ကောင်းကင်တမန်တော်များ

Angel ဆိုတာ ဘုရားနဲ့လူကြားဆက်သွယ်ပေးပြီး ဘုရားရှင်ရဲ့သတင်းစကားတော်တွေကို လူတွေထံသယ်ဆောင်ပေးကာ
ဘုရားရှင်မျက်မှောက်မှာအစဉ်ခစားခွင့် ချီးမွမ်းထောပနာပြုခွင့်၊
အစေခံခွင့်ရတဲ့သူတွေ
Archangel ဆိုတာကတော့ ဘုရားရှင်ရဲ့အထူးစီမံကိန်းတော်တွေ
လုပ်ငန်းတော်တွေကို အောင်မြင်အောင်ပံံ့ပိုးကြတဲ့သိကြားတမန်တွေဖြစ်ပါတယ်။

ကောင်းကင်တမန်များ

၀ိညာဉ်များသာရှိသော ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီး မတည်ရှိမှီက ပင်အမြင့်ဆုံးအဆင့်အတန်းအဖြစ် ဘုရားသခင်ဖန်ဆင်းခဲ့သည်။ သူတို့သည် ရုပ်ခန္ဓာမ ရှိဘဲသေခြင်းကင်းသော ၀ိညာဉ်များဖြစ်ကြသည်။ သူတို့၏အမည်နာမများသည် သူတို့၏ လုပ်ဆောင်မှုလုပ်ငန်းအရ ဘုရားသခင်ထံမှရရှိခဲ့သည်။

               ဘုရားသခင်နှင့်တူသောဟု အမည်ရသော မီကာအဲလ်သည် နတ်ဆိုးများ ကိုတိုက်ခိုက်ရန် တာဝန်ပေးခံရပြီး ဘုရားသခင်၏အာဏာကို လုယူမည်ပြုသောလူစီဖဲ ကိုသုခချမ်းသာဘုံမှ နှင်ထုတ်ရန်စေခိုင်းခြင်းခံရသည်။ ထို့နောက် ကောင်းကင်၌စစ်ဖြစ် ၏။ မီကာအဲလ်နှင့် သူ၏ကောင်းကင်တမန်များတို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏နေစရာမရှိ။ (ဗျာဒိတ် ၁၂းရ) မီကာအဲလ်သည် ကျွနု်ပ်တို့နေ့စဉ်နတ်ဆိုးနှင့် ရုန်းကန် တိုက်ိခိုက်ရသောအချိန်တွင် ကျွနု်ပ်တို့ကိုကူညီပေးနေသည်။ “ ၎င်းမိစ္ဆာနတ်ဆိုးတို့သည် ကမ္ဘာကုန်သည့်အချိန်တွင် စစ်ရှုံးခြင်းရောက်လိမ့်မည်” ဟုဗျာဒိတ်ကျမ်းတွင် ဖော်ပြထား သည်။ (ဗျာဒိ်တ် ၂ဝး၁၀)

               သိကြားမင်းဂါပြီအဲလ်(ဘုရားသခင်၏ တန်ခိုးတော်)သည် ဘုရားသခင်၏ ကြီးမြတ်လှသော တန်ခိုးအာဏာကိုကြေငြာရန် ထာဝန်ပေးခြင်းခံရသည်။ သူသည် ကညာစင်မာရီးယားထံသို့ သခင်ယေဇူး၏ဖွားမြင်ခြင်းကို ကြားပြောခဲ့ရသူဖြစ်သည်။ မယ်တော်သည် သူမအပျိုကညာသာဖြစ်ကြောင်း ပြောကြားသောအခါ သိကြားမင်း ဂါဗြီအဲလ်သည် “ ဘုရားသခင်မတတ်နိုင်သောအရာမရှိပါ” (လုကာ  ၁း၃၇)ဟု ပြန်လည် ပြောကြားခဲ့သည်။ ဂါဗြီအဲလ်သည် ဧဝံဂေလိသတင်းကောင်းကို ဟောပြောသောသူများ ကိုကူညီမှိုင်းမပြီး မျှော်လင့်ချက်ကင်းမဲ့သည့် ပြသနာများနှင့် ရင်ဆိုင်ရသည့်အခါ ကျွနု်ပ် တို့အားကူညီပေးသည်။

               ရာဖာအဲလ် (ဘုရားသခင်၏သမားတော်)သည် ခန္ဓာနှင့်ဝိညာဉ်နာမကျန်း ဖြစ်နေသူများကို ကုသရန်အာဏာအပ်နှင်းခြင်းခံရသည်။ သူသည် တိုးဘိယအား ခရီး တစ်လျှောက်လုံး ကာကွယ်စောင့်ရှောက်ခဲ့ပြီး တိုးဘိယ၏ မင်္ဂလာဦးညတွင်လည်း နတ်ဆိုး၏ရန်မှ ကာကွယ်ပေးခဲ့သည်။ တိုးဘိယ၏မျက်စိအလင်းကိုလည်း ပြန်မြင်စေခဲ့ သည်။ သူ၏အခြေအနေအဖြစ်မှန်ကို (သိကြားဖြစ်ကြောင်း) ဖော်ပြပြီးနောက် တိုးဘိယ အား ငါသည်ထာဝရဘုရားသခင်၏ ရှေ ့မှောက်တော်၌ ဝင်ရောက်ခစားလျှက်ရှိသည့် သိကြားတမန်ခုနှစ်ပါးအနက် တစ်ပါးဖြစ်သည့် ရာဖာအဲလ်ဖြစ်ကြောင်း” ပြောကြားသွား ခဲ့သည်။ (တိုးဘိယ   ၁၂း၁၄)

 

 

 

Add new comment

7 + 3 =