Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သတင်းကောင်းဖြန့်ဝေခြင်း၊ ပျော်ရွှင်ခြင်း နှင့် ငြိမ်းချမ်းခြင်းများသည် သခင်ခရစ်တော်ပေးသော လက်ဆောင်
သတင်းကောင်းဖြန့်ဝေခြင်း၊ ပျော်ရွှင်ခြင်း နှင့် ငြိမ်းချမ်းခြင်းများသည် သခင်ခရစ်တော်ပေးသော လက်ဆောင်
ဧပြီလ ၂၈၊ ၂၀၁၉
ပါစကားကာလ ဖတ်ရှုရသော သမ္မာ ကျမ်းစာ များထဲမှ တပည့်တော်များ စုရုံးနေသော အထက်အခန်းတွင် သခင်ခရစ်တော် တန်ခိုးပြတော်မူသည့်အကြောင်း နှင့် သတင်းကောင်းဖြန့်ဝေခြင်း၊ ပျော်ရွှင်ခြင်း နှင့် ငြိမ်ချမ်းခြင်းများကို တပည့်တော်များအတွက် သခင်ခရစ်တော်ပေးသော လက်ဆောင်အဖြစ် ပါစကားကာလ ဒုတိယ တနင်္ဂနွေနေ့ ရောမမြို့ စိန့်ပီတာ ရင်ပြင်တွင် အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့လူထုတွေ့ဆုံခြင်း အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်း၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။
အပြစ်နှင့် သေခြင်းကို အောင်မြင်ခဲ့သော သခင်ခရစ်တော်က လူသားနှင့်ဘုရားကြား ပြန်လည်သင်မြတ်မူကိုဖော်ဆောင်ပေးခဲ့ခြင်းက အကြီးမားဆုံးသော ငြိမ်းချမ်းခြင်း ဆုကျေးဇူးတော်ဖြစ်တယ် ဒါကြောင့် သခင်ခရစ်တော်က တပည့်တော်ကြီးတွေကို သင်တို့၌ ငြိမ်သက်ခြင်း ရှိပါစေလို့ အစပြု နုတ်ဆက်ခဲ့ခြင်းဖြစ်တယ်၊ ဒါကြောင့် သောမတ်စ်ရဲ့ မယုံကြည်မူကို ယုံကြည်ခြင်းအပြည့်အဝရှိဖို့ သူရဲ့ ဒဏ်ရာတော်တွေကို ပြသခဲ့တယ်။ အဲ့ဒီဒဏ်ရာတော်တွေဟာ လူသားတို့ ငြိမ်းချမ်းမူရဖို့ ဘုရားသားတော်ပေးဆပ်ခဲ့သော ကြီးမားသောချစ်ခြင်းမေတ္တာဖြစ်တယ်၊ ယင်းချစ်ခြင်းမေတ္တာ၌ သေခြင်းနှင့်အပြစ်ကို အောင်မြင်တော်မူခဲ့ခြင်းဖြစ်တယ်။
ဒုတိယ ကျေးဇူးတော်အဖြစ် သခင်ခရစ်တော်က တပည့်တော်ကြီးတွေအတွက် ပျော်ရွင်ခြင်း ကျေးဇူးတော်ကို ယူဆောင်ပေးခဲ့တယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာ သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်မူကိုမြင်တွေ့ကြရသောကြောင့် တပည့်တော်ကြီးတွေ ပျော်ရွင်ဝမ်းမြောက်ခဲ့ကြတယ်လို့ဖော်ပြထားခြင်ဖြစ်တယ်၊ ဒါကြောင့် ဒီပါစကားကာလ သခင်ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအားခရစ်ယာန်အားလုံးအတွက ်ကြီးမာသောဝမ်းမြောက်ရွှင်လမ်းမူ ဖြစ်တယ်။ သေခြင်းနှင့် အပြစ်ရဲ့ကျွန်ဘဝကို လွတ်မြောက်စေပြီး ထာဝရ အသက်ကို အာမခံ ဖွင်လှစ်ပြသပေးခဲ့သော ဝမ်းမြောက်ဖွယ်ရာ အချက်ဖြစ်တယ်။
ဒီ ငြိမ်းချမ်း ချင်း နှင့် ပျော်ရွှင်ခြင်း သတင်းကောင်းဟာ တို့အတွက် ဝေမျှရမယ့်် သာသနာပြု လုပ်ငန်းတစ်ခုဖြစ်လာတယ်။ သတင်းကောင်းသယ်ဆောင်ဝေမျှရမည့်တာဝန် ဟာ ယုံကြည်သူ ခရစ်ယာန်တိုင်းရဲ့ တာဝန်တစ်ခုဖြစ်တယ်။ ဒီသတင်းကောင်းကို ချစ်ခြင်းမေတ္တာ ဝေမျှခြင်း ငြိမ်းချမ်းခြင်း ပျော်ရွင်ခြင်းကျေးဇူးတော်တွေကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မူ လမ်းညွှန်မူ့နဲ့ဝေမျှကြရမယ်။ သခင်ခရစ်တော်သည် အသက်ရှင်တော်မူသော ဘုရား အဖြစ်လက်ခံယုံကြည်သူတိုင်းသည် ပျော်ရွှင်ငြိမ်းချမ်းမူများကို ခံစားကြရမယ်။
https://www.vaticannews.va/en/pope/news/2019-04/pope-francis-regina-coel...
#pope, #generalaudience, #share, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment