Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အာဖရိက မြောက်ဖက်ခြမ်း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံ သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သွားရောက်လည်ပတ်
အာဖရိက မြောက်ဖက်ခြမ်း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံ သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သွားရောက်လည်ပတ်
မတ်လ ၃၀၊ ၂၀၁၉
အာဖရိက မြောက်ဖက်ခြမ်း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံသို့ ၂၀၁၉ ခုနှစ် မတ်လ ၃၀၊ ၃၁ နှစ်ရက်တာ သွားရောက်လည်ပတ် မည့် သိုးထိန်းခရီးစဉ်အတွက် ရောမမြို့ ဖြူမီချီနို လေဆိပ်မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ထွက်ခွာခဲ့ပြီး စနေနေ့ နေ့လည် နှစ်နာရီခန့်တွင် မော်ရောကို နိုင်ငံ ရာဘက် ဆာလာ လေဆိပ် သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရောက်ရှိခဲ့ပြီး မော်ရောကို နိုင်ငံ ဆဌမမြောက် ရှင်ဘုရင် မိုဟာမက် မှ လေဆိပ်တွင် ခရီးဦးကြို ပြုခဲ့ပါသည်။
တံတိုင်းများ ဆောက်ခြင်းထက် တံတားများ ဆောက်ခြင်းက လူအဖွဲ့အစည်းအတွက် လိုအပ်ချက်ဖြစ်ကြောင်း သက်သေပြသော ခရီးစဉ်အဖြစ် ပြီးခဲ့သော မတ်လထဲက အာရပ်နိုင်ငံများ ဖြစ်သော ဒူဘိုင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် Grand Imam Ahmed el-Tayeb တို့ အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ လူမျိုးစုများ၊ ဘာသာတရားများ နှင့် နိုင်ငံများအကြား သမိုင်းဝင် ငြိမ်းချမ်းရေး အထိမ်းအမှတ် ကတိပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊
ယခု အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံ ခရီးစဉ်သည်လည်း ဘာသာမတူသူ ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာဝင်များကြား ချစ်ကြည်ရေး တံတားများတည်ဆောက်နိုင်မည့်အခွင့်အရေးတစ်ခုအဖြစ်နှင့် လူနည်းစုသာရှိသော မော်ရောကို နိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များနှင့် တွေ့ဆုုံအားပေးခြင်း၊ ရွေ့ပြောင်းအလုပ်သမားများအရေး ပါဝင်ကူညီလုပ်ဆောင်ပေးခြင်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် မျော်လင့်လျက် ဘာသာမတူသူနိုင်ငံများအကြား ကြီးမားသော သမိုင်းတစ်ရပ်ကို ဖော်ဆောင်ခြင်း ခရီးစဉ်အဖြစ် ဖော်ပြထားပါသည်။
https://www.vaticannews.va/en/pope/news/2019-03/pope-francis-arrives-mor...
#pope, #morocco, #visit, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment