ၊ မာဂရက်မစ်ချယ်ဆိုတဲ့ အမေရိကန်စာရေးဆရာမတစ်ဦးဟာ ဂန္ဓဝင်မြောက်တဲ့ လေရူးသုန်သုန်ဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုရှည်ကြီးကို ဘာလို့ရေးနိုင်ခဲ့တာလဲ၊ ကျွန်မတို့မြန်မာနိုင်ငံရဲ့ နိုင်ငံကျော်စာရေးဆရာ၊ ဆရာမများဖြစ်တဲ့ ဆရာပီမိုးနှင်း၊ ပါရဂူ၊ တက်တိုး၊ ဆရာတော်တာဆွေ၊ သိပ္ပံ မောင်ဝ၊ ဆရာ ရွှေဥဒေါင်း၊ ဆရာတော်အောင်သင်း၊ ချစ်ဦးညို၊ ဆရာ ဒဂုန်ရွှေမျှား၊ ဆရာ ဒဂုန်တရာ၊ ဆရာတော်ငြိမ်းကျော်၊ ဆရာချစ်နိုင်(စိတ်ပညာ)၊  ဆရာမြသန်းတင့်၊ ချစ်စံဝင်း၊ ဆရာလူထုဦးလှ၊ ဆရာမ လူထုဒေါ်အမာ၊ ဆရာမ ခင်နှင်းယု၊ ဆရာမ ဂျူး၊ ဆရာမ ဂျာနယ်ကျော်မမလေးစသည်ဖြင့် စာပေလောကမှာ ကျော် ကြားပြီး လူကြိုက်များတဲ့ ပုဂ္ဂိုလ်များအများကြီးကျန်ပါသေးတယ်။ အဲလိုမြန်မာပြည်ရဲ့ အထင်ကရစာရေး ဆရာတွေအပြင် အခြားကဏ္ဍ၊ နယ်ပယ်အသီးသီးမှာ ရှိတဲ့ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ  ဇွဲရှိလို့သာ သူတို့ကျင်လည်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်သူများအဖြစ် လူတွေက မှတ်တမ်းတင် ကြတာဖြစ်ပါတယ်။ ဇွဲရှိလို့ အောင်မြင်ပုံတွေက ပြောလို့ပင် မကုန်နိုင်ပါဘူး။

အဓိကကတော့ ကျွန်မတို့ တစ်ဦးချင်းစီမှာရှိတဲ့ အရည်အသွေးတွေနှင့် အလွယ်တကူ လက်လျှော့အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်၊ ခိုင်မာမှုအရည်အချင်းဟာ အရေးကြီးဆုံးပါ။ စိတ်ဓာတ်ဟာ အောင်မြင်မှုအတွက် အခရာကျပါတယ်။ ဇွဲမရှိလို့ မအောင်မြင်ရသူတွေ နာမူနာပြရရင်လဲ အများကြီးပါ။ အောင်ပွဲနဲ့လွဲခဲ့တာဟာ ဇွဲမပြည့်စုံလိုပါ။ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာပါမောက္ခလုပ်သွားခဲ့တဲ့ ဆရာကြီး  ဦးအေးအောင်ဟာ တက္ကသိုလ်ကျောင်းသာဘဝတုန်းက ခေတ်စမ်းစာပေခေတ်မှာ တက္ကသိုလ် မောင်သန့် စင်ဆိုတဲ့ ကလောင်အမည်ဖြင့် ရေးသားခဲ့တဲ့ ဇွဲနှင့် ပတ်သက်တဲ့ ကဗျာလင်္ကာ၊ ဒွေးချိုးလေး တစ်ပုဒ် ကတော့ ဇွဲကောင်းလျှင် အောင်နိုင်၊ ဇွဲနိုင်လျှင် အောင်မြင်၊ ဇွဲပါလျှင် အာကာရပ်ကို ဖြတ်လိမ့်မလွဲ} ဟုတ်ပါတယ်။ အကယ်၍သာ ဇွဲပါပါနဲ့ အားထုတ်မယ်ဆိုရင် အထက်အာကာသထဲ ရောက်ချင်ရင် ရောက်နိုင်သလို၊ လကမ္ဘာပေါ်လဲ ခြေချခဲ့ကြတဲ့ သာဓကတွေကို သောတရှင် ညီအစ်ကိုအောင်နှမတွေ လဲ သိကြမှာပါ။ ဒါ့အပြင် ဇွဲရှိလို့အောင်ပွဲရတဲ့အကြောင်းကို နောက်ထပ် သာဓကတစ်ခုလောက် ပြော ပြချင်ပါတယ်။ ပညာရေးလောကမှာ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ ရန်ကုန်မြို့ မှာရှိတဲ့ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းအုပ်ဆရာမကြီးဟာ သူအုပ်ချုပ်တဲ့ ကျောင်း ဟာ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်က်ုတိုင်း ဒေသကြီးအနေနဲ့ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံး ရခဲ့တာ သုံးနှစ်ရှိပါပြီ။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားစေဖို့ဆိုတဲ့ စေတနာနှင့် စာရေးဆရာ၊ဆရာမများကို ဖိတ်ခေါ်ကာ စာပေဟောပြောပွဲများကိုလည်း အခါအားလျော် စွာပြုလုပ်ပေးပါသေးတယ်။ တကယ်တမ်းတော့ သူမဟာ ဆယ်တန်းကို(၇)ကြိမ်မြောက်မှာမှ အောင်မြင် ခဲ့သူပါ။ တက္ကသိုလ်တက်တဲ့အခါ ပညာရေးတက္ကသိုလ်ကို ရွေးတက်ခဲ့ပြီး ခုလိုကျောင်းအုပ်ဆရာမ  တစ်ယောက်ဖြစ်လာတာပါ။ သုံးနှစ်ဆက်တိုက်အောင်ချက် အကောင်းဆုံးဆုရအောင် စွမ်းဆောင်နိုင် တဲ့ ကျောင်းအုပ်ဆရာမကြီး ယခုလိုဖြစ်လာတာဟာ သူမရဲ့ အနိုင်မခံအရှုံးမပေး ခိုင်မြဲတဲ့ စိတ်ဓာတ်ပါ။

သူမရဲ့ တပည့်ကျောင်းသား၊ကျောင်းသူတွေကို စာမေးပွဲမကျအောင် သူမဘဝနဲ့ နှိုင်းယှဉ် ပြီး ပြုပြင်နိုင်ခဲ့တာကို သူမရဲ့ကျောင်းဟာ အောင်ချက်အကောင်းဆုံးအဆင့်ရောက်နေတာ မဟုတ်ပါလား။  အောင်မြင်မှု သရဖူဆောင်းထားတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ ဇွဲကို မချီးကျူးပဲ မနေနိုင်ပါ။

ထူးချွန်သူများ အောင်မြင်သူများဟာ ဇွဲရှိကြပါတယ်။ ဇွဲရှိလို့ အောင်မြင်သွားကြတဲ့ ထဲမှာ ထူးခြားစွာ အောင်မြင်ချင်ရင်ဇွဲရှိရပါမယ်။ နောက်ထပ် လူတစ်ယောက်အကြောင်း ပြောချင်ပါသေး တယ်။ သူကတော့ ချာလီချက်ပလင်ပါ။ ချာလီချက်ပလင်ကို ၁၈၈၉ခုနှစ်မှာ အင်္ဂလန်နိုင်ငံတွင် မွေးဖွား ခဲ့ပြီး သူ့ဖခင်က မထင်မရှား ဂီတသမား တစ်ဦးပါ။ သူဟာ ဆင်းဆင်းရဲရဲကြီးပြင်းခဲ့ကာ သူရဲ့ မိခင်ဟာ လဲ ကျန်းမာရေး မကောင်းတာကြောင့် အခြေအနေအရ ဆေးရုံမှာပဲ အမြဲတမ်းကုသခံနေရတာ ချာလီ ချက်ပလင်ရဲ့ ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းခွင်တွေမှာ ပင်ပင်ပန်းပန်း အလုပ်ကြမ်းတွေ ဝင်လုပ်ခဲ့ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်အောင် စင်တင်ဖျော်ဖြေပွဲတွေမှာ စတင်အလုပ်လုပ်ခဲ့ရာ အသက် (၁၇)နှစ် လောက်မှာ ဖျော်ဖြေရေးလုပ်ငန်းတွေမှ နာမည်ရလာပြီး ၁၉၁၄ခု သူ့အသက် (၂၅)နှစ်အရွယ်မှာ အမေ ရိကန်ကို ရောက်ပြီး ဟောလီဝုဒ်မှာ တစ်ပတ်ကို ဒေါ်လာ ၁၅၀နဲ့ စတူဒီယိုတစ်ခုမှာ အလုပ်ဝင်ပြီးတဲ့ နောက်တစ်နှစ်အကြာမှာတော့ ချာလီချက်ပလင်ဟာ သရုပ်ဆောင်ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ အဖြစ်နဲ့ပါ။ ရုပ်ရှင်ကား (၅၅)ကား ထုတ်လုပ်ခဲ့ပါတယ်။ ချာလီချက်ပလင်ရဲ့ အစွမ်းဟာ အံ့မခန်းပါပဲ။ တဟုန်ထိုးအောင်မြင်ကျော်ကြားသွားပြီးနောက် တစ်နှစ်သူ့ဝင်ငွေဟာ တစ်ပတ်မှာ ဒေါ်လာ (၁၂၅၀)  ဖြစ်လာပြီး ၁၉၅၈ခုနှစ်မှာတော့ ချာလီချက်ပလင်ဟာ ပထမဦးဆုံးသော ကန်ထရိုက်စာချုပ်ကို ဒေါ်လာ တစ်သန်းနဲ့ လက်မှတ်ရေးနိုင်ခဲ့ပြီ။ ၁၉၄၃ခုနှစ်မှာတော့ ချာလီချက်ပလင်ဟာ အမေရိကန် ဟောလီဝုဒ် ရုပ်ရှင်လောကတစ်ခုလုံးမှာ အထင်ရှား အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာအပြင် ချမ်းသာ ြွကယ်ဝတဲ့ သူဌေးကြီးတစ်ဦးဖြစ်နေပါပြီ။ သင်ယူလေ့လာတတ်မြောက်လွယ်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း ဟာ ကြိုးစားမှုနဲ့ ဇွဲလုံ့လကြောင့်ပါ။ အောင်မြင်လိုတဲ့ဆန္ဒရဲ့ တွန်းအားအင်မတန်ပြင်းထန်တဲ့ ချာလီ ချက်ပလင်ဟာ သူ့ခေတ်သူ့အခါမှာ ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံးနှင့် အကျော်ကြားဆုံးဖြစ်နေပေမယ့် အမြဲတမ်းသင်ယူဆည်းပူးလေ့လာခဲ့ပါတယ်။ လက်ရှိအနေအထားနဲ့တင် ရပ်တန့်မနေဘဲ ဇွဲရှိရှိနှင့် တိုးတက်အောင် အမြဲကြိုးစားပြီး။ ပရိသတ်ကို ဘယ်လိုဆန်းသစ်တီထွင်ပြီး ဖျော်ဖြေရမယ်ဆိုတာကို အမြဲကြံဆနေတာကြောင့် အောင်မြင်မှုသရဖူကို ရယူနိုင်ခဲ့ခြင်းပါ။

ဒါ့ကြောင့် ကျွန်မအနေနဲ့ သောတရှင်များကိုနောက်ဆုံးတင်ပြချင်တာကတော့ ကျွန်မ တို့ဘဝမှာ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေနဲ့ လုပ်ဆောင်နိုင်သမျှအားလုံးကို အကုန်အသုံးချပြီး လုပ် ဆောင်ပါ။ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ဆောင်ရွက်ပါ။ အလုပ်ကိုပြီးမြောက်အောင် အဆုံ့းသတ်ပါ။ ပျင်းရိ ငြီးငွေ့လို့ဆိုပြီး တစ်ဝက်တစ်ပျက်နဲ့ ပစ်မလိုက်ပါနှင့်  အလုပ်ကို စနစ်တကျသပ်သပ်ရပ်ရပ်ဖြင့် ပိုပြီး ကြိုးစားလုပ်ဆောင်ပါ။ ယုံကြည်ချက်တစ်ခုခုအတွက် ဂုဏ်သိက္ခာရှိရှိရပ်တည်ပါ။ အလုပ်ကို ပြိုင်ပွဲ တစ်ခုလိုသဘောထား ပါ။ ချောင်းကိုတွေ့လျှင် တံတားဆောက်၊ တောင်ကို တွေ့လျှင် ဥမင်ဖောက်၊ လမ်းမရှိလျှင် လမ်းပေါက် အောင် ဖောက်၊ လမ်းသစ်တွေ အောင်မြင်အောင်  ဖောက်ကြရပါမယ်။သောတရှင်များရှင့် ဒီကနေ့ ကျွန်မတို့နေထိုင်အသက်ရှင်နေတဲ့ခေတ်ကြီးဟာ အပြိုင်အဆိုင် အင်မတန်ပြင်းထန်တဲ့ခေတ်ဖြစ်နေတာကြောင့် တစ်ဦးစီးရဲ့ဘဝကို ကောင်းမွန်အောင်မြင် စွာ ရှင်သန်အောင် မရှိမဖြစ်လိုအပ်တဲ့ တိုက်ပွဲကို  မိမိတို့ဘဝတိုက်ပွဲတွေမှာ လက်နက်အဖြစ် အသုံးပြုရန် အောင်မြင်မှု သရဖူကို ကြိုးစားရယူကြပါစို့ဟု ဆန္ဒပြုရင် ဒီနေ့အစီအစဉ်ကို ရပ်နားပါရစေရှင့်။

သင်ယူလေ့လာတတ်မြောက်မှု တိုးတက်လာခြင်းဟာကြိုးစားမှုနဲ့
ဇွဲကြောင့်ပါ။ဘယ်လောက်ပဲအောင်မြင်နေပါစေ အမြဲတန်းသင်ယူ
လေ့လာ၊ဆည်းပူးပါ။မိမိမှာရှိတဲ့တတ်နိုင်မှုတွေကိုအကောင်းဆုံးအသုံးချပါ။
မိမိရဲ့ယုံကြည်ချက်အတွက်ဂုဏ်သိက္ခာရှိစွာဖြင့်ရပ်တည်ပါ။

Add new comment

6 + 1 =