Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အများကျိုးဆောင်ရွက်နိုင်စေရန် သင်တို့ကို ဘုရားရှင်သည် ခွန် အားကျေးဇူးတော်များ သွန်းလောင်းပေးပါစေ
အများကျိုးဆောင်ရွက်နိုင်စေရန် သင်တို့ကို ဘုရားရှင်သည် ခွန် အားကျေးဇူးတော်များ သွန်းလောင်းပေးပါစေ
မတ်လ ၁၈၊ ၂၀၁၉
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အီတလီနိုင်ငံ အစိုးရ စာရင်းစစ်ရုံးအဖွဲ့ဝင်များအား အမျာကျိုးဆောင်ရွက်နိုင်စေရန် သင်တို့ကို ဘုရားရှင်သည် ခွန်အားကျေးဇူးတော်များ သွန်းလောင်းပေးပါစေဖို့ ဆုတောင်းပြောကြားခဲ့ပါသည်။
လူတို့၏ ကိုယ်ကျင့်တရားသည် အများအကျိုးဆောင်ရွက်ရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း၊ အတွေးအခေါ်သက်သက်မဟုတ် လူသားထုတိုးတက်ရေးအတွက် အသက်ရှင်ခြင်းနှင့်ဆက်နွယ်နေ သည်။ ထိို့အတွက်ကြောင့် နိုင်ငံတော်ကို နိုင်ငံသားတိုင်၏ အခွင့်အရေးကို ကာကွယ်ပေးသူအဖြစ် ခေါ်ဆိုခြင်းဖြစ်တယ်။ အများအကျိုးလုပ်ဆောင်ခြင်းအတွက် အဓိက သတိပြုရမည့် အကျင့်ပျက်ခြစားမူကိုကာကွယ်ခြင်း၊ အသုံးစရိတ်ကို ထိန်းချုပ်ခြင်း နှင့် ဆင်းရဲသားများကို ဂရုစိုက်ခြင်းတို့ကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ထောက်ပြခဲ့ပါသည်။ ။
♥ အကျင့်ပျက်ခြစားမူကိုကာကွယ်ခြင်း
အကျင့်ပျက်ခြစားမူကိုကာကွယ်ခြင်းဟာ အရေးကြီးသော အချက်ဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး နဲ့ ကိုယ်ကျင့်တရားပိုင်းကို ထိခိုက်ပျက်စီး စေတဲ့ လူအဖွဲ့အစည်းအတွက် အဓိက ဒဏ်ရာကြီးတစ်ခုဖြစ်နေလို့ပါပဲ။ တာဝန်ရှိသူအရောက်တိုင်းက ရိုးသာစွာ ပွင့်လင်မြင်သာမှုရှိစွာ လုပ်ဆောင်ကြရမယ်၊ သို့မှာသာ တိုင်းပြည်ဥပဒေနဲ့ နိုင်ငံသားတို့တစ်သားတည်း ဖြစ်နိုင်မယ်။
♥ အသုံးစရိတ်ကို ထိန်းချုပ်ခြင်း
လည်ပတ်နေသော နိုင်ငံရေး အုပ်ချုပ်မှု ယန္တရား တွေမှာ အသုံးစရိတ်တွေကို ထိန်းချုပ်နိုင်ခြင်းဟာ သွေးဆောင်နှောက်ယှက်နေသော အလိုဆန္ဒကို ထိန်းချုပ်နိုင်ခြင်းပါပဲ၊ မလိုအပ်တဲ့ အသုံးစရိတ်တွေကို တင်းကြပ်စွာထိန်းချုပ်ခြင်းဟာ နိုင်ငံ တစ်နိုင်ငံအတွက် နိုင်ငံဥပဒေ နှင့် တိုင်းသူပြည်သားတွေအတွက် ပိုမိုခိုင်မာတဲ့ ရင်နှီးမူကို ခွန်အားပေးခြင်းဖြစ်တယ်။ ယင်းသို့ ထိန်းချုပ်လိုက်နိုင်ခြင်းအားဖြင့် လိုအပ်နေသော နေရာများ ဆင်းရဲသားနိုင်ငံသားများအတွက်နှင့် အများအကျိုးအတွက် နိုင်ငံအရင်းအမြစ်များကို ဝေမျှ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ဒီအချက်ဟာ နိုင်ငံအတွက် မတရားတာကို ကာကွယ်ခြင်းနှင့် သာတူညီမျှ စီမံခန့်ခွဲခြင်းဖြစ်ပေသည်။
♥ တည်ငြိမ်ခြင်းနှင့် အလေးထားခြင်း
လူ့အဖွဲ့အစည်းကို ယဉ်ကျေးမှု နှင့် တရားမျှတစွာတိုးတက်စေဖို့ တတ်စွမ်းသလောက်ကြိုးစားကြပြီး တည်ငြိမ်အေးချမ်းဖို့၊ မိမိအလုပ်ကို အလေးအနက်ထားဖို့၊ ဝါတွင်းကာလဖြစ်သည့်အလျှောက် အမှန်တရားနှင့် တရားမျှတမှုကို သက်သေခံကြဖို့၊ အများကောင်းကျိုးကို ဦးစားပေးလုပ်ဆောင်ကြဖို့ ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်မှ အီတလီနိုင်ငံ အစိုးရ စာရင်းစစ်ရုံးအဖွဲ့ဝင်များအား အားပေးခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-03/pope-francis-italy-court...
#pope, #meet, #commongood, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment