ကာမဲလ်တောင်မယ်တော်သခင်မနှင့်စိန်လောရင့်စ်

ကာမဲလ်တောင်မယ်တော်သခင်မအ ကြောင်းနှင့်စိန်လောရင့်စ် တို့ရဲ့ အ ကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်

ကာမဲလ်မယ်တော်

               ကာမဲလ်မယ်တော်သည် အစ္စရေးနိုင်ငံအတွင်းရှိ မြေထဲပင်လယ်ကိုမျက်နှာမူသော လှပသည့်အငူစွန်း၌ရှိသော ကာမေလိုက်ရသေ့ကျောင်းနှင့် ရသေ့များကိုစောင့်ရှောက် သောသူဖြစ်သည်။ ပရောဖက်ဧလိယ(၈၅ဝဘီစီ)မှစ၍ ကာမဲလ်တောင်သည် သန့်ရှင်း သောနေရာ၊ ဘုရားသခင်အပေါ် လူတို့သစ္စာရှိသောလက္ခဏာအဖြစ်သတ်မှတ်ခြင်းခံ ခဲ့ရသည်။ ထိုနေရာတွင် ဧလိယပရောဖက်က ဘာလ်နတ်ဘုရားအပေါ်ထာဝရဘုရား၏ တန်ခိုးအာဏာစက်ရှိကြောင်း အီစရာအဲလ်လူမျိုးတို့အားပြသရန် စုဝေးစေခဲ့သည်။ သက္ကရာဇ် ၁၁၅ဝခုနှစ်တွင် သံဘဲထို့လ်သည် ဘုရားမယ်တော်၏စောင့်ရှောက်မှု အောက်တွင်ထားလျှက် ကာမေလိုက်ဂိုဏ်းကိုတည်ထောင်ခဲ့သည်။ ဆင်းရဲခြင်းပါရမီ အသားရှောင်ခြင်း၊ ဆိပ်ငြိမ်ခြင်းစသောတင်းကျပ်သည့် ဥပဒေများကိုပြဌာန်းခဲ့သည်။ ခရူးဆိတ်စစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်းတွင် သံစီမုန်စတော့သည် တမန်တော်လုပ်ငန်းကို လုပ်ဆောင်ရာ၌ ပို၍လွယ်ကူချောမောစေရန် ကာမေလိုက်ဂိုဏ်းကိုတောင်းရမ်းစားသော ရဟန်းဂိုဏ်းအဖြစ်သို့ ပြန်လည်ဖွဲ့စည်းမွမ်းမံခဲ့သည်။

               ၁၆ရာစုအတွင်း၌ Calced Carmelites ခေါ်သံစီမုန်စတော့၏ လျော့ရဲသော စည်းကမ်းကိုလိုက်နာသောသူများနှင့် Discaled Carmelites ခေါ်သံဂျွန် (ခရူးစူးတံကျင် ၏ဂျွန်)၏ ပြုပြင်ပြောင်းလဲမှုနောက်သို့ လိုက်သောသူများဟူ၍ ကွဲသွားခဲ့သည်။ ကာမေလိုက်သီလရှင်ဂိုဏ်းများထဲတွင် ၁၆ရာစုတွင် အဗီးလာမှ သံသာထရေဇားတည် ထောင်ခဲ့သော Discaled Carmelites ဂိုဏ်းသည် အကောင်းဆုံးဖြစ်သည်။ ကာမဲလ် တောင်စကာပူလာ ကိုကြည်ညိုသဒ္ဓါပွားခြင်းသည် မယ်တော်ပေးခဲ့သော ဗျာဒိတ်တော် အပေါ်အခြေခံလျက််ရှိသည်။ ၁၂၅၁ခုနှစ်တွင် ဇူလိုင်လ ၁၆ရက်နေ့တွင် မွန်မြတ်သော မယ်တော်သည် အင်္ဂလန်နိုင်ငံကမ်းဘရိတ်ရှိ ကာမေလိုက်ဂိုဏ်း၏အကြီးအကဲဖြစ်သူ သံစီရိန်စတော့အား ထင်ရှားပြခဲ့သည်။ မယ်တော်သည် သူ့အားအညိုရောင်စကာပူလာ ကိုပေးအပ်ခဲ့ပြီး၊ ဤစကာပူလာကိုဝတ်ဆင်သူတိုင်းသည် အထူးစောင့်ရှောက်ခြင်းခံရ သည်သာမက ကောင်းကင်နှင့်ဆိုင်သော ကျေးဇူးတော်များကိုလည်း ရရှိလိမ့်မည် ဟု ပြောခဲ့သည်။ ထိုနောက်ပိုင်းတွင် ဤသဒ္ဓါကြည်ညိုခြင်းသည် ဥရောပတခွင်လုံး၌ပျံ ့နှံ့ သွားလေသည်။

 

 

#goodness #saintandhero

Add new comment

10 + 5 =