ဘုရားသခင်သည် သခင်ခရစ်တော်၌ မိမိကိုယ်ကို လူသားများအား ဖော်ပြခြင်း

မင်းပညာရှိသုံးပါပွဲ​နေ့ တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းနှင့် ဟောကြားခြင်း

ဘုရားသခင်သည် သခင်ခရစ်တော်၌ မိမိကိုယ်ကို လူသားများအား ဖော်ပြခြင်း
ဇန်နဝါရီ ၆၊ ၂၀၁၉

မင်းပညာရှိသုံးပါပွဲ​နေ့ တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းနှင့် ဟောကြားခြင်းတွင် မင်းပညာရှိသုံးပါးကဲ့သို့ ဘုရားသခင်ကို ဖူးတွေ့လိုသော နှလုံးသားအတွက်ရှာဖွေကြရန်၊ ဟေရုဒ်​ ဘုရင်ကဲ့သို့ မိမိရာထူး၊ အာဏာ ပျောက်မည်ဆိုးသောကြောင့် သခင်ခရစ်တော်ကို ဖျက်ဆီးရန် ရှာဖွေခြင်းမျိုးမဖြစ် ရန် ဟောကြားခဲ့ပါသည်။

မင်းပညာရှိသုံးပါးသည် ကြယ်၏ အလင်းရောင်အားဖြင့် ဖော်ပြခြင်းခံခဲ့ရသလို တကယ့်စစ်မှန်သော အလင်းရောင်သည် သခင်ခရစ်တော်ဖြစ်ကြောင်း ဖော်ပြနေကြောင်း၊ ပရောဖက် အီဇာအိယ ဖော်ပြခဲ့သော အလင်းရောင်၊ ဘက်သလင်ဟင်မှာပေါ်ထွန်းခဲ့သော သူငယ်တော်လေး၏ မွေးဖွားခြင်း အလင်းရောင်သည် ကျွနု်​ပ်တို့စီသို့ ရောက်ရှိပါစေ။
ဒီကနေ့ ဧဝံဂေလိ ကျမ်းမှာ ဟေရုဒ်​ဘုရင်၏ ကြောက်ရွံမှု နှင့် မင်းပညာရှိသုံးပါးတို့၏ နှလုံးဖွင့်လျှက် ကြိုဆိုခြင်းကို ကြားနာရတယ်။

 

ဟေရုဒ်​ဘုရင်ဟာ သူရဲ့ရာထူးအာဏာ ဆုံးရုံးမှာကြောက်ရွံနေခဲ့တဲ့အတွက် စစ်မှန်သော အရာကို မမြင်ခဲ့ဘူး၊ သူရဲ့လောဘ အတ္တတွေနဲ့ပဲ ဖုံးအုပ်ထားခြင်းခံခဲ့ရတယ်။ မင်းပညာရှိသုံးပါးဟာ နှလုံးသားဖွင့်လျှက် ဆင်းသက်လာသော လောက ကယ်တင်ရှင် ဘုရင်အသစ်ကိုကြိုဆိုခဲ့ကြတယ်။ခက်ခဲကြမ်းတမ်းတဲ့ လမ်းတလျှောက် ကြယ်ရဲ့ ဦးဆောင်မူနဲ့ ဘုရင်သစ်ကို ရှာဖွေခဲ့ကြတဲ့ မင်းပညာရှိသုံးပါးဟာ အံ့သြဖွယ် ဘုရားက လူ့အဖြစ်ယူခြင်းဆိုတဲ့ သမိုင်းသစ်ကို တွေ့ခွင့်ရခဲ့ကြတယ်။

 

မင်းပညာရှိသုံးပါးဟာ ခက်ခဲကြမ်းတမ်းသော လမ်းခရီးမှာ ဇွဲရှိခဲ့ကြတယ်၊ ပြီးတော့ သူတို့မှာရှိတဲ့ တန်ဖိုးကြီးတဲ့အရာတွေကို ပူဇော်ခဲ့ကြတယ်။ သူတို့ရဲ့ ရက်ရောမူ ကိုဖော်ပြခဲ့ကြတယ်။ သူတို့ရဲ့အပြန်လမ်းမှာတော့ ထူးဆန်း​သော အရာဖြစ်တဲ့ ဆင်းရဲပြီး နှိမ့်ချသော ဘုရင်သစ်ရဲ့အကြောင်းကို သူတို့ရင်ထဲမှာ သယ်ဆောင် သွားကြတယ်။ မင်းပညာရှိသုံးပါးအနေနဲ့ ဘုရားသခင်ဟာ လူသားတွေအတွက် ကယ်တင်ခြင်းကို သခင်ခရစ်တော်၌ ပေးခဲ့တယ်ဆိုတာ ဝေမျှကြလိမ့်မယ်။

 

ကျွနု်​ပ်တို့သည် လည်း သခင်ခရစ်တော်၏ အကူအညီဖြင့် ကျွနု်​ပ်တို့အတွက် ဉာဏ်အလင်းပွင့်လင်းပြီး မင်းပညာရှိသုံးပါးကဲ့သို့ ဖူးတွေခွင်ရရှိဖို့ သိမြင်ကြဖို့ ကြိုးစားအားထုတ်ကြပါစို့။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-angelus-epi...

#angelus, #epiphany, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 3 =