Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကွန်မြူးနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါး
ကွန်မြူးနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါး
ဇွန်လ၂၊ ၂၀၁၉
ကွန်မြူနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါးကို ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သူတော်မြတ် ၇ ပါးအဖြစ် ၂၀၁၉ ဇွန်လ ၂ ရက်နေ့က ရိုးမေးနီးယာန် ဂရိ ကက်သလစ်ဘာသာဝင်တို့၏ ဘာသာရေး နှင့် ယဉ်ကျေးမှု ဗဟို ဌာနဖြစ်သော တရန်စီဗေးနီးရား နယ် Blaj မြို့တွင် တင်မြှောက်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ယုံကြည်သူဘာသာဝင် တစ်သိန်းကျော် ပါဝင်ခဲ့ပါသည်။
ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ရပါး ကို ကွန်မြူနစ် ဝါဒကျင်သုံးသော အုပ်ချုပ်မှုစနစ်အောက်တွင် ၁၉၄၈ ခုနှစ်က ဖမ်စီးထောင်ချခံခဲ့ရပါသည်။ ပြင်းထန်စွာအလုပ်ခိုင်စေခံရခြင်း၊ အစာရေစာ လုံလောက်စွာမစားသောက်ရခြင်း၊ ပြင်းထန်သောရာသီဥတုဒဏ် ရောဂါဝေဒနာတို့ဖြင့် ထောင်ထဲတွင် ဆရာတော်ခုနှစ်ပါးလုံး သေဆုံးခဲ့ရပါသည်၊ ပို၍ဆိုးဝါးသည်မှာ သူတို့ကို မည်သည့်နေရာတွင်မြုပ်နှံသဂြိုင်္လ်ခဲ့သည်ကိုပင်မသိရှိခဲ့ကြရပါ။
သူတော်မြတ် ရပါး တင်မြှောက်ခြင်းအခမ်းအနားတွင် အသုံးပြုခဲ့သော ထိုင်ခုံသည် ဆရာတော်ကြီးများအား ဖမ်းစီးထောင်ချခဲ့သည် အကျင်းထောင်တွင် ထောင်သားများအိပ်သော သစ်သားကုတင်များမှ သစ်သားများ၊ ထောင်တံခါးတိုင်သစ်သားများဖြင့်ပြုလုပ်ထားသည့်ထိုင်ခုံဖြစ်ပါသည်။
ကွန်မြူနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ရပါးမှာ -
♥ Iuliu Hossu
ရိုမေးနီးယား နိုင်ငံသည် ဆိုဗီယက်တို့လက်ထဲကျရောက်ပြီး Nicolae Ceausescu အုပ်ချုပ်စဉ်ကာလ Iuliu Hossu သည် ရောမမြို့၌ ရဟန်းတို့တက်အပ်သော ဓမ္မသဂြိုင်္ လ်ပညာသင်ကြားစီးပူးအပြီ ပြန်အလာတွင် ဖမ်းစီးခံခဲ့ရပြီး ထောင်ထဲတွင် ၂၂ နှစ်ကြာ နေထိုင်ခဲ့ရပါသည်။ သူရဲ့နောက်ဆုံးစကားမှာ ငါ၏တိုက်ပွဲပြီးပြီ သင်တို့ဆက်လက်တိုက်ကြပါဟု မှာကြားခဲ့ပါသည်။ သူကို ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ်မှ ရဟန်းမင်းအမတ်ကာဒီနယ် အဆင့်သို့ ၁၉၆၉ ခုနှစ်က တင်မြှောက်ပေးခဲခြင်းကိုပင် သိမသွားရှာခဲ့ရပါ။
♥ Vasile Aftenie
Vasile Aftenie သည်လည်ပဲ ရောမမြို့တွင် ရဟန်းတို့တပ်အပ်သော ဓမ္မသဂြိုင်္ လ်ပညာသင်ကြားစီးပူးခဲ့ပါသည်။ သူ ဖမ်းခံရအပြီး တစ်နှစ်ကြာတွင် လူသူအသိနည်းသောအရပ်သို့ပိုဆောင်ခံရပြီး ထိုအရပ်တွင်ပြင်ထန်စွာညှင်းပမ်း်နှိတ်စက်ခံခဲ့ရကာ ထိုဒဏ်ရာများဖြင့် ၁၉၅၀ ခုနှစ်တွင်ပျံလွန်ခဲ့ပါသည်။
♥ Ioan Balan
Ioan Balan ကို ဗာတီကန်ရဟန်းမင်းကြီးရုံးတော်မှ အရှေ့တိုင်းအသင်းတော်များနှင့်ပတ်သက်ပြီး ကာနန်ဥပဒေ အသစ်ရေးဆွဲရန် ၁၉၂၉ ခုနှစ်က ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါသည်။ သူသည်၁၉၄၈ ခုနှစ်က အဖမ်းခံခဲ့ရပြီး ဘာအပြစ်ဒဏ်မှမချမှတ်ပဲ အမှောင်ခန်းတွင် တစ်ဦးတည်း အကျင်းချထားခံခဲ့ရသူဖြစ်ပြီး ၁၉၅၉ တွင်ထောင်တွင်း၌ပျံလွန်ခဲ့ပါသည်။
♥ Valeriu Traian Frentiu
Valeriu Traian Frentiu သည် သက်တော် ၃၇ နှစ်သာရှိသေးသောအရွယ်တွင် ဆရာတော် သိက္ခာအပ်နှင်းခံရသူဖြစ်ပါသည်။ သူသည် ၁၉၄၈ ခုနှစ်တွင်အဖမ်းခံခဲ့ရပြီး သူဘဝတစ်လျောက်လုံး စစ်အကျင်းစခန်းတွင် ထိမ်းသိမ်းထားခံခဲ့ရပြီး ၁၉၅၂ ခုနှစ်တွင်ပျံလွန်ခဲ့ကာ သူ၏အလောင်းအား အမှတ်အသားမရှိသော နေရာတွင် အများ နည်းတူ မြုပ်နှံသဂြိုလ် ခြင်းခံခဲ့ရပါသည်။
♥ Ioan Suciu
Ioan Suciu သည် ၁၉၃၁ ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူခဲ့ပါသည်။ သူသည်လည်းပဲ အဖမ်းခံရပြီး ထောင်ထဲတွင် အစာရေစာ ငတ်မွတ်ခြင်း၊ ရောဂါဝေဒနာ တို့ခံစားရပြီးပျံလွန်ခဲ့ပါသည်။ သခင်ခရစ်တော် နှင့် အသင်းတော်ကို ငါတို့ရောင်းလို့မရဘူး၊ အကျိုးမရှိစကားတွေ၊ အလိမ်အညာတွေနဲ့ ကတိစကာစတွေကို နားမယောင်မိကြစေနဲ့ ဟု သူအဖမ်းမခံရခင် ဘာသာသူများပေးသောစာတွင် ဖော်ပြထားပါသည်။
♥ Tito Liviu Chinezu
Tito Liviu ၁၉၀၄ တွင်မွေးဖွားခဲ့ပါသည်။ သူသည် ထောင်ထဲတွင် သူနှင့်အတူထောင်ကျနေသော ဆရာတော်ကြီးများမှ ဆရာတော်သိက္ခာတင်မြှောက်ပေးခဲ့ပါသည်။ ယင်း ထောင်တွင်း သိက္ခာတင်ခြင်းသတင်းပေါက်ကြားသွားသဖြင့် သူအား တခြားထောင်သို့ပို့ဆောင်ခဲ့ပြီး ယင်းနေရာတွင် အအေးဒဏ် အစာငတ်မွတ်ခြင်းတို့ဖြင့် ပျံလွန်ခဲ့ရပါသည်။
♥ Alexandru Rusu
Alexandru Rusu သည် ၁၉၃၁ တွင် ဆရာတော်သိက္ခာခံယူခဲ့ပါသည်။ သူအားဘာသာတရားသွေးထိုးလှုံစော်မူ့ နိုင်ငံတော် သစ္စာဖောက်မူ့ စွဲချက်များဖြင့် ၁၉၄၈ ခုနှစ်က ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၆၃ ခုနှစ်တွင်ထောင်ထည်း၌ ပျံလွန်တော်မူခဲ့ပြီး ထောင်သချိုင်းတွင် ဘာသာရေးအခန်းအနာမပါပဲ မြုပ်နှံသဂြိုလ် ခြင်းခံခဲ့ရပါသည်။
https://www.vaticannews.va/en/pope/news/2019-06/pope-francis-romania-bea...
#pope, #romania, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment