မိမိကိုယ်ကိုယ် မိမိအပေါ်၌ မှန်ကန်မှုရှိပါ

မိမိကိုယ်မိမိ အပေါ်၌ မှန်ကန် မှု့ရှိရန် ပါပါးဖရန်စစ်က လူငယ်များ အား ရောမမြို့ တွင် ပြောကြား

၂၀၂၅ ဂျူဗလီနှစ်ကို ကျင်းပရန်ပြင်ဆင်နေကြသည့် ရောမရှိ သာသနာအုပ်စုတစ်ခုသို့ ပါပါးဖရန်စစ် အလည်ပါတ် သွားရောက်ခါ ယောင်္ကျားလေးနှင့် မိန်းကလေး ၈၀ နှင့် တွေ့ဆုံခဲ့ပြီး ၊သူတို့၏ ယုံကြည်ချင်း နှင့် ဆုတောင်းမေတ္တာဘဝ အကြောင်း စကားအပြန်လှန်ပြော ခဲ့ သည်။

သာသနာတော် ပြန့်ပွါးရေး အသင်းအဖွဲ့ စည်းကြီး၏ ကြေငြာစာတခုကို ပုပ်ရဟန်းမင်းကြီး၏ ရုံးတော် ပြန်ကြားရေးရုံးမှ သောကြာနေ့ နေ့လည်က ထုတ်ပြန်ခဲ့ သည်။ ကက်သလစ်လူငယ်များကို ဂျူဗလီနှစ်အတွက် ပြင်ဆင်ပေးရန် အစပြုသည့် “ကျောင်းတော်၏ ဆုတောင်းမေတ္တာ” အတွင်း အစည်းဝေးတခုကို ကျင်းပခဲ့ကြောင်းထို ထုတ်ပြန်ကြေငြာ စာထဲတွင်ဖော်ပြထားသည်။

ပါပါး ဖရန်စစ် နှင့်အတူ သာသနာတော်ပြန့်ပွါးရေး အသင်းကြီး၏ အကြီးကဲ ဂိုဏ်းချုပ်ဆရာတော်ကြီး Rino Fisichella လိုက်ပါလျက် နေ့လည် ၄ နာရီ အချိန်တွင် ဗာတီကန်မှ ထွက်ခွါလာပြီး မြို့၏ အရှေ့ဘက် ဆင်ခြေဖုံးဒေသရှိ St.Bernadette Soubirous သာသနာအုပ်စုသို့ အလည်အပါတ်သွားရောက်ခဲ့သည်။
အလည်အပါတ်ခရီးစဉ်သည် “ ဆုတောင်းခြင်း နှစ်” ကိုအစပြုရန် တဆိတ်တပိုင်း ဖြစ်ပြီး လူငယ်များမှ သူတို့၏ ယုံကြည်ခြင်း နှင့် ဆုတောင်းမေတ္တာ ဘဝ အကြောင်း မေးသည့် မေးခွန်းများကို ရဟန်းမင်းကြီးက ဖြေကြားပေးခဲ့သည်။ ဤတွေးဆုံခြင်းသည် လွန်ခဲ့သော ဧပြီလ ၁၁ ရက်နေ့က ရောမသာသနာ၏အုပ်စု တခုဖြစ်သည့် စိန့် ဂျွန်းမာရီဗီယာနေ တွင် ပထမကိုယ်တော်မြတ် ခံယူရန် ပြင်ဆင်နေကြသည့် ကလေးငယ် ၂၀၀ ကျော် နှင့် တွေ့ဆုံခဲ့ခြင်းပြီးနောက် ဆက်တိုက် ဆိုသလို တွေ့ဆုံခြင်းပင်ဖြစ်သည်။

လျှပ်တပျက် အလည်ပါတ် ခရီးစဉ်
ပုပ်ရဟန်းမင်းကြီး ၏ သာသနာအုပ်စုသို့ အလည်အပါတ် ရောက်ရှိလာခြင်းသည် အံ့အာသင့်ဖွယ် လျှပ်တပျက် ရောက်ရှိလာခြင်း ဖြစ်ပြီး အပါတ်စဉ် အစည်းအဝေးအတွက် စုရုံးရောက်ရှိနေကြသည့် လူငယ်များမှ ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း ကြေငြာချက်၌ ဖော်ပြထားသည်။

