Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
မေလ ၂၁၊ ၂၀၁၉
မေလ ၂၁ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်းြကီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သခင်ခရစ်တော် တပည့်တော်ကြီးတွေကို ပေးသနားခဲ့သော ငြိမ်းချမ်းခြင်း ကျေးဇူးတော်အကြောင်းကို ဟောကြားခဲ့ပါသည်။
သင်တို့အဖို့ငြိမ်းချမ်းသာယာခြင်းကို အမွေအဖြစ်ငါထားရစ်၏ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါ ပေး၏ ဟု ယနေ့ကျမ်းစာမှာ ဖော်ပြထား သလို အတိဒုက္ခရောက်ချိန်၊ ညှင်းပမ်းနှိတ်စက်ခံရချိန်တွေဟာ ဘဝမှာ ငြိမ်းချမ်းသာယာမူ ကင်းမဲ့သော အချိန်လို့ တို့တတွေသတ်မှတ်ကြတယ် ။ တဖက်မှာလည်း မင်္ဂလာတရားတော်ထဲမှာ ငါ၏ နာမကြောင့် သင်တို့သည် ညှင်းပမ်းနှိပ်စက် ခံကြရလျှင် မင်္ဂလာရှိကြ၏ လို့ဆိုထားတယ်။ ဒီကနေ့ ကျမ်းစာမှာလည်း သင်တို့အဖို့ငြိမ်းချမ်းသာယာခြင်းကို အမွေအဖြစ်ငါထားရစ်၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါပေး၏ ဟု ဖော်ပြထားပြန်တယ်။ သခင်ခရစ်တော် ဆိုလိုချင်တဲ့ ငြိမ်းချမ်းခြင်း ဆိုတာဘာလဲ။ ဘယ်လိုအရာကို ဆိုလိုခြင်းဖြစ်သလဲ ထောက်ရှု့ကြရမယ်။
သခင်ခရစ်တော် ဆိုလိုချင်တဲ့ ငြိမ်းချမ်းခြင်း သခင်ခရစ်တော်ရဲ့ ငြိမ်းချမ်းခြင်းဟာ အတိဒုက္ခရောက်ချိန်၊ ညှင်းပမ်းနှိပ်စက်ခံရချိန် တွေမှာလည်း အတူရှိနေသော တည်ငြိမ် နက်ရှိုင်းသော ငြိမ်းချမ်းခြင်းမျိုးကို ဆိုလိုခြင်းဖြစ်တယ်။ ပင်လယ်မျက်နှာပြင်မှာ ဘယ်လောက်ပဲ မုန်တိုင်းထန်ပြီး ကြမ်းတမ်းနေပါစေ နက်ရှိုင်းတဲ့ပင်လယ်အောက်မှာတော့ အမြဲတည်ငြိမ်နေသလို တည်ငြိမ်အေးချမ်းသော ကျေးဇူးတော်ကို ဆိုလိုခြင်းဖြစ်တယ်၊ အဲ့ဒီကျေးဇူးတော်ကို သခင်ခရစ်တော်ပေးခြင်းဖြစ်တယ်၊ အဲ့ဒီကျေးဇူးတော်ကို ဘယ်သူမှလည်း နုတ်ယူလို့ မရနိုင်ပါဘူး။
သခင်ခရစ်တော်၌ တည်ငြိမ်အေးချမ်းစွာနေနိုင်ခြင်းဆိုတာ အပေါ်ယံမဟုတ်။ နက်ရှိုင်းသော အတွေ့အကြုံဖြစ်တယ်၊ အတိဒုက္ခရောက်ချိန်၊ညှင်းပမ်းနှိပ်စက်ခံရခြင်း တွေကြုံတွေ့နေရချိန်မှာတောင် တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်သော ငြိမ်သက်ခြင်းကျေးဇူးတော်ကို ဆိုလိုခြင်းဖြစ်တယ်။ ။ အဲ့ဒါကြောင့် ခရစ်ယာန်တွေဟာ ဒုက္ခ ဝန်ထုပ်ဝန်ပိုးတွေ သယ်နေရချိန်မှာတောင် ငြိမ်ချမ်းစွာ နေထိုင်နိုင်ကြတယ်၊ ငြိမ်ချမ်းခြင်းကျေးဇူးတော်ကို မဆုံးရှုံးကြပါဘူး။
