ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မကြာမီ သွားရောက်လည်ပတ်မည့် မောရောကို နိုင်ငံ ခရီးစဉ်အတွက် မောရောကို နိုင်ငံသူ နိုင်ငံသားများအား ဗီဒီယို သတင်းစကားဖြင့် ကြိုတင်နုတ်​ဆက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မကြာမီ သွားရောက်လည်ပတ်မည့် မောရောကို နိုင်ငံ ခရီးစဉ်အတွက် မောရောကို နိုင်ငံသူ နိုင်ငံသားများအား ဗီဒီယို သတင်းစကားဖြင့် ကြိုတင်နုတ်​ဆက်
မတ်လ ၂၈၊ ၂၀၁၉

ချစ်လှစွာသော မောရောကို နိုင်ငံသူ နိုင်ငံသားအပေါင်းတို့  သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ၊

သင်တို့၏ ချစ်လှစွာသော နိုင်ငံသို့ နှ​စ်ရက်တာလည်ပတ်ရန် ​မကြာမီ ကျွနု်​ပ်ရောက်ရှိလာပါတော့မည်။ သင်တို့၏ နိုင်ငံသို့လာရောက်လည်ပတ်ရန် အခွင့်အရေးပေးသော ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ တိုင်းပြည်၏ အရှင်ဘုရင်မင်းမြတ် ဆဌမ မြောက် မိုဟာမက် ၏ ဖိတ်ကြားမူ၊ မောရောကို နိုင်ငံ အာဏာပိုင်အဖွဲ့အစည်းများ နှင့် သူတို့၏ ပါဝင်လုပ်ဆောင်ပေးမူများ ကို အထူးကျေးဇူးတင်ရှိပါသည်​။ ကျွနု်​ပ်ဆက်ခံခဲ့သော ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး ၏ လျှောက်ခဲ့သော လမ်းစဉ်အတိုင်း ကမ္ဘာကြီးပေါ်မှာ အထူးလိုအပ်နေသော ညီကို​မောင်နှ စိတ်ထားနှင့် ငြိမ်းချမ်းရေး ဘုရားဖူခရီးစဉ်အဖြစ် ကျွနု်​ပ်လာရောက်မည်ဖြစ်သည်​။

 

ခရစ်ယာန်ရော မွတ်စလင်ပါ လူယောက်ျား လူမိန်းတို့ကို ဖန်ဆင်းပြီး ဒီ​လောကတွင် မတူကွဲပြားမူကို ရိုသေလေးစားပြီး၊ လိုအပ်ချက်များကိုအပြန်အလှန်ကူညီကြပြီး ညီကို​မောင်နှ စိတ်ထားနှင့် ချစ်ခင်စွာ နေထိုင်စေသော ဖန်ဆင်းရှင်နှင့် သနားကြင်နာတတ်​ေ​သာ ဘုရားကို ယုံကြည်သူတွေဖြစ်ကြတယ်၊ ဘုရားသခင်ဟာ ဒီကမ္ဘာကြီးကို နောက်လာမည့်မျိုးဆက်သစ်များအတွက် ထိန်း​သိမ်း​​ကာကွယ်ပြီး တာဝန်ကိုယ်စီဖြင့်ကာကွယ်စောင့်ရှောက်ရန်​ အားလုံးအတွက်နေစရာ အိမ်အဖြစ်ပေးခဲ့တယ်။ Rabat တွင်ပြုလုပ်မည့်အစည်းအဝေးတွင် ဒီခံယူချက်တွေကို သင်တို့နှင့်တိုက်​ရိုက်ဝေမျှခွင့်ရသည့်အတွက်ကျွနု်​ပ်အတွက် ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ဖြစ်လိမ့်မည်။ ထို့အပြင် ဒီခရီးစဉ်တွင် တန်ဖိုးကြီးမားသော အခွင်အရေးဖြစ်သည့် မော်ရောကို ရှိ ခရစ်ယာန် များနှင့်တွေဆုံခွင်၊ အားပေးခွင့်ရမည်ဖြစ်သည်။ ကျွနု်​ပ်အနေနှင့် ဒုက္ခသည်များနှင့်တွေ့ဆုံပြီး သူတို့နှင့်အတူတကွ တလုံးတဝတည်း စည်းလုံးခြင်း၊ တရားမျှတခြင်းများကို တည်ဆောက်သွားပါမည်​။

မော်ရောကို မှ မိတ်ဆွေ အပေါင်းတို့ သင်တို့၏ ကြိုဆိုမူအတွက် နှင့် သင်တို့၏ ဆုတောင်းမေတ္တာ များအတွက်ကျွနု်​ပ်နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။ ကျွနု်​ပ်လည်းပဲ သင်တို့နိုင်ငံနှင့် သင်တို့အတွက် ဆုတောင်းပေးနေပါသည်​။ မကြာမီ ဆုံ ​တွေ့ကြပါစို့။ ။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-video-messa...

#morocco, #pope, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 10 =