သာသနာပြု ဆိုတာက ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပြသတဲ့ အသုံးတော်ခံ

သာသနာပြုတွေထဲ သူငယ်တော်ယေဇူးရဲ့ စိန့်ထရေဇားစောင့်ရှောက်မှု ခံယူသူများဟာ အဝေးကြီးကိုသွားကြရုံသာမက ဘာသာစကား အသစ်ကို သင်ယူကြရကာ သတင်းကောင်း ကြေညာခြင်းနဲ့ အလုပ်ကောင်းတွေကို လုပ်ဆောင် ခဲ့ကြပါတယ်။

အဲဒါတွေထဲ မဟုတ်ပါဘူး။ သာသနာပြု ဆိုတာက ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပြသတဲ့ အသုံးတော်ခံ ဖြစ်ပြီး သူတို့ရှိနေတဲ့နေရာကနေ သက်သေခံနေထိုင်ခြင်းနဲ့ကြားဝင်ဆုတောင်းခြင်းမှ တဆင့်သခင်ယေဇူးလျှောက်နေ နိုင်ပါတယ်။

ဒီဟာက တမန်တော်ဇွဲရှိခြင်းဖြစ်ပြီး၊ အတင်းအဓမ္မ ဘာသာထဲသိမ်းသွင်းခြင်းမဟုတ်ဘူး၊ ဆွဲဆောင်စေခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ သတိရကြပါစို့။ ယုံကြည်ခြင်းဟာ ဆွဲဆောင်မှု ရရှိခြင်းကနေ မွေးဖွားလာတာ ဖြစ်ပါတယ်။

တစ်ဦးဦးကနေ အတင်းအကျပ် ဘာသာဝင်ခိုင်းလို့ ခရစ်ယာန်တစ်ဦး ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချစ်ခြင်းနဲ့ထိတွေ့ပြီးမှခရစ်ယာန် ဖြစ်လာတာပါ။

သာသနာတော်က ကျွန်ုပ်တို့ကို တစ်ခါတလေ မဆွဲဆောင်တဲ့ နည်းဥပဒေနဲ့ စည်းကမ်းတွေကို ဦးစားမပေးဘဲ အရေးကြီးတာက စိန့်ထရေဇားလိုမျိုး လူတွေကိုဆွဲဆောင်စေတဲ့ နှလုံးသား ချစ်ခြင်းနဲ့ လူတွေကို ဘုရားဆီ ခေါ်ဆောင်ဖို့ပါ။

✍️ထန်းဟာ SJ

Source: Catholic News Service

#rvamyanmar #rvapastoralcare #PopeFrancisMessage

Add new comment

11 + 1 =