သံတာမာဂရက်မေရီ

ဒီကနေ့အတွက် သံတာမာဂရက်မေရီရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။သံတာမာဂရက်မေရီသည်ယေဇူးရွှေနှလုံးတော်၏တမန်တော်ဖြစ်ပြီး(၁၆၄၇)ခုနှစ်တွင်ပြင်သစ်ပြည်ဂျနောစ်မြို့၌ဖွားမြင်ခဲ့သည်။သူမ၏ဖခင်သည်သူမငယ်ရွယ်စဉ်ကပင်ကွယ်လွန်ပြီးနောက်ပိုင်း၌သူမသည်မိမိအားကျွန်ကဲ့သို့ဆက်ဆံသူအဒေါ်၏ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံနိုင်ရည်ရှိရန်ကိုယ်တော်မြတ်စက္ကမင်တူးကိုခွန်အားရယူရာအဖြစ်သိရှိခဲ့သည်။အသက်(၂၀)အရွယ်တွင်သူမမိသားစု၏ကန့်ကွက်မှုများကြားမှပါရေလေမိုနီရယ်မြို့ရှိလှည့်လည်ကူညီရိုင်းပင်းသောသီလရှင်ဂိုဏ်းထဲသို့ဝင်ရောက်ခဲ့သည်။သူမ၏သီလရှင်လောင်းဘဝသက်တာသည်ခက်ခဲကြမ်းတမ်းခဲ့သည်။သို့သော်လည်း သူမသည်အခက်အခဲပေါင်းစုံကိုသည်းခံစွာခံထမ်းခဲ့သည်။(၁၆၇၃)ခုနှစ်ဒီဇင်ဘာ(၂၇)မှစ၍(၁၈)လပတ်လုံးသခင်ယေဇူးသည်သူမအားဘုရားကျောင်းမစ္ဆားပလ္လင်မှနေ၍ကိုယ်တိုင်ထင်ရှားပြခဲ့သည်။သခင်ယေဇူးသည်သူမအားဖိတ်ခေါ်၍ရွှေနှလုံးတော်၏ချစ်ခြင်းမေတ္တာကြီးမားပုံကိုဖော်ပြခဲ့သည်။ထို့အပြင်လူများထိခိုက်စော်ကားနေကြသောမကောင်းမှုများကိုပြန်လည်ပြုပြင်ပြောင်းလဲလာစေရန်ဆက်ကပ်ပူဇော်မှုများပြုလုပ်ရန်ပြောကြားခဲ့သည်။လ၏ပထမသောကြာနေ့တိုင်း၌ပူဇော်မှုများကိုသန့်ရှင်းစင်ကြယ်သောနှလုံးတော်ကိုပူဇော်ပြီးပြုလုပ်ရန်ကြာသပတေးညတိုင်းသန်းခေါင်မတိုင်မှီ(၁)နာရီအချိန်တွင်လည်းပြုလုပ်၍သော်လည်းကောင်းသန့်ရှင်းစင်ကြယ်သောနှလုံးတော်ပွဲနေ့ကိုကျင်းပပူဇော်ခြင်းအားဖြင့်သော်လည်းကောင့်းပူဇော်ပေးရန်ဖြစ်သည်။

သူမ၏အကြီးအကဲသည်သူမကိုမယုံကြည်၍တန်ခိုးလက္ခဏာတစ်ခုကိုပြရန်ပြောဆိုခဲ့သည်။တဆက်တည်းတွင်ရက်အနည်းငယ်ကြာပြီးနောက်ပိုင်း၌သူမသည်ထူးဆန်းအံ့ဩစွာဖြင့်အပြင်းဖျားရာမှပြန်လည်နေကောင်းလာလေသည်။ထို့နောက်မေရီသည်သခင်ယေဇူးကသူမအားမိန့်ကြားခဲ့သည့်ဆာတန်နတ်ဆိုး၏သွေးဆောင်ဖျားယောင်းခြင်းကိုမခံရစေရန်သင်၏အကြီးအကဲများသဘောမတူညီဘဲဘယ်အရာမျှမလုပ်ဆောင်နှင့်ဆိုသည့်စကားကိုပြန်လည်သတိယခဲ့သည်။ထိုအကြောင်းအရာသည်လူသိရှင်ကြားဖြစ်လာသောအခါတစ်ချို့ဘာသာရေးကျွမ်းကျင်သူများကယုံကြည်ရန်ငြင်းဆိုကြသည်။သို့ပေမယ့်ဘုန်းတော်ကြီးကလောက်စ်လာကိုကွန်ဘီးရေသည်ထိုပြသနာကိုတာဝန်ယူခဲ့ပြီးသာသနာဆိုင်ရာအကြီးအကဲများရှေ့မှောက်၌ထိုအံ့ဖွယ်ရူပါရုံကိုထောက်ခံကာကွယ်ခဲ့သည်။(၁၆၈၇)ခုနှစ်၌ယေဇူးရွှေနှလုံးတော်ကိုဂုဏ်ပြုသောအားဖြင့်ပရေးမြို့၌ဘုရားကျောင်းတစ်ခုကိုဆောက်လုပ်ပြီး ရွှေနှလုံးတော်အားသဒ္ဒါကြည်ညိုခြင်းအမှုသည်အသင်းတော်တစ်ဝှမ်းလုံး၌ပျံ့နှံ့လာခဲ့သည်။သံတာမာဂရက်မေရီသည်(၁၆၉၀)ခုနှစ်၌ကွယ်လွန်တော်မူခဲ့သည်။

Add new comment

3 + 0 =