Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာ့သောက်သုံးရေ နေ့ လူတိုင်း သန်းရှင်းသော ရေလုံလောက်စွာရရှိရေး
ကမ္ဘာ့သောက်သုံးရေ နေ့ လူတိုင်း သန်းရှင်းသော ရေလုံလောက်စွာရရှိရေး
မတ်လ ၂၂၊ ၂၀၁၉
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နှင့် ကုလသမ္မဂ စားသောက်ရေးနှင့် ထွန်ရက်စိုက်ပျိုးရေး အထွေထွေ တာဝန်ခံ Jose Graziano da Silva တို့မှ မတ်လ ၂၂ ရက်နေ့ကို့ ကမ္ဘာ့ လူသားတို့အတွက် မရှိမဖြစ်လိုအပ်သောသောက်သုံး ရေ နေ့အဖြစ်သတ်မှတ်ထားပါသည်။ လူသားတို့ရရှိရမည့် အခြေခံလူ့အခွင့်အရေးဖြစ်သော မရှိမဖြစ်လိုအပ်သည့် တန်ဖိုးရှိသော ရေ ကို လုံလောက်စွာရရှိခြင်းမရှိသော ရေပြတ်လပ်မူ ဘေးဒုက္ခ ကြုံတွေ့နေရသော နိုင်ငံများ အထူးသဖြင့် ဆင်းရဲသော နိုင်ငံများ၏ ဒုက္ခသည် လူသားထုအတွက် စိန်ခေါ်မူတစ်ခု ဖြစ်နေသည်။
ရေသည် လူသားတို့ နှင့် သတ္တဝါအပေါင်း အသက်ရှင်သန်ရေး သဘာဝပတ်ဝန်းကျင် ရှင်သန်ရေး အတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်ကြောင်းသည်။ ရေ ခမ်းခြောက်မူ ဟာ နေရာတော်တော်များများမှာ ဖြစ်ပေါ်လာနေတာကြောင့် ရေကို ကောင်းမွန်စွာ စီမန်ခန့်ခွဲသုံးစွဲသင့်ပြီး လူတို့၏ အခြေခံ ရပိုင်ခွင့်ဖြစ်သော ရေကို လူတိုင်းရနိုင်ရန် စီစဉ်ဖို့လိုအပ်သည်။
အနာဂတ် ရင်းနှီးမြုပ်နှံမူအဖြစ် ရေ ကို ကောင်းမွန်စွာသုံးစွဲကြဖို့ နှင့် ရေထိန်းသိမ်းမူနည်းလမ်းများကိူ ပညာပေးခြင်းများပြုလုပ်ခြင်းဖြင့် လူသားတိုင်း ကောင်းမွန်သော ရေကို ရရှိနိုင်ဖို့ နှင့် အနာဂတ်မျိုးဆက်သစ်များ ပိုမို သတိရှိလာရန် ယခုကတည်းက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းခြင်းအသိပညာများပေးဖို့ လိုအပ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ရေကို ကြာရှည်
်စွာ ဆက်လက်ထိမ်းသိမ်း အသုံးပြုနိုင်ရန် လိုအပ်သော အထောက်အပံများ ကူညီပေးကြဖို့၊ ရေ ကိုလူသုံးကုန်ပစ္စည်းအဖြစ် စျေးကွက်တွင် အသုံးပြုလာမူကို ကျော်လွှားနိုင်ရန် ကြိုးစားအားထုတ်ဖို့လိုအပ်ကြောင်း၊ လူမူဖွံဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော ရေ၏ တန်ဖိုးကို နားလည်ကြဖို့ လိုအပ်ကြောင်း ရေရှားပါးလာမူဟာ လူသားထုတစ်ရပ်လုံးအတွက် စိန်ခေါ်မူတစ်ရပ်ဖြစ်ကြောင်းသတိထားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သတိပေးပြောကြားခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-03/pope-francis-message-wor...
#pope, #world, #water, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment