Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြန်မာနိုင်ငံတွင်း သာသနာပြုရင်း အသတ်ခံခဲ့ရသော အီတလီ သာသနာပြု ရဟန်းတော်တစ်ပါး ဓမ္မအာဇာနည် အဖြစ်သတ်မှတ်ခံရ
မြန်မာနိုင်ငံတွင်း သာသနာပြုရင်း အသတ်ခံခဲ့ရသော အီတလီ သာသနာပြု ရဟန်းတော်တစ်ပါး ဓမ္မအာဇာနည် အဖြစ်သတ်မှတ်ခံရ
မတ်လ ၂၀၊ ၂၀၁၉
မတ်လ ၁၉ ရက် အဂါင်္ နေ့တွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ရဟန္တာ အဖြစ်တင်မြောက်ရန် ပထမအဆင့် ရွေးချယ်ထားသူ အမျိုးသား အမျိုးသမီး သူတော်စင် ၁၄ ဦးတွင် မြန်မာနိုင်ငံတွင်း သာသနာပြုရင်း အသတ်ခံခဲ့ရတဲ့ အီတလီ သာသနာပြု ရဟန်းတော်တစ်ပါး ပါဝင်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဓမ္မ အာဇာနည်များ အဖြစ် အသိမှတ် ပြုလိုက်ပါသည်။
~ စပိန်နိုင်ငံမှ ကိုယ်တော်မြတ်ကိုးကွယ်ခြင်းနှင့် အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မ အသင်းဂိုဏ်းတည်ထောင်သူ သီလရှင် မာရီယား Emilia Riquelme y Zayas (1847-1940)
~ ကွန်မြူ အစိုးရ၏ သတ်ဖြတ်ခြင်းခံရသော ရိုမေးနီးယန်းဆရာတော် ၇ ပါး (1950- 1970)
1. Vleriu Traian Frentiu
2. Vasile Aftenie
3. Ioan Suciu
4. Tit Liviu Chinezu
5. Ioan Balan
6. Alessandru Rusu
7. Iuliu Hossu
~ ကာပူချင်း ယေဇူးရွှေနှလုံးတော် သီလရှင် အသင်းဂိုဏ်းတည်ထောင်သူ အီတလီလူမျိုး ဘုန်းတော်ကြီး Francesco Maria Di Francia (1853-1913)
~ Tertiary စိန့် ဖရန်စစ် သီလရှင် အသင်းဂိုဏ်း တည်ထောင်သူ အီတလီလူမျိုး သီလရှင် Maria Hueber (1653-1705)
~ သနားခြင်း မယ်တော်၏ သမီးများ အသင်းဂိုဏ်းတည်ထောင်သူ အီတလီလူမျိုး သီလရှင် Maria Teresa Camera (1818-1894)
~ ဆင်းရဲသော အမျိုးသမီး သီလရှင်အသင်းဂိုဏ်း တွဲဖက်တည်ထောင်သူ အီတလီလူမျိုး သီလရှင် Maria Teresa Grabieli (1837-1908)
~ လူအဖြစ်ယူသော နုတ်ကပတ်တော် ဖရန်စစ်စကင်သာသနာပြု အသင်းဂိုဏ်းတည်ထောင်သူ အီတလီလူမျိုး သီလရှင် Giovanna Francesca dello Spirito Santo (1888-1984) နှင့်
~ ပီးမေ သာသနာပြုအသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး
Father Alfredo Cremonesi (1902-1953)
သူတို့အထဲမှာ Father Alfredo Cremonesi ဟာ မြန်မာနိုင်ငံ တောတောင် ထူထပ်တဲ့ ဒေသမှာ အခက်အခဲတွေနဲ့ စစ်ပွဲတွေ ကြားမှာ နှစ်ပေါင်း ၂၈ နှစ်် သာသနာပြု လုပ်ငန်းကို လုပ်ဆောင်ခဲ့သူပါ။ သူဟာ ၁၉၀၂ ခုနှစ်မှာ အီတလီမှာ မွေးဖွားခဲ့သူဖြစ်ပြီး ဝေးလံခေါင်ဖျား ဒေသက ကရင်တိုင်းရင်းသားတွေဆီ လှေနဲ့ သွားရောက်ပြီး တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တွေ ဝင်ခဲ့ချိန်မှာလည်း ထွက်မပြေးဘဲ ဆက်လက်တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၅၃ ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်မပတ်သက်ကြောင်း ရှင်ပြနေစဉ်အတွင်မှာပဲ သေနတ်နှင့် ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်။ ထိုစဉ်က မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တွေကြား ဖြစ်ပွါးတဲ့ တိုက်ပွဲအတွင်း သူနေထိုင်ရာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း နဲ့ ဘုရားကျောင်း မီးအရှို့ခံခဲ့ ရတာ ဖြစ်ပါတယ်။ သူကို အန္တရာယ် ကြီးတဲ့ နေရာကနေ ရွှေ့ပြောင်းဖို့ တိုက်တွန်းချက်တွေ ရှိခဲ့ပေမယ့် သူကမရွှေ့ပြောင်းဘဲ နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဗာတီကန် သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။
https://www.vaticannews.va/en/vatican-city/news/2019-03/pope-francis-dec...
#blessed, #venerable, #saint, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment