စိန့် ပီတာဂဲနီးရှပ်စ် (St. Perter Canisius, SJ) ဒီဇင်ဘာ(၂၁):    

 စိန့် ပီတာဂဲနီးရှပ်စ် (St. Perter Canisius, SJ) ဒီဇင်ဘာ(၂၁):    

စိန့်ပီတာဂဲနီးရှပ်စ်ဟာ ကက်သလစ်အသင်းတော်ရဲ့ ဓမ္မသုခမိန် တစ်ပါးအပါအဝင်ဖြစ်ပြီး ဂျာမနီနိုင်ငံ ပုံနှိပ်လုပ်ကိုင်သူများကို စောင့်ရှောက်တဲ့ ရဟန္တာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ကက်သလစ်အသင်းတော် ပြန်လည် ဦးမော့လာအောင် အသက်သွင်းနိုင်ခဲ့တာကြောင့် ဂျာမနီနိုင်ငံရဲ့ ဒုတိယတမန်တော်အဖြစ် ခေါ်ဆိုကြပါတယ်။

သူ့ကို ၁၅၂၁ခုနှစ်၊ မေလ ၆-ရက်န့ နယ်သာလန်နိုင်ငံ၊ နမ်မီဂန်တွင် မွေးဖွား ခဲ့ပါတယ်။ သူ့အသက် ၁၉-နှစ်မှာ ကောလွန်တက္ကသိုလ်မှာ မဟာဘွဲ့ ရရှိခဲ့ပြီ’နောက် ဂျက်ဇွစ်အသင်းဂိုဏ်းကို ဝင်ရောက် ခဲ့ပါတယ်။ ၁၅၄၆-ခုနှစ်မှာ ရဟန်းသိက္ခာ ခံယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျာမနီနိုင်ငံကို စေလွှတ်ခြင်းခံခဲ့ရပြီး နှစ်ပေါင်းများစွာ အမိကက်သလစ် အသင်းတော်ရဲ့ ရပ်တည်ချက်များ၊ သွန်သင်ချက်များအကြောင်း ဟောပြောခြင်း၊ စာပေရေးသားခြင်းဖြင့် ထိထိရောက်ရောက် ဦးဆောင်ခဲ့ပါတယ်။

၁၆-ရာစုအချိန်က အသင်းတော်ကနေခွဲထွက်တဲ့ မာတင်လူသာနဲ့ အဖွဲ့သားများက ကက်သလစ် အသင်းတော်ကို အမျိုးမျိုး ငြင်းခုံတိုက်ခိုက်ခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ စိန့်ပီတာဂဲနီးရှပ်စ်ဟာ ဉာဏ်အမြော်အမြင် ကြီးမားစွာနဲ့ စိတ်ရှည်ရှည်ထားပြီး ချစ်ခြင်းမေတ္ဆာ ရှေ့ထားကာ အစွန့်မရောက်တဲ့နည်းတွေကို အသုံးပြုပြီး နှစ်ပေါင်း များစွာ ကြိုးစား ရပ်တည် ပေးခဲ့ပါတယ်။ သူဟာ အကျဥ်းထောင်ကျခံရသူများနဲ့ ဖျားနာသောသူများထံ စိတ်အားထက်သန်စွာ မကြာခဏ သွားရောက် ကူညီပေးခဲ့ပါတယ်။ ကော်လိပ်ကျောင်းတွေကို ဖွင့်လှစ်ပြီး ပညာရေးမှာ လူအများ အမြင်ပွင့်လာအောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ စိန့်ပီတာဂဲနီးရှပ်စ် ရေးသားပြုစုခဲ့ပြီး လူအသုံးများတဲ့ စာအုပ်တွေထဲက ဘုရားစကားစာအုပ်ဟာ သာမန်လူတွေ အလွယ်တကူ နားလည်နိုင်တာကြောင့် လူသိများ လာခဲ့ပါတယ်။ သူ့ကို ဗီရာနာရဲ့ ဆရာတော်တင်မြှောက်တာကိုလည်း နှိမ့်ချစွာ ငြင်းဆန်ခဲ့ပါတယ်။

စိန့်ပီတာဂဲနီးရှပ်စ်ဟာ ၁၅၄၇ခုနှစ်၊ ကျင်းပတဲ့ Council of Trent ထရိန့်ဘာသာရေးညီလာခံ အစည်းအဝေးကြီးမှာ သူကိုယ်တိုင် တက်ရောက်ခဲ့ပြီး သူ့ရဲ့ အရေးအသားတွေကို ညီလာခံက လက်ခံကြိုဆို အသုံးပြုခဲ့ပါတယ်။ သူ့ကို ဥရောပနိုင်ငံများရဲ့ အသင်းတော် ပြန်လည် တည်ဆောက်ရေးမှာ အဓိက ပါဝင်လုပ်ဆောင်ခဲ့တဲ့ သာသနာပြု ဘုန်းတော်ကြီးအဖြစ် လူသိများ လာခဲ့တယ်။ သူဟာ ၁၅၉၇-ခုနှစ် နယ်သာလန်နိုင်ငံ နမ်မီဂန်မြို့မှာ ပျံ့လွန် သွားခဲ့ပါတယ်။ Pope Pius XI က စိန့်ပီတာဂဲနီးရှပ်စ်ကို "Doctor of the Church" အဖြစ်တင်မြှောက်ခဲ့ပါတယ်။

စိန့်ပီတာဂဲနီးရှပ်စ်ပွဲနေ့ကို ဧပြီလ (၂၇) သို့မဟုတ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ကျင်းပကြပါတယ်။ သာသနာပြု စိတ်ဓာတ် ပြင်းထန်ပြီး ဇွဲလုံ့လကြီးစွာ အသင်းတော်ကို ပြန်လည်ဦးမော့လာစေခဲ့သော စိန့်ပီတာဂဲနီးရှပ်စ်၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

Photos from google images

Add new comment

4 + 14 =