ရဟန္တာ တွေရဲ့ဘဝကိုကြည့်ပါ။ ညှင်းပမ်းနှိပ်စက် ခံရပြီး အသက်ပေးရမည့် သူတို့ရဲ့ နောက်ဆုံးအချိန်မှာတောင် ငြိမ်သက်ခြင်း ကျေးဇူးတော် ငြိမ်းချမ်းခြင်းကျေးဇူးတော်ကပျောက်မသွားခဲ့ကြဘူး၊ သခင်ခရစ်တော်ရဲ့ ငြိ်မ်းချမ်းခြင်းကျေးဇူးတော်က ဘာနဲ့တူသလဲဆိုတော့ အလုပ်ကြမ်းလုပ်ရတဲ့အလုပ်သမား တစ်ယောက် ဖျားနာလို့ အလုပ်ကို စွန့်လွတ်ပြီး တည်ငြိမ်အေးချမ်းမူကိုရယူလိုက်တာနဲ့တူသလို၊ နောက်တစ်နည်းက ဆရာဝန်က လူနာကို စိတ်လှုပ်ရှားခြင်း ကင်မဲ့သော ဆေးပေးလိုက်သလိုပါပဲ။
သခင်ခရစ်တော်ရဲ့ငြိမ်းချမ်းခြင်းကျေးဇူးတော်က ဘဝမှာ တည်ငြိမ်စွာ ရှေ့ဆက်နိုင်ဖို့ခွန်အားတွေပေးတယ်၊ ဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့ အေးချမ်းမူတွေပေးတယ်၊ ဘယ်လိုဒုက္ခပဲ ရင်ဆိုင်ကြုံတွေနေရပါစေ ယင်းငြိမ်းချမ်းခြင်းကျေးဇူးတော်က တည်ငြိမ်စွာရင်ဆိုင်နိုင်ဖို့ခွန်အားပေးနေတယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသာ ကျွနု်တို့နှလုံးသားထဲမှာ ရှိနိုင်အောင်ကြိုးစားပါ သခင်ခရစ်တော်ပေးခဲ့တဲ့ငြိမ်းချမ်းခြင်း ကျေဇူးတော်ဟာ ဘယ်သော အခါမှ မပျောက်ပျက်နိုင်ပါဘူး။
ငြိမ်းချမ်းခြင်းဆိုတာ ပျော်ရွင်စွာနေတတ်ေသာအကျင့်ကို ပျောက်ပျက်စေသော ကျေးဇူးတော်မဟုတ်တာကိုလည်း သတိထားရမယ်၊ သခင်ခရစ်တော်ပေးတဲ့ငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်း ကျေးဇူးတော်က တပါးသူတွေကို အပြုံနဲ့ကြိုဆိုသလို၊ အခက်ခဲဆုံအချိန်မှာတောင် အပြုံးမပျက်ရင်ဆိုင်နိုင်ခြင်းဖြစ်တယ်။ ပျော်ရွင်စွာနေထိုင်တတ်ေသာအကျင့်ဟာ ကျေးဇူးတော်နှင့် နီးစပ်သောအကျင့်ဖြစ်တယ်ဆိုတာကို သတိရပါ။
ဘဝမှာ အခက်အခဲများကြုံတွေရချိန် ဝမ်းနည်းပူဆွေးရချိန်၊ ဒုက္ခရောက်ချိန်၊ ပျော်ရွှင်ရချိန် အချိန်တိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဆီမှ လာသော သခင်ခရစ်တော်ပေးသနားသည့် ငြိမ်းချမ်းခြင်းကျေးဇူးတော်များ ရရှိခံစားကြရပါစေ။ ။
https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-05...
#pope, #mass, #holyspirit, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment