Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘုရားပေးသော ကျေးဇူးတော်သည် တစ်ဦးတစ်ယောက်တည်း အတွက်မဟုတ် အများအတွက်သာဖြစ်တယ်
ဘုရားပေးသော ကျေးဇူးတော်သည် တစ်ဦးတစ်ယောက်တည်း အတွက်မဟုတ် အများအတွက်သာဖြစ်တယ်
မတ်လ ၂၇၊ ၂၀၁၉
အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် ကောင်ကင်ဘုံ၌ မေတ္တာ ဒုတိယအပိုဒ် မှ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစား တို့ကိုကျွနု်ပ်တို့အား ယနေ့၌ပင်ပေးသနားတော်မူပါ ဟူသော မေတ္တာ အပိုဒ်သည် ဘုရားပေးသော အစားအစာသည် တစ်ဦးတစ်ယောက်အတွက် မဟုတ် အများအတွက် ဖြစ်တယ်ဆိုတာ သိရမယ်။ မိမိ တစ်ဦးတစ်ယောက် အတွက်ပဲစဉ်းစားနေမယ်ဆိုရင် အစာငတ်ပြီး ဒုက္ခရောက်နေရတဲ့ကလေးတွေ့ ဘဝကို သင် ်ခံစားတတ်မှာ မဟုတ်ဘူး။ ဒီမေတ္တာဟာ အစားအစာ တစ်မျိုးတည်းကို အဓိပ္ပါယ်ဖော်ဆောင်တာမဟုတ်ဘူး လူတို့၏ အခြေခံလိုအပ်ချက်များဖြစ်တဲ့ အစားအစာ၊ ရေ၊ နေစရာနေရာ ၊ အလုပ်အကိုင် အားလုံးကို ဖော်ဆောင်ခြင်းဖြစ်တယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါးသောဒေသတွေမှာ အစာမစားရတဲ့ကလေးငယ်တွေရဲ့ဘဝ ကို ကိုယ်ချင်းစာကြည့်ကြပါ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ရီမင်၊ ဆီးရီးယား နှင့် တောင် ဆူတန် နိုင်ငံတို့တွင် စစ်မက်ဖြစ်ပွားမူကြောင့် အစာရေစာခေါင်းပါးမူ ဒုက္ခကို ခံစားနေရသော ကလေးငယ်များ ဘဝကို စာနာကြဖို့ ဝေမျှခဲ့ပါသည်။
ရီမင် နိုင်ငံ
ရီမင်နိုင်ငံတွင် အဟာရမပြည့်ဝမူကြောင့် လေးနှစ်အတွင်း ကလေးငယ် ရှစ်သောင်း ငါးထောင်သေဆုံးခဲ့ရသည်။ ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်များစွာရှိနေပြီး ကလေးသူငယ် ခြောက်ထောင့်ငါးရာဟာ ရောဂါဝေဒနာ ကြောင့် သေဆုံးရပြီး၊ ကလေးသူငယ် တစ်သောင်းကိုးထောင်ဟာ လေယာဉ် ဗုံးကြဲ တိုက်ခိုက်ခံရမူကြောင့်သေဆုံးရကြောင်း၊ ထိုကလေးသူငယ်များ၏ ဒုက္ခကို ဝိုင်းဝန်းကူညီကယ်တင်ပေးကြဖို့ မှာကြားခဲ့သည်။
ဆီးရီးယား
ဆီးရီးယား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရှစ်နှစ်တာစစ်ပွဲအတွင်း ကလေးငယ် ၂၀၀၀၀ ဟာ အဟာရပြတ်လပ်မူအခြေအနေနဲ့ကြုံတွေနေရကြောင်း ၅ သန်းသော ကလေးငယ်များဟာ စစ်ပွဲများဖြစ်ပွားနေသော ဇုံတွင် မွေးဖွားလာသောကြောင့် ဒုက္ခရောက်နေကြရကြောင်း၊ နိုင်ငံ၏ ၅၀ ရာခိုင်နုန်း သော စာသင်ကြောင်းမျာ စစ်ပွဲဒဏ်ကြောင့် ပျက်စီးသွားပြီး ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိတော့ကြောင်း၊ ကလေးငယ် ၁၀၀၀ လောက်ဟာ လက်နက်ကိုင်တို့၏ အတင်းအဓမ္မ စည်းရုံးအသုံးချခံဖြစ်နေရကြောင်း၊ ကလေးသူငယ် အများစု၏ ကျန်းမာရေးအခြေနေမှာ ဆိုးဝါးမူပိုမိုများနေကြောင်း၊ ကလေးသူငယ်များကို စာနာကူညီပေးကြဖို့ဖြစ်သည်။
တောင်ဆူတန်
ခြောက်နှစ်တာဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် လူပေါင်း ၇ သန်းခန့် သောက်သုံးရေလုံလောက်စွာမရရှိခြင်း၊ ကျန်းမာရေချို့ယွင်းလာကြခြင်း၊ လူ့အဆင်အတန်း နှင်အညီမနေထိုင်ရခြင်း၊ ကလေးငယ်ပေါင်း ၈၆၀၀၀၀ ဟာ စိုးရိမ်ရသော အြခေအနေတွင် အသက်ရှင်နေကြရကြောင်း၊ ထိုကလေးသူငယ်များကိုကိုညီကြဖို့
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သည် တစ်ကိုယ်ကောင်းဆန်မူကင်းသော ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့် တကိုယ်ကောင်းမဆန်ဘဲ ကူညီပေးကြဖို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ တိုက်တွန်းခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-03/pope-francis-audience-hu...
#pope, #generalaudience, #peterkm
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment