Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဧ။် စာချွန်တော်ကို ယုံကြည်ခြင်းနှင့် အစေခံခြင်းအတွက် လမ်းညွန်အဖြစ်အသုံးပြုကြရန်တိုက်တွန်းခဲ့ခြင်း
ရဟန်းမင်းကြီးဧ။် စာချွန်တော်ကို ယုံကြည်ခြင်းနှင့် အစေခံခြင်းအတွက် လမ်းညွန်အဖြစ်အသုံးပြုကြရန်တိုက်တွန်းခဲ့ခြင်း
ဧပြီလ ၁၄၊ ၂၀၁၉
မေတ္တာပန်း တနင်္ဂနွေနေ့ သာသနာ နယ်ပယ်အသီးသီးအလိုက် ကမ္ဘာလူငယ်များနေ့ကိုကျင်းပသော မေစ္ဆားတရား မစတင်မှီ စိန့် ပီတာ ရင်ပြင်တွင်စုရုးနေကြသော လူထုပရိတ်သတ်နှင့် တွေ့ဆုံခြင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလက ကျင်းပြပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများညီလာခံမှ ထွက်ပေါ်လာသော၊ ခရစ်တော်သည် အသက်ရှင်တော်မူသည် ဟူသော လူငယ်များအတွက် အဓိက ထုတ်ဝေသော စာချွန်တော်ကို ယုံကြည်ခြင်းနှင့် အစေခံခြင်းအတွက် လမ်းညွန်အဖြစ်အသုံးပြုကြရန်လူငယ်များအားတိုက်တွန်းခဲ့ပါသည်။
ယင်းစာချွန်တော်တွင် လူငယ်တို့ဘဝ လက်တွေလုပ်ဆောင်နေကြသော တပါးသူကိုအစေခံခြင်းအမှု့၌သော်လည်းကောင်း၊ သင်တို့ဧ။်ယုံကြည်ခြင်းတိုးပွားစေသော အမူ့၌သော်လည်ကောင်း ၊ သင်တို့ဘဝနှင့်ကိုက်ညီမည့် အတွေ့အခေါ်အကြံဉာဏ်များကို ဖော်ထုတ်ရယူကြရန်တိုက်တွန်းပါသည်။
စိန့်ပီတာရင်ပြင်တွင် စုရုံးနေကြသော လူတုပရိတ်သတ်အား သန်ရှင်းသော မြေ မှ သံလွင်သားဖြင့်ပြုလုပ်ထားသော စိတ်ပတီးများကို ပနားမားတွင်ပြုလုပ်သော ကမ္ဘာလူငယ်များနေ့အမှတ်တရ နှင့် ယနေ့ သာသနာ နယ်ပယ်အသီးသီးအလိုက် ကမ္ဘာလူငယ်များနေ့ကိုကျင်းပသောနေ့ အမှတ်တရအဖြစ်ဝေးပေးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသများ၊ သန့်ရှင်းသော မြေတည်ရှိရာဒေသအတွက်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် စိတ်ပုတီးစိတ်ကြရန် တိုက်တွန်းခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-04/pope-to-youth-let-aposto...
#pope, #angelus, #palmsunday, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment