ချစ်ခြင်းမေတ္တာ ထိတွေ့ခံစားရသော၊ ငြိမ်းချမ်းခြင်းရှိသော၊ ပြန်လည်သင့်မြတ်မှုကိုတည်ဆောက်သော နေရာများဖြစ်ရမည်

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုး​​စေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်း

ချစ်ခြင်းမေတ္တာ ထိတွေ့ခံစားရသော၊ ငြိမ်းချမ်းခြင်းရှိသော၊ ပြန်လည်သင့်မြတ်မှုကိုတည်ဆောက်သော နေရာများဖြစ်ရမည်
မတ်လ ၁၁၊ ၂၀၁၉

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုး​​စေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုကို San Miniato al Monte ၏ Olivetan ရသေ့ အကြီး အကဲ Bernardo Francesco Maria Gianni ဦးဆောင်လမ်းညွန်မှုဖြင့်
ဒုတိယ ကမ္မဌာန်းထောက်ရှုချက်အဖြစ် မြို့ကြီးများသည် အထက်ကောင်းကင် ဂျေရုဆလင်မြို့ ကဲ့သို့ ချစ်ခြင်းမေတ္တာ ထိတွေ့ခံစားရသော၊ ငြိမ်းချမ်းခြင်းရှိသော၊ ပြန်လည်သင့်မြတ်မှုကိုတည်ဆောက်သော နေရာများဖြစ်ရမည် အချက်ကို အတူတကွ ထောက်ရှုခဲ့ကြပါသည်။

♥ ကမ္ဘာမြေပေါ်တွင်တည်ဆောက်သော အထက်ကောင်းကင် ဂျေရုဆလင်

မကောင်မူဒုစရိုက်များ၊ ပြစ်​တင်ရူတ်​ချခြင်းများ၊စီရင်ဆုံးဖြတ်ခြင်းများ နှင့်ပြည့်ဝနေသော လူတို့နေထိုုင်​ရာ နေရာများကို ချစ်ခြင်းမေတ္တာ ထိတွေ့ခံစားရသော၊ ငြိမ်းချမ်းခြင်းရှိသော၊ ပြန်လည်သင့်မြတ်မှုကိုတည်ဆောက်သော နေရာများအဖြစ် တည်ဆောက်ခြင်းသည် ကောင်းကင်နိုင်ငံကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လူတို့စုဝေးနေထိုင်ကြခြင်း၏ ရည်ရွယ်ချက်အစစ်အမှန်ဖြစ်သော ငြိမ်းချမ်းခြင်းတည်ဆောက်သောနေရာ၊ ချစ်ခြင်းမေတ္တာ ဝေမျှသောနေရာ ဆီသို့ ယနေ့ခေတ် အမှောင်ကျ​နေသောဒေသများကို ပြန်လည်အလင်းပြပေးရမည်၊ သခင်ခရစ်တော်အလိုရှိသော နိုင်ငံတော်ကို လူတို့အလယ်မှာ ချစ်ခြင်းမေတ္တာ ဖြင့်ပြန်လည်ဖော်ဆောင်ကြရမည် ဖြစ်သည်​။

♥ အဆင်းသဏ္ဍန်ပြောင်းပေးနိုင်သော တဆေး

ဘုရားသခင်အလိုရှိသော ချစ်ခြင်း​မေတ္တာ နိုင်ငံတော် ဒီလောကမှာတည်ဆောက်နိုင်ဖို့ နိုင်ငံတည်ဆောက်ပုံတစ်မျိုးထဲနှင့်မရနိုင်၊ အသင်းတော်၏ အခန်းကဏ္ဍ သည်လည်း အခြေခိုင်မာမှုအတွက် အဓိကကျ​ကြောင်း၊
ဘုရားရှင်၏ အလိုဆန္ဒကို ရှေးလူများ ဖြည့်ဆည်းခဲ့ကြသလို ယနေ့ အသင်းတော်သည် လည်း အပြည့်အဝ ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ် တော်၏ စီမံကိန်းတော်သည် အတွေးအခေါ်သက်သက်မဟုတ် လူတို့၏ လက်တွေပါဝင်မူဖြင့်တည်ဆောက် အကောင်အထည်ဖော်ရမည့် အရာဖြစ်ကြောင်း၊ ယင်းစီမံကိန်းတော်ကို ဖြည့်ဆည်းရန် နတ်ဆိုး၏ အဖျက်အမှောင်လုပ်ရပ်များကို တွန်းလှန်ရန် ဆုတောင်းခြင်း၊ ငြိမ်းချမ်းမှုတည်ဆောက်ခြင်း၊ ဘုရားသခင်အပေါ်အပြည့်အဝယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ ဖြင့်ညှိနိုင်းဆွေးနွေးခြင်း စသည်လုပ်ရပ်များဖြင်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊
အချုပ်အနေနှင့် ယုံကြည်ခြင်းမျက်စိဖြင့်ဘုရားသခင်၏ အလိုတော်ကိုရှာဖွေတည်ဆောက်ကြရန် တရားပေးသူ ရသေ့မှ ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-spiritual-e...

#pope, #lent, #retreat, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 15 =