ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပဥ္စမသီတင်းပတ် တနင်္လာနေ့ သြဝါဒ ၁၅၊ ၅၊ ၂၀၂၃

မေလ ၁၅ ရက် (တနင်္လာနေ့)
ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ကို ပုံစံနှစ်မျိုးနဲ့ ဖော်ပြတာကို တွေ့ရပါတယ်။

ဝိညာဉ်တော်ကို ကူညီစောင်မသူ ဆိုတဲ့ ဂုဏ်နာမနှင့်တစ်မျိုး သမ္မာတရားနှင့်သက်ဆိုင်သည့် ဝိညာဉ်တော်သည်

ဆိုပြီး တစ်မျိုး ပုံစံ နှစ်မျိုးနဲ့ ဝိညာဉ်တော်ကြွလာမယ့်အကြောင်းကို မိန့်ကြားထားပါတယ်။ ဝိညာဉ်တော်က

ခမည်းတော်ဆီကနေ ဆင်းကြွလာပြီး သားတော် ခရစ်တော်ယေဇူးအကြောင်း သက်သေခံမယ်။ အဲ့လိုပဲ

တပည့်တော်ကြီးတွေကလည်း ခရစ်တော်နဲ့ အစကတည်းကရှိခဲ့တာမို့ သူ့အကြောင်းကို ပြန်ပြီးသက်သေခံ

ရလိမ့်မယ်။ ကျွနု်ပ်တို့မှာလည်း ဘုရားကို ပြန်၍ သက်သေခံဖို့ တာဝန်ရှိလာတယ်။ သက်သေခံတယ်ဆိုတဲ့

စကားက ဘာလဲ။ တရားရုံးမှာ သက်သေထွက်ဆိုရတယ်ဆိုရင် သူသိတဲ့ပြစ်မှုအကြောင်း မှန်ကန်စွာ ထုတ်ဖော်

ပြောရတယ်။ ခရစ်ယာန်တစ်ယောက်အတွက် သက်သေခံတယ်ဆိုတာ အဲ့ဒီထက်ပိုတယ်။ သက်သေခံခြင်း

ဆိုတာ ခရစ်ယာန်တစ်ယောက်ရဲ့ ရှင်သန်ခြင်းနဲ့ ဆက်စပ်နေတာ။ မိမိယုံကြည်တဲ့ ဘုရား သခင်ကို ဘဝနဲ့

သက်သေခံတာ၊ ဘုရားကို လူတွေပိုသိအောင် ပြောပြဝေမျှရတာတွေဟာ ခရစ်ယာန်တစ်ယောက် အတွက်

တာဝန်တစ်ခုလိုပါပဲ။ နေ့စဉ်ဘဝမှာ ယုံကြည်ခြင်းကို ရှင်သန်ခြင်းနဲ့ ဖော်ထုတ်ကြရတာ ခရစ်ယာန်ဘဝပါပဲ။ 
ဝိညာဉ်တော်ဘုရားက ခရစ်တော်ကို သက်သေခံတယ်။ ခရစ်တော်ကို ကျွနု်ပ်တို့က ပြန်သက်သေခံတယ်။

ဒါဟာ ဘုရားရဲ့ လုပ်ငန်းကို ဆက်လက် ပြန့်ပွားစေခြင်း၊ အဓွန့်ရှည်စေခြင်းဖြစ်ပါတယ်။ သက်သေခံရတာ

တကယ်တော့ မလွယ်ပါဘူး။ လူတော်တော်များများက ကိုယ့်ဖာသာကို ကိုယ့်ဘဝနဲ့ကိုယ် အဆင်ပြေရင်

ကျေနပ်ကြတယ်။ ဝင်လည်း မပြောဘူး။ လျှာလည်းမရှည်ဘူး။ ဒီလို အေးဆေးဖြစ်နေတာတွေ အများကြီး။

နေရာတကာ လျှာရှည်တာ မကောင်းသလို ဘာဆိုဘာမှ ဝင်မပြောတာ၊ အမှန်ကို သိရက်နဲ့ ရေငုံနှုတ်ပိတ်နေ

တိုင်းလည်း မကောင်းဘူး။ ပြောသင့်တာကို ပြောဖို့ ၊ လုပ်သင့်တာကိုလုပ်ဖို့က ခွန်အားတွေ အများကြီးလို

တယ်။ စွန့်စားရတယ်။ အနစ်နာခံရတယ်။ ကိုယ်ကျိုးစွန့်ရတယ်။ မှန်တဲ့အရာတစ်ခု၊ လုပ်သင့်တဲ့အရာတစ်ခု

ကို ရှုပ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြိမ်နေတာလည်း သစ္စာဖောက်မှု တစ်ခုပဲ။ မချစ်ဘူးပြောတိုင်း

မုန်းလိုက်တာမဟုတ်သလို ၊ မမိုက်ဘူးပြောတိုင်း လူလိမ္မာလေးတွေဖြစ်ကြတာ မဟုတ်ဘူး။ မဆိုးဘူးပြော

တိုင်း လူကောင်းတွေ မဟုတ်ကြသလို မပူဘူးပြောလိုက်တာနဲ့ အေးတယ်လို့ သတ်မှတ်လို့မရဘူး။ မရယူ

ဘူးပြောတိုင်း ပေးဆပ်တာမဟုတ်သလို ဝင်မရှုပ်ဘူးပြောတိုင်းလည်း ဖြေရှင်းပေးတတ်ကြတာမဟုတ်တာ။

လူမသတ်ဘူးပြောလိုက်တာနဲ့ လူ့အသက်ကို ကယ်တင်တဲ့သူ ဖြစ်လာတာမဟုတ်ဘူးလေ။ တချို့အရာတွေက

ယတိပြတ် မပြောနိုင်သလို မပူမအေးနဲ့ ကြားမှာနေရင်း ဝိညာဉ်တော်ဘုရားက ခံတွင်းကနေ အံထုတ်မယ်လို့

ဗျာဒိတ်တော်ကျမ်းမှာ ဖွင့်ဆိုထားတယ်။ 
ဝိညာဉ်တော်ဘုရားကို ပိုင်ဆိုင်ခွင့်ရှိတဲ့ ကျွနု်ပ်တို့တွေဟာလည်း မပူမအေးနဲ့ ဘာဆိုဘာမှ ဝင်မရှုပ်ဘူး။

ဝင်လည်း မလုပ်ဘူးဆိုတဲ့ ကြားနေမျိုးတွေဖြစ်လာရင် ဘုရားကို သက်သေခံကြသူတွေလို့ မခေါ်ထိုက်ပါဘူး။

ဘုရားအတွက် ရပ်တည်လို့ သက်သေခံရလို့ ဒုက္ခတွေရင်ဆိုင်ရတဲ့အခါ ယုံကြည်ခြင်းကို မပြတ်အောင်

ဆက်ထိန်းထားဖို့လိုတယ်။ ဒါကြောင့် ခရစ်တော်က ကြိုတင်မှာကြားထားခဲ့တာပါ။ သူ့အတွက်ကြောင့်

ဒါတွေ ကြုံရမယ်။ ဒီလိုရင်ဆိုင်ရမယ်။ ဒါပေမဲ့ မကြောက်နဲ့။ သမ္မာတရားရဲ့ဝိညာဉ်တော်က သင်တို့ကို

ကူညီပေးလိမ့်မယ်လို့ နှစ်သိမ့်အားပေးထားပါတယ်။ ယုံကြည်ခြင်း မပြတ်ဘဲ ဘုရားသခင်ကို နေ့စဉ်ဘဝမှ

ာ သက်သေခံနိုင်သူတွေဖြစ်အောင် ဒီယနေ့ ဝိညာဉ်တော်ဘုရားဆီမှာ ခွန်အား ရဲရင့် ခြင်းတွေ တောင်းခံယူကြပါစို့။ 

 

Add new comment

1 + 12 =