ဘုရားသခင်ကျွနု်​ပ်တို့နှင့်အတူရှိကြောင်း သတိထားမိစေရန် မိမိအတွင်းစိတ်နှလုံးသားကို ဂရုစိုက်ခြင်း

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုး​​စေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်း

ဘုရားသခင်ကျွနု်​ပ်တို့နှင့်အတူရှိကြောင်း သတိထားမိစေရန် မိမိအတွင်းစိတ်နှလုံးသားကို ဂရုစိုက်ခြင်း
မတ်လ ၁၁၊ ၂၀၁၉

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုး​​စေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုကို San Miniato al Monte ၏ Olivetan ရသေ့ အကြီး အကဲ Bernardo Francesco Maria Gianni ဦးဆောင်လမ်းညွန်မှုဖြင့်
ပထမရက် ကမ္မဌာန်းထောက်ရှုချက်အဖြစ် ကမ္ဘာလောကကြီးကို သခင်ခရစ်တော်၏ မျက်စိဖြင့်ကြည့်တတ်​ရန်လိုအပ်ကြောင်း ကို ထောက်ရှုခဲ့ပါသည်။

♥ အထက်မှ ကြည့်ရှုခြင်း

ကမ္ဘာလောကကြီးအတွင်းမှာရှိသော အရာတွေရဲအခြေအနေ၊ ထိမ်းချုပ်မှု၊ အုပ်စိုးချုပ်ကိုင်နေသော နတ်ဆိုး၏ လုပ်ရပ်များကို အထက်စီးမှ ကြည့်မြင်နိုင်ရန် လိုအပ်ကြောင်း၊ တဆက်တည်းမှာပဲ ယင်းအခြေအနေမျိုးတွင် အထက်စီးမှ ရှု့မြင်နိုင်ရန် သန့်ရှင်းသော ၀ိညာဉ်​​တော်​ဘုရား၏ အလင်​း ကျေးဇူးတော်၊ ဘုရားသခင်၏ နုတ်​ကပတ်တော်များဖြစ်သော တရားဘာဝနာဆည်​း​​ပူးခြင်း၊ ကျေးဇူးတရားသိတတ်ြ​ခင်းနှင့် ဖြစ်ပျက်လာနိုင်မည့်အရာများကို ကြိုတင်ထောက်ခြင်း စသည့် ဝိညာဉ်တော်ကျေးဇူးများဖြင့်သာ ကြည့်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှသာ ကျွနု်​ပ်တို့​နေထိုင်​နေသောမြို့ပြများသည် တောကန္တာရ များဖြစ်နေကြောင်း လွယ်ကူစွာရှုမြင်နိုင်မည်ဖြစ်သည်ဟု ဥပုသ်စောင့်ခြင်းအမှုကို ဦးဆောင် ဥပုသ်ပေးသူ ရသေ့မှ ထောက်ရှုပြောကြားခဲ့ပါသည်။

♥ တောကန္တာရမှ စိမ်းလန်​းစိုပြေခြင်းသို့

အထက်မှ ရှုမြင်နိုင်မှသာ ကမ္ဘာလောကကြီး၏ အခြေအနေလိုအပ်ချက်ကိုသိမြင်နိုင်ပြီး စစ်မှန်သော အသက်ဖြစ်သည့် သခင်ခရစ်တော်၌ပြန်လည်ရှင်သန်စေခြင်း ကို အစားထိုးပေးနိုင်မည်ဖြစ်ကြောင်း၊ တောကန္တာရကဲ့သို့ ကြောက်မက်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်နေသောလူတို့နေထိုင်သည့် မြို့ပြအခြေအနေများကို အသစ်သောဘဝအသက်တာ လှပခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ သဟဇာတဖြစ်ခြင်း စသည်အခြအနေသို့ပြောင်းလဲ​ပေးရန် ဘုရားသခင်တာဝန်ပေးခန့်အပ်ထားသော သိုးထိန်း​များသည် သေချာရှုမြင်လုပ်ဆောင်တတ်​ရန် လိုအပ်ကြောင်း တရားပေးသူမှ တိုက်တွန်းထားပါသည်။ ချစ်ခြင်းမေတ္တာ ရှိသောနေရာတွင်ပိုမိုကြည့်ရှု့ခံစားတပ်ကြောင်း၊ ဆက်လက်ပြီး ညီကို စိတ်ဓာတ်ခိုင်မာခြင်းသည် ခရစ်ယာန်တို့၏လုပ်ဆောင်မူများကို ပိုမိုခရီး​ရောက်​စေသည်​။

♥ သခင်ခရစ်တော်၏ ကြည့်ရူ စာင့်ရှောက်ခြင်း

သခင်ခရစ်တော် ကျွ​နု်​ပ်တို့ကိုကြည့်ရှု့စေတော်မူပါ သို့မှသာ ကျွ​နု်​ပ်တို့ကလည်း သူကျွနု်​ပ်တို့ကို ကြည့်ရှု့သကဲ့သို့ တပါးသူများကိုကျွနုပ်တို့က သခင်ခရစ်တော်ကဲ့သို့ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်း၊ စိတ်အားထက်သန်သော မျှော်လင့်ခြင်း၊ ဘုရားသခင် ကျွနု်​ပ်တို့နှင့်အတူရှိခြင်း စသည်တို့ကို အသိ အမှတ်ပြု နိုင်ရန် အတွင်းစိတ်ပြောင်းလဲရန်လိုအပ်ကြောင်း၊
သင့်နှလုံးသားကိုသင်ဂရုမပြုလျှင် သင့်ထံသို့ သခင်ခရစ်တော်ကြွလာသည်ကို သင်သိမြင်နိုင်မည်မဟုတ်ကြောင်း၊ ထောက်ရှု့ခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-spiritual-e...

#pope, #lent, #retreat, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

6 + 3 =