" ကောင်းကင်(သိကြား)တမန်တော်များ"

" ကောင်းကင်(သိကြား)တမန်တော်များ"

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလမ်ဘာသာ တွေမှာ ကောင်းကင်တမန်တွေ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ သမ္မာကျမ်းစာမှာတော့ ယောဘ၀တ္ထု အခန်းကြီး ၊ဆာလံကျမ်း ၊သံမာတေဦး ၊သံလုကား ၊ ၁ပေတရုနဲ့ဗျာဒိတ်တော်ကျမ်းတွေ အရ သိရှိနိုင်ပါတယ်။ ဘုရားခင်ကလူ ကို မဖန်ဆင်းခင်ကတည်းက ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တာဖြစ်ပြီးသူတို့ဟာ ခန္ဓာမရှိတဲ့ ၀ိညာဉ်သက်သက် ဖြစ်ကြပါတယ်။ ဒါကြောင့်သူတို့မှာ ဆာလောင်မွတ်သိပ်ခြင်း ဖျားနာခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း ဆိုတာမရွိ ပါဘူး။

ကောင်းကင်တမန်တွေကို ဘုရားသခင်ဖန်ဆင်း ထားရခြင်းရဲ့ ပထမ ရည်ရွယ်ချက်ကတော့ လူတစ်ဦး တစ်ယောက်ခြင်း ကိုပဲဖြစ်စေ၊ လူမျိုးစုတစ်ခုလုံးကိုပဲဖြစ်စေ အသိပေးဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ်ဘာဦးကျမ်း အခန်းကြီး ၁၉ မွာ ဆေဒုံနဲ့ ဂေါမောရမြို့တွေကို မဖ်က္ဆီး ခင်လောကနဲ့ သူရဲ့မိသားစုကို ကောင်းကင်တမန်တွေက ဘေးကင်းရာကို ခေါ်ဆောင်သွားကြပါတယ်။ အခန်းကြီး ၂၁မွာ တာ့ စာရာရဲ့ရန်ကြောင့် အာဗြာဟံဆီထွက်ပြေးလာတဲ့ကျွန်မ ဟာ ယဂ္ဂဲနဲ့ သူမရဲ့သားတို့ကို ကောင်းကင်တမန်က ကူညီစောင့် ရှောက်ခဲ့ပါတယ်။ ဒုတိယ ရည်ရွယ်ချက်ကတော့ စက်သားအဖြစ် ဘုရားသခင်ရဲ့ သတင်းစကားကို လူတွေဆီ ကြားပြောဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုလာတင်း ဘာသာစကားနဲ့ Angeli ဂရိဘာသာစကားနဲ့ Aggeloi လို့ခေါ်ပြီးအင်္ဂလိပ် လိုတော့ messenger လို့ခေါ်ပါတယ်။

ကောင်းကင် တမန်တွေအနေနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဘယ္လို ထမ်းဆောင်ခဲ့ကြသလဲ၊ လူသားတွေ အတွက် ဘာတွေ လုပ်ပေးခဲ့ကြသလဲ လို့ လေ့လာကြည့်တဲ့အခါ ဓမ္မဟောင်းကျမ်းမှာ သူတို့ရဲ့ တာ၀န်၀တ္တရား (၅)ရပ္ကို တွေ့ရပါတယ်။

၁။ ကောင်းကင်တမန်တွေဟာ ထာ၀ရဘုရားထံပါးမှာ ခစားကြတဲ့ ကောင်းကင် ဗိုလ်ခြေတွေ ဖြစ်ကြတယ်။ တရား ၄း၁၉၊ ယောရှုမှတ်စာ ၅း၁၄ တ-ဓမ္မ ၂၂း၁၉၊ ဆာလံ ၁၀၃း၂၀၊ ၁၄၈း၂

၂။ ကောင်းကင်တမန်တွေဟာ ထာ၀ရဘုရား၏ သန့်ရှင်းသောသူများ ဖြစ်ကြတယ် ဆာလံ ၂၉း၁၊ ၈၉း၆-၇၊ ယောဘ၁း၆၊ ၂း၁၊ ၅း၁၊ ၃၈း၇၊ ဒံယေလ ၈း၁၃

၃။ ကောင်းကင်တမန်တွေစာ လူပုဂ္ဂိုလ်၊ နေရာဒေသတွေကို ကာကွယ် စောင့်ရှောက်ရသူတွေ ဖြစ်ပါတယ်။ ဆာလံ ၉၁း၁၁၊ ဒံယေလ ၁၀း၁၂၊ တိုးဘိယ ၁၂း၁၅

၄။ ဘုရားသခင်နှင့် ပရောဖက်တွေကြားမှာ ဆက်သွယ်ပေး သူများဖြစ်ကြပါတယ် ထွက် ၃း၂၊ တရားသူကြီး ၆း၁၄၊ ၁၃း၂၂၊ ဇာခရိ ၁း၇-၆း၁၅၊ ဒံယေလ ၈း၁၆...၊

၅။ ကောင်းကင် တမန်တော်တွေဟာ ဘုရားရဲ့အမိန့်တော် အတိုင်း ကောင်းသူကိုကယ်ပြီး မကောင်းသူကို ကယ်တင်ကြသူများ ဖြစ်ကြပါတယ်။

ကမ်ဘာ ၁၉း၁...၊ ထွက် ၁၄း၁၉၊ ၂၃း၂၀၊ ၃၃း၂၊ ၁၂း၂၃၊ တော ၂၁း၆-၈၊ ဒု-ဓမ္မ ၂၄း၁၆...၊ စ-ဓမ္မ ၂၂း၁၉...

ဓမ္မသစ်မှာလည်း သူတို့ရဲ့တာ၀န်၀တ္တရား (၅)မျိုး ရှိကြောင်းတွေ့ရပါတယ်။

၁။ ကောင်းကင် တမန်တွေဟာ ဘုရားသခင် မိန့်မှာတဲ့ သတင်း စကားကို ပြောကြားရပါတယ်။ မာတေဦး ၁း၂၀၊ ၂း၁၃၊၁၉ လု ၁း၁၁...၊ ၂၆...၊ ၂း၉...၊ ဂလာတိ ၃း၁၉၊ ဟေ၁း၄၊ ၂း၂

၂။ ကောင်းကင် တမန်တွေဟာ ဘုရားသခင်ရဲ့ သားသမီးတွေကို ကာကွယ် စောင့်ရှောက်ပေးကြပါတယ်။

မာတေဦး ၄း၁၁၊ ၁၈း၁၀၊ မာကု ၁း၁၃၊ လု ၂၂း၄၃၊ တမန် ၅း၁၉၊ ၁၂း၇

၃။ ကောင်းကင်တမန်တွေဟာ ထာ၀ရဘုရားထံမွာ ခစားကြရပါတယ်။

မာတေဦး ၂၄း၃၆၊ လု ၁၂း၈၊ ၁၅း၁၀၊ ၁ကော ၁၁း၁၀

၄။ ကောင်းကင် တမန်တွေဟာ တရားမျှတခြင်းကို အကောင် အထည်ဖော်ရသူတွေ ဖြစ်ပါတယ်။

မာတေဦး ၁၃း၄၁-၄၉၊ ၁၆း၂၇၊ ၂၄း၃၁၊ မာကု ၈း၃၈၊ ၁၃း၂၇၊ လု ၉း၂၆၊ တမန် ၁၂း၂၃၊ ဒုသက္သာ ၁း၇၊ ပ-တီမော၅း၂၁

၅။ ကောင်းကင်တမန်တွေဟာ သခင်ယေဇူးရဲ့ ရှင်ပြန်ထ မြောက်ခြင်းကို သက်သေခံကြသူများ ဖြစ်ပါတယ်။

မာတေဦး ၂၈း၂၊ လု ၂၄း၂၃၊ ယော ၂၀း၁၂၊ တမန် ၈း၂၆၊ ၁၀း၃...၊ ၂၇း၂၃၊ ပ-ကော ၄း၉

ကောင်းကင်တမန်တော်တွေဟာ ခေတ်အဆက်ဆက် မွာ ဘုရားသခင် ပေးအပ်တော်မူတဲ့ တာ၀န်၀တ္တရားတွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး လူသားတွေကို အကျိုးပြုခဲ့ကြ သလို ဆက်လက်ပြီးတော့လည်း ကူညီ စောင့်ရှောက်နေကြမှာ အမှန်ပါပဲ၊။ ဒီကောင်းကင်တမန်တော်တွေ ထဲက အထင်ရှား ဆုံး သိကြားမင်း (၃) ပါးအကြောင်းကိုေ၀မျှလိုက်ပါတယ်။

(St. Michael)

စိန္မိုက္ကယ္ဆိုတဲ့ အမည်ဟာ ဟေ ဗြဲ ဘာသာစကား အားဖြင့် "ဘုရားသခင်နှင့် မည်သူတူနိုင်မည် နည်း။" လို့ အဓိပ္ပါယ်ရပါတယ်။ ဒီစကားဟာ စာတန္နတ္ဆိုး ကိုတိုက်ခိုက်နှိမ်နင်း ပြီးကောင်းကင်က နှစ်ချစဉ်ကျွေးကြော် ခဲ့တဲ့ကျွေးကြော်သံဖြစ်ပါတယ်။ ဒံယေလ ၁၀း၁၃၊ ၂၁ အရ စိန်မိုက်ကယ်ဟာ ပြည်တော်ပြန်ကြတဲ့ အီဇရာလူမျိုးတွေကို ကာကွယ် စောင့်ရှောက်ပေးတဲ့၊ မကြာဘဲ ညီအစ်ကိုများကို အောင်ပွဲရစေခဲ့တဲ့ ကောင်းကင်တမန်တော် ဖြစ်ပါတယ်။ ရှေးဦး ခရစ်ယာန်တွေဟာ ရောဂါ ေ၀ဒနာတွေသက်သာ ပျောက်ကင်းဖို့ရာ စိန္မိုက္ကယ္ကို အားကိုးခဲ့ကြပါတယ်။ ကော်လောစေမြို့နားက ဆေးဖက်၀င် စမ်းရေကိုချိုးပြီး ပုဂ္ဂိုလ် သုံးပါးတဆူဘုရားနဲ့ စိန်မိုက်ကယ်ရဲ့အမည်ကိုခေါ်တသူတွေ ဟာ ရောဂါ ပျောက်ကင်းချမ်းသာကြသလို ကွန်စတန်တီနိုပယ် မြို့နားမှာရှိတဲ့ စိန်မိုက်ကယ်ဘုရားကျောင်းမှာလည်း ေ၀ဒနာ ရှင်တွေဟာ ကုသခံရဖို့ မျှော်လင့်ချက်နဲ့ ညအိပ်တည်းခို စောင့်မျှော်လေ့ ရှိခဲ့ကြပါတယ်။

ရှေးထုံးစဉ်လာအရ စိန်မိုက်ကယ်ဟာ-နတ္ဆိုးကို နှိမ်နင်းတိုက်ခိုက်ရန်

-သေ၀နီးပါးရှိသူတို့ရဲ့ ၀ိညဉ်များကိုနတ်ဆိုးရဲ့လက်မှကယ် တင်ရန်

-သန့်ရှင်းသောအသင်းတော်ကိုစောင့်ရှောက်မှုင်းမရန်နဲ့

-၀ညာဉ်များကို တရားစီရင်ခြင်းသို့ပို့ဆောင်ရန်ဆိုပြီး အဓိက တာ၀န်ကြီးလေးရပ် ပေးအပ်ခံရတယ်လို့ ဆိုပါတယ်။ Ancမြို့မှ St.Joan ကို လမ်းညွှန် ဦးဆောင်ရာမှာလည်း စိန်မိုက်ကယ်ပါ၀င်ခဲ့ပါတယ်။

စက်တင်ဘာ (၂၉)ရက်နေ့ဟာ ရောမအင်ပါယာ မှာ (၆) ရာစုနှစ်တုံးက "စိန်မိုက်ကယ်နှင့် ကောင်းကင်တမန် များ" ဘွဲ့ခံဘာစီလီဟာ ကျောင်းတော်ကြီးကို ရေစက်ချ လှူဒါန်းတဲ့နေ့ ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းတော်ကြီး တွေပျက်စီးခဲ့တာ ခုဆိုနှစ်ပေါင်း ထောင်ကျော်ကြားခဲ့ပါပြီ။ အင်္ဂလန်နိုင်ငံမှာတော့ စိန်မိုက်ကယ် အမှတ်တရနေ့ ဆိုတာဟာ ချေးငှါးပေါင်နှံထားသမျှကို လေးနှစ် တစ်ကြိမ် စာရင်းရှင်းရတဲ့နေ့ ဖြစ်ပါတယ်။ စိန္မိုက္ကယ္ကို တောင်ကုနး်တောင်တန်းများကို ကာကွယ်စောင့်ရှောက်သူ၊ ကုန်စုံဆိုင်ရောင်းသူများကို မှိုင်းမသူအဖြစ်နဲ့ ယုံကြည်အား ကိုးကြပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကိ ုကာကွယ်စောင် ရှောက်ရတဲ့ အထူးကိုယ်စောင့်သိကြား ဖြစ်သလို St.Eutropius ရဲ့ အဆိုအရ ကိုယ်တော်မြတ် စက္ကမင်တူးကို ကာကွယ်တဲ့ ကောင်းကင်တမန်မင်းလည်း ဖြစ်ပါတယ်။

(St. Raphael)

သူရဲ့ အမည်ဟာ ဟေဗြူး စကားအားဖြင့် "ဘုရား သခင်ကုသတော်မူ၏" ကို အဓိပ္ပါယ်ရပါတယ်။ ကိုယ်တိုင် တိုးဘိယကို ပြောပြချက်အရ (တိုးဘိယ ၁၂း၁၅) ဘုရားသခင်ရှေ့မှာ အမြဲခစားရတဲ့ ကောင်းကင်တမန် (၇)ပါးထဲက (၁)ပါး ဖြစ်ပါတယ်။ တိုးဘိယ၀တ္ထု၁၁း၇-၁၇မှာ တိုးဘိယရဲ့မျက်စိ ကိုအလင်းရစေခဲ့ပြီး သားတိုးဘိယMeria ကိုသွားတဲ့လမ်း ခရီး မှာလည်း ကူညီစောင်မခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုခရီးသွားများနဲ့ ငယ်ရွယ်အပြစ်ကင်းသူများကို စောင့်ရှောက်သူ အဖြစ် ရိုသေလေးစား ကြပါတယ်။

ဧဝံဂေလိကျမ်းစာ Probatica ရေအိုင်ရဲ့မျက်နှာဖြင့် လှုတ်ရှားတဲ့အခါ ပထမဆုံး ရေထဲဆင်းတဲ့ ေ၀ဒနာရှင် ရောဂါ ပျောက်ကင်းတယ်လို့ ဆိုပါတယ်။ ရေမျက်နှာပြင်လှုတ်ရှား ရခြင်းက သိကြားတမန် ရာဖာအဲလ် ဆင်းဆင်းသက်လို့ဖြစ် တယ်။

အရှေ့တိုင်း အသင်းတော်ဟာ သူကို AD (၁၀၀၀) ခန့်ကတည်းက ဂုဏ်ပြုခဲ့ကြပေမယ့် ဒီဓေလ့ဟာ အသင်း တော်တခုလုံးကို ၁၉၂၂ နောက်ပိုင်းမျ ပျံ့နှံ့ခဲ့ပါတယ်။ Dubuque ဂိုဏ်းချုပ်သာသနာနယ်ဟာ စိန်ရာဖာအဲလ် ကိုနှံထားပါတယ်။

(St. Gabriel)

ဟေဗြူးစကားအရ ''ဘုရားသခင်၏တန်ခိုးတော်" လို့ အဓိပ္ပါယ်ရပါတယ်။ သမ္မာကျမ်းစာနဲ့ ၀တ်ပြုကိုးကွယ်ခြင်း စာသားတွေမှာ အမည်ဖော်ပြခံရတဲ့ ကောင်းကင်တမန်တစ်ပါး လည်းဖြစ်ပါတယ်။ ဘုရားသခင်ရှေ့မှာ အစဉ်အမြဲခစားရတဲ့ (၇) ပါးထဲမှာလည်းပါ၀င်ပြီး ၀မ်းမြောက်စရာ (သို့) အားပေး နှစ်သိမ့်တဲ့ သတင်းစကားကို ကြားရသူဖြစ်ပါတယ်။ ဒံယေလ အခန်းကြီး (၈) မွာ သိုးထီးပုံ နမိတ်လက္ခဏာဟာ အလက်ဇန္ဒား ဘုရင်ကြီးလကထက် ပါရှန်အင်ပါယာ ကျဆုံးမယ့်အဓိပ္ပါယ် ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အခန်းကြီး (၉) မှာတော့နောင် နှစ်ပေါင်း ( ၄၉၀ ) ကြာရင် မက်ဆီးယားရှင် ဖွါးမြင်မယ်လို့ ကြိုတင်ဟောကြားခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။ ဓမ္မသစ်မှာတော့ ဇာခရိကိုသံယောဟန် ဗတ္တိစတားရဲ့ ဖခင် ဖြစ်မယ့်အကြောင်း (သံလုကား ၁း၈-၂၀) ကညာမာရီးယား ကို သန့်ရှင်းသော၀ိညာဉ်တော်အားဖြင့် ပဋိသနေ္ဓစွဲယူမယ့် အကြောင်း (သံလူကား ၁း၂၆-၃၈)၊ ကြားပြောခဲ့ပါတယ်။

ဂျူးလူမျိုးတွေရဲ့ ထုံးစံမှာ တမန်တာ်ဂါဗြီအဲလ်ကို "တရားမျှတခြင်း၏ တမန်တော်" ကောင်းကင်သုခခံစားရမယ့် သူတွေကို ရွေးချယ်ခေါ်ဆောင်သူအဖြစ် ယုံကြည်ထားကြပါတယ်။ ခရစ်ယာန် ရှေးထုံးစဉ်လာမှာလည်း သိုးထိန်းများကို ကယ်တင် ရှင်ဖွါးမြင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးသူ၊ မိသားစုနဲ့ အတူ အီဂျစ်ပြည်ကိုထွက်ပြေးဖို့ သံဇူဇယ္ကို အိပ်မက်ပေးသူ ဂျက်ဆီမာနီဥယျာဉ်မှာ သခင်ယေဇူးကို အားပေး နှစ်သိမ့်သူ ဟာ တမန်တော် ဂါဗြီအဲလ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

တမန်တော်ဂါဗြီအဲလ်ကို ကောင်းကင်တမန်အပေါင်း တို့ရဲ့ ခေါင်းဆောင်အဖြစ် ယုံကြည်ကြပါကြောင်းနဲ့ သူ့ထံမှ ဗျာဒိတ် ရူပါရုံခံစားရပါကြောင်း မိုဟာမက္က ၀န်ခံခဲ့ပါတယ်။

"ကောင်းကင် တမန်များကို အဖော်ပြုပါ၊ ဘယ်လောက်ပဲအားနည်းပါစေ ဘယ်လောက်ပဲ၀မ်းနည်းစရာ ကောင်းပါစေ၊ ဘယ်လောက်ပဲဒုက္ခတွေ ၀ိုင်းရံနေပါစေ ကောင်းကင် တမန်တော်ရဲ့ ကာကွယ်မှုအောက်မှာ ကြောက်စရာမရှိပါဘူး" လို့ St.Bernard ကမြွက်ကြားခဲ့ပါတယ်။

Ref; Theological Dictionary

Daily Saint Companion

Crd! ခံပွင့်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စက်တင်ဘာ (29) ရက်

ယနေ့သာသနာတော်ကအမှတ်ရကျင်းပသောပွဲနေ့ရှင်များ ယနေ့စက်တင်ဘာလ (၂၉) ရက်သည်၊ ကောင်းကင်တမန်တော် ကြီး များဖြစ်သော၊ မိုက်ကယ်၊ ဂါဗြီ အဲယ်နှင့်၊ ရာဖာအဲယ်တို့၏ပွဲနေ့ဖြစ်ပါသည်။ ဤကောင်းကင်တမန် (၃) ပါးတို့၏၊ လုပ် ဆောင်ချက်များကို၊ သမ္မာ ကျမ်းစာထဲတွင်၊ ရှင်လင်းစွာမြင်တွေ့ဖတ်ရူ့နိုင်ပါသည်။