ထိုလူငယ် အုပ်စုတွင် ဓမ္မဆရာများ၊ အုပ်စုလူငယ် ခေါင်းဆောင်များနှင့် ကင်းထောက် လူငယ်များ ပါဝင်ကြသည်။ ထိုလူငယ်တို့သည် ပါပါးဖရန်စစ် နှင့် အပြန်အလှန် တုန်ပြန်ဖလှယ်လျက် မေးခွန်း များစွာကို မေးခဲ့ကြသည်။

ဥပမာအားဖြင့် Tiziano ဟုအမည်ရသော လူငယ်လေး က တဦးတယောက်၏ ခေါ်တော်မူခြင်းနှင့် ပါတ်သက်၍ မည်ကဲ့သို့ မိမိကိုယ်ကို စစ်ဆေး ဆန်းစစ် ရမည်နည်းဟု ပါပါး အား မေးမြန်းခဲ့သည်။

ပါပါး၏ တုန်ပြန်ဖြေကြား မှု့မှာ “ လူတဦးတယောက်တိုင်းက ဤမေးခွန်းကို မေးကို မေးရမည် ဖြစ်ကြောင်း , အကြောင်းမှာ အဖဘုရားသခင် ၌ ကျွန်ုပ်တို့တဦးတယောက်စီတိုင်း အတွက် စီမံကိန်းတော် ရှိပြီးသား ဖြစ်၍ ဖြစ်သည်။ ကျွန်ုပ်တို့ထံမှ ကိုယ်တော်ရှင် သည် မည်သည့်အရာကို လိုချင်ကြောင်း နားလည် ရန် ကြိုးစားရမည်ဖြစ်သည့်အပြင် ဘုရားရှင်ကိုလည်း မေးရမည် ဖြစ်ကြောင်း “ ပြောကြားခဲ့သည်။ ထို့နောက် ပါပါးကိုယ်တိုင် ရဟန်းဖြစ်ကျောင်းသားဘဝ စတင် ဝင်ရောက်လုပ်ကိုင် စဉ် တွေ့ကြုံ ခဲ့ရသည့် အတွေ့ကြုံများ ကိုလည်း ဝေမျှ ခဲ့ပြီး ၊ မိမိတို့ဆုတောင်မေတ္တာပြုနေစဉ်တွင် ကျွန်ုပ်ထံ မှ ကိုယ်တော် မည့်သည့်အရာ လိုချင်ကြောင်း ဘုရားရှင်အား မေးမြန်းပါဟု ဖြေကြားခဲ့သည်။

မိတ်ဆွေသူငယ်ချင်းဘဝ
လူငယ်များ ဘဝ၌ လျှောက်လှမ်းနေစဉ် မိမိ တဦးတည်း မည်သည့်အခါမှ မလျှောက်လှမ်းပဲ မိတ်ဆွေ အပေါင်းအသင်းများ ဖွဲ့၍ ရှေ့ဆက်ရန် အင်မတန် အရေးကြီးကြောင်းကိုလည်း အလေးနက်ထား တိုက်တွန်း ပြောကြား ခဲ့သည်။

တခါတရံတွင် ရှုပ်ထွေးပွေလီလှသော ဘဝသက်တာ ၌ ကျွန်ုပ်တို့ လမ်းပျောက်နိုင်ကြောင်း ၊ ထိုကဲ့သို့သော အမှောင်ကမ္ဘာမှ လွတ်မြောက်နိုင်စေရန် အခရာကျသည့်အရာမှာ တဦးတည်း မဟုတ်ပဲ မိတ်ဆွေများ နှင့်အတူ လျှောက်လှမ်းခြင်းပင်ဖြစ် ပြီး အကြောင်းမှာ တဦးတည်း ဖြစ်ပါက သင်သည် ဦီးတည်ရာ ပျောက်ဆုံး နိုင်၍ပင်ဖြစ်သည်။ သင်၏ ပကတိအခြေအနေကိုလည်း သူတို့အား ပြောပြဆွေးနွေးရန် အရေးကြီးကြောင်း ပါပါးဖရန်စစ်က မိန့်ကြားခဲ့သည်။

ရှေ့သို့ ဆက်၍

ဘုရားရှင်ကို မယုံကြည်သေးကြောင်း ဝန်ခံ ပြောဆိုခဲ့သည့် လူငယ်လေး တဦးကိုလည်း ပါပါးက “ ခရီးလမ်းတခုကို တာဝန်ယူ လျှောက်လှမ်းနိုင်ရန် အရေးကြီးမှု့ကို မီးမောင်းထိုးပြခဲ့သည်။ မည်သူ တဦးတယောက်ကိုမှ သူ၏ မယုံကြည်မှူ့ အတွက် ပြစ်တင်ရှုံ့ချစရာ အကြောင်း မရှိကြောင်း၊ ရှေ့သို့ ဆက်လက် ရွေ့လျားနေရန် အရေးကြီးကြောင်း၊ သို့ရာတွင် ဆက်လက်ရွေ့လျားခြင်း မရှိပဲ မိမိလက်ရှိဘဝ နေရာ၌သာ ထိုင်နေသည့် လူငယ် တဦးကို ကျွန်ုပ်တွေ့ ရှိရလျှင်မူ ဝမ်းနည်းစရာ ပင်ဖြစ်သည်၊ ထိုသို့မဟုတ်ပဲ စိတ်ဝင်စားမှု့မရှိသည့် အခြေနေသို့ ကျရောက်နေသည့် လူငယ်တဦး သည် ထ၍ ရှေ့ဆက် လှမ်း လျှင် ကျွန်ုပ် ဂုဏ်ပြု လိုပါသည် ။ အသင့်လျော်ဆုံး စံနမူနာ တခုအတွက် ရှေ့ဆက်ကြပါ လို့ ပါပါးက ပြောကြားခဲ့သည် ။

ဘဝအသက်တခုကို ဖော်ဆောင်ပေးခြင်းသည် မျှော်လင့်ခြင်း၏ သတင်းစကားပင်
လူရွယ် အိမ်ထောင်သည် စုံတွဲတခုနှင့် စကားအပြန်အလှန် ပြောကြရာတွင် ပါပါးက အီတလီနိုင်ငံတွင် ကလေးမွေးဖွားနှုန်း ကျဆင်း နေသည့်အပေါ် သူ၏ ပူပန်စိတ်ကို ဖွင့်လှစ် ဖော်ပြခဲ့သပြီး ဘဝအသက်လေးတခုကို ယူဆောင်ပေးခြင်း၏ အရေးပါမှု့ သည် ကြီးမားသည့် မျှော်လင့်ချက်တခု၏ သတင်းစကားပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးအနေနှင့် ပါပါးက “ ယုံကြည်စိတ်ချရသည့် အသင်းတော်ကြီး ဖြစ်စေရန်အတွက် အသင်းတော်သည် ၎င်း ကိုယ်တိုင်ပင် လောက ဆန်မှု့ များကို ချွတ်ခွါပြစ် ရန်လိုအပ်ကြောင်း နှင့် အသင်းတော် ၏ တန်ဖိုးများသည် သမ္မာတရားတော်မြတ် သာဖြစ်ပြီး ကိုယ့်ကိုကိုယ်သာ ကက်သလစ် ဟု ခေါ်ဆိုနေကြသည့် လူမှု့ အသိုင်းဝန်း တခု မဟုတ်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

အဆုံးမသတ်မီ တက်ရောက်လာသူတိုင်းကို ကျေးဇူးတင်ရှိပြီး Pro-Prefect Monsignor Rino Fisichella ၏ နိဒါန်းပါဝင်သည့် ဂျူဗလီနှစ်တခုအတွက် ရဟန်းမင်းကြီး လက်မှတ်ရေးထိုးထားသည့် ကြောငြာစာတမ်း “ Bull of Indiction” အသစ်ထုတ်ဝေမှု့ ကော်ပီ များကို
တဦးတယောက်စီတိုင်းအား ပါပါးက ပေးအပ်ခဲ့သည်။

အစစ်အမှန်ဖြစ်ခြင်း
“ သင်တို့၏ သက်သေခံချက်များ အတွက် ကျေးဇူးတင်ပါ၏ ။ သင်တို့၏ အစစ်အမှန် ဘဝဖော်ပြခြင်းများအတွက်လည်း ဝမ်းမြောက်ပါ၏ ။ ဆက်လက်ထိန်းသိမ်းထားပေးကြပါ ။ ကိုယ်ကိုယ်ကို မှန်ကန် ပါစေ။ ဘဝ ၏ လမ်းကြောင်းအမှန်ကိုလည်း အမြဲတစေ ရှာဖွေကြပါလို့ “ ပါပါးဖရန်စစ်က နိဂုံးချုပ်ပြောကြားခဲ့ သည်။

အကြံတခုကတော့ : “ဘဝအတွက် ကြီးမားတဲ့ စံပြအရာများနှင့်အတူ အရဲစွန့်ပါ “

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း (MDY)

 

Add new comment

3 + 1 =