Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဝိညာဉ်ရေးအသက်တာမှာလည်း နှလုံးသားကိုထိမိတဲ့ စကားလုံး ‘password-စကားဝှက်’တွေ ရှိတယ်
ဝိညာဉ်ရေးအသက်တာမှာလည်း နှလုံးသားကိုထိမိတဲ့ စကားလုံး ‘password-စကားဝှက်’တွေ ရှိပါတယ်။
နည်းပညာသတင်းမီဒီယာခေတ်ကြီးမှာ မိမိရဲ့ကိုယ်ရေးကိုယ်တာ အချက်လက်တွေ သိမ်းဆည်းတဲ့ ပရိုဂရမ်ထဲကို ဝင်ရောက်နိုင်ဖို့ Password-စကားဝှက် သိထားဖို့က အရမ်းအရေးကြီးတယ်ဆိုတာကို ကျွန်ုပ်အားလုံး သိရှိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးအသက်တာမှာလည်း နှလုံးသားကိုထိမိတဲ့ စကားလုံး ‘password-စကားဝှက်’တွေ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီစကားလုံးတွေက ကျွန်ုပ်တို့ရဲ့ အထိခိုက်လွယ်ဆုံးတွေကို ရည်ညွှန်းဖော်ပြနေလို့ ဖြစ်ပါတယ်။ ဖြားယောင်းသွေးဆောင်တဲ့ နတ်ဆိုးက အဲဒီလိုမျိုး ‘password စကားဝှက်’တွေကို ကောင်းကောင်း သိထားသူ ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဘက်ကလည်းမလိုချင်တဲ့အရာမဖြစ်အောင် password - စကားဝှက်တွေကို သိထားဖို့ အရေးကြီးပါတယ်။ နှောင့်ယှက်ခြင်းက အမြဲတမ်းဆိုးဝါးတဲ့ အရာတွေထဲ မဟုတ်ဘဲ မကြာခဏဆိုသလို စည်းကမ်းမဲ့တဲ့အရာတွေနဲ့ အရေးမကြီး တာကိုအရမ်းအရေးကြီးသလို လုပ်ဆောင်နေခြင်းမျိုးဖြစ်တယ်။
ဒီနည်းနဲ့ ကျွန်ုပ်တို့ကို စိတ်ညှို့တာကြောင့် လှပပြီးဆွဲဆောင်မှု ရှိတယ်လို့ ထင်ထားတဲ့အရာတွေက လှည့်စားခံရမှုဖြစ်လာကာ အဲဒီအရာတွေကြောင့် ကျွန်ုပ်တို့ နောက်ဆုံးမှာ ဝမ်းနည်းမှုနဲ့အဓိပ္ပာယ်မဲ့တဲ့ အသိတရားနဲ့ခံစားချက်တွေပဲ ကျန်ခဲ့ပါတယ်။ ဒီလိုဝမ်းနည်းမှုနဲ့အဓိပ္ပာယ်မဲ့တဲ့ သိရှိခံစားမှုတွေကကျွန်ုပ်တို့လမ်းပျောက်နေပြီး ဦးတည်ရာမှားနေကြောင်း ပြသနေတာဖြစ်တယ်။ အဲဒါတွေက ဒီဂရီ၊ လုပ်ငန်း၊ ပေါင်းသင်းဆက်ဆံရေး စသဖြင့် အားလုံးကောင်းမွန်တဲ့အရာတွေ ဖြစ်နေပေမဲ့ ဒါတွေက ကျွန်ုပ်တို့ကို မလွတ်မလပ် ဖြစ်စေရင် ကျွန်ုပ်တို့ရဲ ဂုဏ်ဖော်ပြီး လက်တွေ့မကျတဲ့မျှော်မှန်းချက်နဲ့စွန့်စားမှုဖြစ်တယ်။ ဥပမာအနေနဲ့ စာသင်ယူဖို့ သင်စဉ်းစားနေချိန်မှာ အဖွဲ့အစည်းကိုကူပြီး မိမိစိတ်ကြိုက်ကျော်ကြားလာဖို့ပဲလုပ်နေလို့ဖြစ်နိုင်မလား။
✍️ထန်းဟာ SJ ✍️
Sourc: Catholic News Service
 
         
      
      
Add new comment