Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ခေတ်ကို ဦးဆောင်နေတဲ့ လူငယ်
ပတ်ဝန်းကျင်ကို ကြည့်ကြည့်လိုက်ပါ ။
ခေတ်ကို ဦးဆောင်နေကြတာ လူငယ်တွေချည်းပဲဆိုတာ သတိထားမိပါလိမ့်မယ် ။
ဟုတ်ပါတယ် ယနေ့ခေတ်မှာ လူငယ်တွဟာ အရင်တုန်းကလို ချောင်မှာခိုကပ်မနေတော့ဘဲ သက်ဆိုင်ရာ နယ်ပယ်အသီးသီးကနေ မိမိတို့လုပ်နိုင်စွမ်းတွေကို ချပြလာကြပါပြီ ။
ဒီလို လူငယ်တွေ ဦးဆောင်နေတဲ့ခေတ်က အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး ။
သင်ရော ဒီလို လူငယ်တွေထဲက တစ်ဦးဖြစ်ချင်ပါသလား ။ ဒါဆိုရင် ဘာအရည်အချင်းတွေ လိုအပ်မလဲဆိုတာသိရဖို့ စာကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ ။
Team Leadership Skill ရှိရမယ် ။ ခေါင်းဆောင်နိုင်မှုစွမ်းရည်ဆိုတာ လူငယ်ဖြစ်စေ ၊ လူကြီးဖြစ်စေ လူတိုင်းမှာရှိသင့်တဲ့အရည်အချင်းတစ်ခုပါ ။
အချို့က ခေါင်းဆောင်နေရာတော့ ယူထားပါရဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိ ၊ လက်အောက်က လူတွေကိုပဲ ဖိနှိပ်နေတာမျိုးကို ခေါင်းဆောင်လို့ယူဆလို့မရနိုင်ပါဘူး ။
ခေါင်းဆောင်ဆိုတာ အရာရာကို ဦးဆောင်န်ိုင်စွမ်းရှိရမယ် ၊ တာဝန်ယူနိုင်ရမယ် ။
ဒါကြောင့် Leadership skill ပြည့်ဝတဲ့သူ ဦးဆောင်တဲ့ Team က ပိုပြီး ရလဒ်ကောင်းတွေ ရလာတာပေါ့ ။
Communication skillရှိရမယ် ။
ယနေ့ခေတ်မှာ ဘယ်အလုပ်ပဲလုပ်လုပ် အသင်းအဖွဲ့တွေနဲ့စုပေါင်းပြီး လုပ်ဆောင်ကြရတာမို့ communication skill က ရှိကို ရှိသင့်ပါတယ် ။
လူ့ခွစာတွေ ၊ လူ့ကန့်လန့်တွေဆ်ိုတာ လုပ်ငန်းခွင်မှာရှိနေသင့်တဲ့ အကျင့်တွေ မဟုတ်ပါဘူး ။
ဘယ်လောက်သေးငယ်တဲ့အလုပ်ကိုပဲ လုပ်နေပါစေ ၊ ဘယ်လောက် သေးငယ်တဲ့ Team နဲ့ လုပ်နေရပါစေ အလုပ်တွေ အဆင်ပြေပြေပြီးမြောက်အောင်မြင်ဖို့ Communication skill ကောင်းဖို့ သိပ်အရေးကြီးပါတယ် ။
ဒါကြောင့် ယနေ့ခေတ်ရဲ့ မရှိမဖြစ် ရှိထားရမယ့် အရည်အချင်းတွေထဲက တစ်ခုဖြစ်ရတာပေါ့ Active ဖြစ်နေရမယ် ။
အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ခေတ်မို့ မျက်စိကိုဖွင့် နားကိုစွင့်ပြီး တက်တက်ကြွကြွနေရမှာကလည်း အရည်အချင်းတစ်ခုပါပဲ ။
ခေတ်နဲ့အညီ လိုက်ပြေးနိုင်မှ နေရာတစ်ခုကို ရောက်မှာပါ ။ ရိုးသားအေးဆေးတာနဲ့ တက်ကြွတာက မတူညီပါဘူး ။
ကိုယ့်ရဲ့အကျင့်စရိုက်က အေးအေးဆေးဆေးနေတတ်တယ်ဆိုရင်တောင် ကိုယ့်ရဲ့ professional လုပ်ငန်းခွင်မှာတော့ up to date ဖြစ်နေဖို့ လိုအပ်ပါတယ် ။
အပြိုင်အဆိုင်များတဲ့ခေတ်ကြီးမှာ ခြေနှေး လက်နှေးဆိုရင်တော့ နေရာတစ်ခုကို ဆုပ်ကိုင်ဖို့ မလွယ်ပါဘူးနော် ။ Reading Skill ကောင်းဖို့လိုတယ် ။
ဒီဘက်ခေတ်ရဲ့အလုပ်အကိုင်တွေက ဘွဲ့လက်မှတ်ထက် အသိပညာအပေါ် အခြေခံပြီး လုပ်ရတဲ့အလုပ်တွေဖြစ်ပါတယ် ။
ကျောင်းမှာ သင်ခဲ့ရတဲ့စာနဲ့တင် လုံလောက်တဲ့အတွေ့အကြုံမဟုတ်တော့ပါဘူး ။
ဒါကြောင့် ကိုယ်က ကိုယ့်ရဲ့နယ်ပယ်အလိုက် လိုအပ်တဲ့ဗဟုသုတတွေကိုရှာမှီးဖို့ စာဖတ်နိုင်စွမ်းရှိဖို့ ၊ စာဖတ်တဲ့အရည်အချင်းရှိဖို့ လိုပါတယ် ။
Research Skill လည်းရှိသင့်တယ် ။
တိုးတက်လာတဲ့ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်ကြတဲ့အခါ ဘယ်သူက creative ဖြစ်သလဲဆိုတာနဲ့ ဆုံးဖြတ်လာကြပါတယ် ။
creative ဖြစ်ချင်ရင် ဘာလုပ်ရမလဲ? Research များများလုပ်ရမယ် ၊ များများတွေးရပါမယ် ။
အတွေးဆိုတာ အခြေခံအကြောင်းအရာတွေမရှိဘဲ ထွက်မလာနိုင်တာကြောင့် သင့်အနေနဲ့ creative ဖြစ်ချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့အကြောင်းအရာကို Detail ကျကျ research လုပ်တတ်ပါစေ ။
အလုပ်တစ်ခုကို ပြီးမြောက်တဲ့အထိ လုပ်တတ်ဖို့လည်းလိုပါတယ် ။ လူငယ်တွေက အလုပ်တွေကို ရဲရဲရင့်ရင့်တော့ စတင်ကြပါရဲ့ ။
ကောက်ရိုးမီးလို အဆုံးသတ်သွားတာမျိုးတွေကတော့ မဖြစ်သင့်တဲ့ကိစ္စတွေပါပဲ ။
အလုပ်တစ်ခုကို စပြီးပြီဆိုရင် ပြီးဆုံးတဲ့အထိ လုပ်တတ်တဲ့သူကိုမှ တာဝန်ယူတတ်တဲ့သူလို့ ခေါ်လို့ရမှာပါ ။
အသေးအဖွဲလေးကအစ တာဝန်မယူနိုင်ဘူးဆိုရင် ကိစ္စကြီးတွေမှာ ကိုယ့်ကို တာဝန်ပေးလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူးနော် ။
အစားအသောက်အနေအထိုင်ဆင်ခြင်တတ်ဖို့ကလည်း အရေးကြီးတဲ့အချက်အဖြစ်ပါဝင်လာပြန်ပါတယ် ။
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုသလို တိုးတက်လာတဲ့ခေတ်မှာ ရောဂါအသစ်အဆန်းတွေကလည်း အများကြီးပါပဲ ။
နေ့စဥ်ဘဝမှာ လူငယ်တွေက အစားအသောက်ကိုဆိုရင် မဆင်မခြင်စားတတ်ကြပါတယ် ။
ဒီလို အကြိမ်ဖန်များလာလေလေ သွေးတိုး ၊ ဆီးချို ၊ နှလုံး စတဲ့ရောဂါတွေကလည်း ကိုယ့်နောက်ကို လိုက်လာပြီး အသက်တ်ိုစေမှာ အသေအချာပါပဲ ။
ဒါကြောင့် အသက်ကို ဥာဏ်စောင့်ပြီး လူသားတွေအကျိုးကို သယ်ပိုးဖို့ အစားအသောက်ကအစ ဆင်ခြင်တတ်ဖို့ သိပ်ကို လိုအပ်ပါတယ် ။
Add new comment