မိုက်ကယ်

မိုက်ကယ်အမည်နာမကို၊လူတို့၏အမည်နာမအဖြစ်လည်းကောင်း (တောလည်ရာကျမ်း ၁၃း၁၃၊ ဓမ္မရာဇ၀င်ချုပ်ပထမစောင် ၅း၁၃၊ ၁၄၊ ၆း၄၀၊ ၇း၃၊ ၈း၁၆၁၂း၂၀၊ ၂၇း၁၈၊ ဓမ္မရာဇာ၀င်ဒုတိယစောင် ၂း၂၊ ဧဇရာ ၈း၈၊)၊ ဤအမည်ဖြင့်၊ဓမ္မဟောင်းကျမ်းစာ ဍ် ဘုရင်တစ်ပါးလည်းရှိပါသည်။ (ဒါနီအဲလ် ၁၀း၁၃၊ ၂၁၊ ၁၂း၁)ထို့အတူကောင်းကင်တမန်ချုပ်အဖြစ်လည်းဖော်ပြထားပါ သည်။ (တရားသူကြီးမှတ်စာ ၁း၉၊ ဗျာဒိတ် တော်ကျမ်း ၁၂း၇) သူသည်၊ မှားယွင်းသောတရားတော်များ၊ မကောင်းဆိုးဝါးများ ၊ အဖျက်အမှောက်များ၏အန္တာ ရယ် မှလွှတ်မြောက်အောင်၊ ကူညီကယ်တင်ပေးခဲ့သူဖြစ်ပါသည်။ မိုက်ကယ်၏အနက်မှာ၊ ‘အဘယ်သူသည်၊ ဘုရားသခင် နှင့်ဆိုင်သနည်း’ ဟုဆိုလိုပါသည်။

ဂါဗြီအဲလ်

ဂါဗြီအဲယ်၏အနက်မှာ၊ သတင်းဆောင်သူဟုဆိုလိုပါသည်။ ထို့ကြောင့်၊ သူ့အား၊ သတင်းများကြား ပြောရာဍ်တွေ့ရလေ့ ရှိပါ သည်။ (ဒါနီအဲယ်လ် ၈း၁၆) ဓမ္မဟောင်းကျမ်းစာတော်မြတ်ဍ်၊ သိကြားတမန်တော်များ ကို၊ ကောင်းကင်တ မန်တော် ဟူ၍ လည်းကောင်း၊ ဘုရား၏လူဟု၍လည်းကောင်း၊ ခေါ်ဝေါ် သုံးနှုန်းလေ့ရှိပါသည်။ (ဒါနီ အဲယ်လ် ၉း၂၁၊ တရားသူကြီး ၁၃း၆၊ ၈၊ ဓမ္မရာဇာ၀င်ပစောင် ၂း၂၇) ဆေးကြောခြင်းဆရာ ယောဟန်မွေးဖွားခြင်းအ ကြောင်း၊ လာရောက်အမိန့်တော် ပြန်ခဲ့သူ၊ (ရှင်လုကာ ၁း၁၉) သခင်ခရစ်တော်၏၊ လူ့အဖြစ်ယူမည့်သတင်းကောင်း ကိုအမိန့်ပြန်ခဲ့သူလည်းဖြစ်ပါသည်။ (သံလုကာ ၁း၂၆) သတင်းကောင်းများကြားလို၊ မျှော်လင့်နေသော်၊ သူ့၏ကြား ၀င်ဆုတောင်းခြင်းကို၊ တောင်းခံလေ့ရှိ ကြပါသည်။

