Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သန့်ရှင်းသောဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးမှုဖြင့် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ၌ အသင်းတော်သည် အသီးအပွင့်တိုးပွားလျှက်ရှိ
သန့်ရှင်းသောဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးမှုဖြင့် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ၌ အသင်းတော်သည် အသီးအပွင့်တိုးပွားလျှက်ရှိ
မေလ ၂၆၊ ၂၀၁၉
အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းမတိုင်မှီ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ လူထုပရိသတ်အား သန့်ရှင်းသောဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးမူဖြင့် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ၌ အသင်းတော်သည် အသီးအပွင့်တိုးပွားလျှက်ရှိ ကြောင်း ဟောကြားခဲ့ပါသည်။
သခင်ခရစ်တော်က သူ၏ နောက်လိုက်များကို သန့်ရှင်းသောဝိညာဉ် ဘုရားအကူအညီဖြင့် ကမ္ဘာအနှံအပြားကို နုတ်ကပတ်တော် ပျံနှံ့ရောက်ရှိရေး ဆက်လက်လမ်းညွန်းပေးနေတယ်၊ သခင်ခရစ်တော်က သူရဲ့အလိုဆန္ဒအားလုံးကို သူရဲ့နောက်လိုက်တပည့်တွေကို မှာထားခဲ့ပြီးသားဖြစ်တယ် အဲ့ဒီမှာကြားထားခဲ့သော အချက်တွေကို ပြည်းမြောက်ပြည့်စုံစေဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ဦးဆောင်လမ်းပြပေးနေခြင်းဖြစ်တယ်။ တဆက်တည်းမှာပဲ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား က သခင်ခရစ်တော်မှာကြားခဲ့တာတွေကို မမေ့လျှော့စေအောင်၊ ပြည့်ဝစုံလင်စွာ နားလည်နိုင်အောင် ကူညီပေးနေတယ်။
အသင်းတော်ရဲ့သာသနာပြုလုပ်ငန်းကို တိကျမှန်ကန်စွာ လျှောက်လှမ်းနေခြင်းဟာ သခင်ခရစ်တော်အပေါ်မှာ အပြည့်အဝယုံကြည်ခြင်း၊ သူရဲ့နုတ်ကပတ်တော်တွေကို စာင့်ထိန်းြခင်း နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းညွှန်မူ အားဖြင့် လုပ်ဆောင်နိုင်ခြင်းဖြစ်တယ်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းညွှန်မူ ကြောင့်သာ ကျွနု်ပ်တို့ တတွေဟာ အသက်ရှင်သောခရစ်တော်ကို တပါးသူများအား တွေ့ဆုံပြောခြင်း၊ ဖွင့်လှစ်ထားသော နှလုံးသားတို့ဖြင့် တပါးသူကို သက်သေခံနိုင်ခြင်းဖြစ်တယ်။ အသင်းတော်ရဲ့ အသက်ဝင်လှုပ်ရှာနေမူဟာ သူဖာသာသူဖြစ်နေခြင်းမဟုတ်ဘူး ဆေးကြောခြင်းခံယူပြီးသူ ဘာသာဝင်တိုင်း၏ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေမူ၌ ရှင်သန်နေခြင်းဖြစ်တယ် ဆိုတာ သိထားရမယ်။ အဲ့တာကြောင့် တို့တတွေ နုတ်ကပတ်တော်ကို နားထောင်ပြီး ယုံကြည်ခြင်းခရီးကို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဦးဆောင်မူနဲ့ လွတ်လပ်စွာရှေ့ဆက်နေကြရမယ်။
ဆက်လက်ပြီး အထူးသဖြင့် ဒီမေလ မယ်တော်၏ လမှာ မယ်တော်သခင်မ ၏ ကာကွယ်စောင့်ရှောက်မူရရှိရန် မယ်တော်အားသဒ္ဓါကြည်ညိုခြင်း ရှိကြဖို့ လိုအပ်ကြောင်း၊ သားတော်ဘုရား လူအဖြစ်ယူခြင်းမှာ အမိမယ်တော်က သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို အပြည့်အဝလက်ခံခဲ့သလို ကျွနု်ပ်တို့လည်း လက်ခံရယူပြီး နုတ်ကပါတ်တော်အသီးအပွင့်များ ဝေဆာနိုင်အောင် ကြိုးစားကြပါစို့။
https://www.vaticannews.va/en/pope/news/2019-05/pope-francis-regina-coel...
#pope, #reginacoeli , #paraclete, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment