မော်ရောကို နိုင်ငံတွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တနင်္ဂနွေနေ့ ကဟောကြားသော သြဝါဒ

မော်ရောကို နိုင်ငံတွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တနင်္ဂနွေနေ့ ကဟောကြားသော သြဝါဒ
မတ်လ ၃၁၊ ၂၀၁၉

အဖခမည်းတော်ဘုရား၏ အတွင်းစိတ်နှလုံးသားကိုထောက်ရှုရန် သခင်ခရစ်တော်မှ ကျွနု်​ပ်တို့ကို ဖိတ်ခေါ်နေကြောင်း မော်ရောကို နိုင်ငံတွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တနင်္ဂနွေနေ့က သမ္မာကျမ်းစာပါ ပြောက်သောသား ပုံဥပမာကို ကိုအခြေခံပြီးဟောကြားခဲ့ပါသည်။

 

ပျောက်သောသား ပုံဥပမာထဲက ဖခင်ဟာ အပြစ်များစွာကျူးလွန်ခဲ့ပြီး နောင်တတရားနဲ့ပြန်လာတဲ့ သားငယ်ကိုကြိုဆိုရုံသာမက၊ မကောင်းတာလုပ်ပြီး ပြန်လာတဲ့သားငယ်ကို ကြိုဆိုခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ သာကြီးကိုလည်း သွားရောက်တွေ့ဆုံပြီး နားလည်သဘောပေါက်အောင်ရှင်ပြကာ အဖအိမ်တော်ထဲကိုပြန်လည်ခေါ်ဆောင်လာခဲ့တယ်။ နောင်တရတဲ့သားငယ်အတွက်ပွဲကျင်ပသလို၊ သားငယ်အပေါ်မှာ နားလည်မူလွဲ​နေတဲ့ အကိုဖြစ်သူကို ချစ်ခြင်း​မေတ္တာ ကအရာရာကို လက်ခံနိုင်တယ်ဆိုတာရှင်းပြနိုင်ခဲ့တဲ့ မိသားစုပွဲ ညီကိုနှစ်ယောက်လုံးရဲ့ပွဲကိုကျင်းပခြင်းဖြစ်တယ်။

ဒီပုံဥပမာက လူတွေရဲ့စိတ်နေစိတ်ထားနဲ့ပေါင်းသင်း ဆက်ဆံရေးလောကကို ဖော်ပြနေခြင်းဖြစ်တယ်။ မိသားစုအတွင်းက စိတ်ဝမ်​းကွဲ​နေမူ​တွေကိုမြင်အောင်ကြည့်ကြရမယ်၊ ငါမိသားစုထဲမှာရော တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံနေကြသလဲ။ ဖခင်ရဲ့စိတ်နေစိတ်ထားကို အတုယူရမယ် ဖခင်ဟာ သူသားသမီးတိုင်ကို သူမိသားစုအတွင်းမှာ စည်းလုံးခြင်း၊ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာ တွေနဲ့ ပျော်စေချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြသနေခြင်းဖြစ်တယ်။

 

မိမိဘဝထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေကို မေ့ထားပြီး အဖခမည်းတော်ရဲ့ချစ်ခြင်းမေတ္တာကို ထောက်ရှု့ဖို့ သခင်ခရစ်တော်က ကျွနု်​ပ်တို့ကို ဖိတ်ခေါ်နေတယ်။ ဒီနေရာမှာ ကျွနု်​ပ်တို့​ထောက်ရှုရမှာက ကျွနု်​ပ်တို့ဟာ ညီကို​မောင်နှမတွေဖြစ်တယ် ဆိုတာ အရင် အသိအမှတ်ပြုရမယ်၊ ညီကိုမောင်နှစိတ်ဓာတ်၊ ချစ်ခြင်းမေတ္တာ အရင်ထားရမယ်၊ ငါမှာရှိတဲ့အရာအားလုံးဟာ သင်ပိုင်ဆိုင်တယ် တိုတာ လောက ပစ္စည်းဥစ္စာ ကိုဆိုလိုရုံသက်သက်မဟုတ် သူရဲ့ချစ်ခြင်းမေတ္တာ အားလုံးကိုဆိုလိုခြင်းဖြစ်တယ်၊ အဖ ခမည်းတော်ရဲ့ နှလုံးသားကိုပိုင်ဆိုင်ရင် အရာအားလုံး ပြည့်စုံပြီ ဒီအချက်ဟာ ခရစ်ယာန်တွေအတွက်ကြီးမားတဲ့ ချမ်းသာကြွယ်ဝမူပါပဲ။

 

သာကြီးလုပ်သူ အဖအိမ်တော်ထည်းဝင်ခဲ့သလား၊ စိတ်တကယ်ကျေနပ်သွားလား၊ ဒီအချက်ဟာ မိသားစုတွေ၊ အဖွဲ့အစည်းတွေထဲမှာ ဖြစ်ပျက်နေတဲ့ စိတ်နေစိတ်ထားကိုသိသာထင်ရှားစေဖို့၊ မိသားစုထဲမှာ အဖွဲ့အစည်းထဲမှာ ငါဘယ်လိုဖြစ်နေသလဲဆိုတာ သိသာထင်ရှားစေဖို့ သခင်ခရစ်တော်က ပုံဥပမာကို လူတွေဆက်လက်တွေးခေါ်ကြဖို့ မိမိဘဝနဲ့ နှိုင်းရှင်ကြဖို့ ဖွင့်ပေးထားခဲ့တယ်။

မိသားစုအတွင်းမှာ ဒုက္ခရောက်နေသူတွေ၊ လမ်းမှားနေသူတွေ၊ ပစ်ပယ်ထားရသူတွေ ကိုမြင်အောင်ကြည့်ပြီး မိသားစုအတွင်းမှာ နာလည်ပေးမူသနားကြင်နာမူ၊ ခွင့်လွှတ်ပေးမူ၊ ပုံဥပမာထဲက ဖခင်ရဲ့စိတ်ထားမျိုးကို မိသားစုအတွင်းမှာမွေးမြူကြဖို့ တိုက်တွန်းဟောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-morocco-mas...

#pope, #morocco, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 0 =