ရာဖာအဲယ်လ်

ရာဖာအဲယ်လ်သည်၊ ကျမ်းစာတော်မြတ်ဍ်၊ အတွေ့ရနည်းပါးသောကောင်း ကင်တမန်တော်ချုပ်တစ်ပါး ဖြစ်ပါသည်။ သူ့အား တွေ့ နိုင်သောကျမ်းစာတော်မြတ်မှာ၊ ကျွန်ုပ်တို့၏သင်းကွဲခရစ်ယာန်ညီအစ်ကိုများ လက်မခံသော ကျမ်း (ပယ်ကျမ်း ဟုလွယ် လွယ်ကူစွာတပ်ခေါ်လေ့ရှိ) စာမျာအနက်၊ တိုဘိ၀တ္ထုဍ်သာ၊ သူ၏လုပ်ဆောင်ချက် များ ကိုမြင် တွေ့ရပါသည်။ သားဖြစ်သူ၊ တိုဘီးယာသည်၊ မသိမရင်းနှီးသော၊ အရပ်တစ်ပါး သို့သွား၍၊ ရရန်ကျန်သောကြွေးမှီများ ကိုသွားရောက် တောင်းခံစေခဲ့ပါ သည်။ (တိုဘိ ၉း၁-၅) ထိုခရီးသို့အတူလိုက်ပါရန်၊ ရာဖာအဲယ်လ်စေလွှတ် ခြင်းခံခဲ့ ရ ပါသည်။ (တိုဘိ ၅း၄) သူသည်၊ ငါးကြီး ၏သည်းဖြေဖြင့်၊ အမြင်အာရုံဆုံးနေသောတိုဘိအား၊ အမြင်အာရုံပြန် လည်ရရှိ လာရန်၊ ကုသပေးခဲ့ပါသည်။ (တိုဘိ ၃း၁၇၊ ၁၁း၂-၇) ရာဖာအဲယ်လ်သည်၊ ထိုခရီးစဉ်ဍ်တိုဘိ၏အမြင်အာ ရုံကိုပြန် လည်မြင်လာ အောင် ကုသပေးခြင်း၊ တိုဘီးယာနှင့်ခ ရီး စဆုံးသွားခဲ့သည့်အပြင်၊ တိုဘီးယာအတွက်၊ အိမ်ထောင်ဖက် ကိုလည်းရှာဖွေပေးခဲ့ပါသည်။ (တိုဘိ ၆း၁၁-၈း၂၀) ရာဖာ အဲယ်လ် က၊ မိမိသည်ဘုရားရှေ့ဍ်အခစား၀င်နေသော၊ ကောင်းကင်တမန် (၇) ပါးအနက်တစ် ပါးဖြစ်ကြောင်း၊ ခရီးဆုံး မှ ထုတ်ဖော်ပြောပါသည်။ (တိုဘိ ၁၂း၁၅) ရာဖာအဲယ်လ် ၏အနက်ကား၊ ဆေးဆရာဟုဆိုလိုပါသည်။ (၅) ရာစု၊ ရောမမြို့  ၏အရှေ့တောင်၌ ကောင်းကင်တမန်တော်၊ မိုက်ကယ်အားရည်းစူးပြီး၊ ဆောက်လုပ်သောဘုရားကျောင်းတော်ကြီးအား၊ ကောင်းကြီးပေးခဲ့သော၊ နှစ်ပတ်လည်နေ့ကို၊ အမှတ်ရကျင်းပခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့လည်းစိန့်မိုက်ကယ်၊ စိန့်ဂေဗြဲယ်နှင့်စိန့်ရာဖာအဲလ်နတို့ကဲ့သို့မကောင်းမူကိုကာကွယ်ပေးသူ၊ နှစ်သိမ့်မူကိုဆောင်ယူ ပေးတတ်သူ၊ ဝေဒနာအမျိုးမျိုးကိုခံစားနေရသူများအားသက်သာရာရအောင်တနည်းနည်းဖြင့်၊ ပြုစု၊ လုပ်ဆောင်ပေးတတ်သူ ဖြစ်ရန်ကြိုးစားကြပါစို့။ မိုက်ကယ်၊ ဂေဗြဲယ်နှင့်၊ ရာဖာအဲလ်အမည်ခံထားသောသူများအားလုံးအတွက်ဆုတောင်းပေးကြပါ။

Add new comment

10 + 0 =