ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၃) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၇၊ ၉၊ ၂၀၂၂

စက်တင်ဘာလ (၇) ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့

  လူအများသိကြတဲ့ မင်္ဂလာတရား (၈)ပါးကို ရှင်မာတေဦး ဧဝံဂေလိကျမ်းစာမှာ ဖော်ပြရေးသားထားပါ

တယ်။ ဒီနေ့ ကြားရတဲ့ မင်္ဂလာတရားကိုတော့ ရှင်လူကားကျမ်းကနေယူထားတယ်။  အချက် (၈) ချက်

ဖော်ပြထားပေမဲ့ မင်္ဂလာရှိတဲ့ အရာတွေချည်းမဟုတ်ပါဘူး။ မင်္ဂလာတရား (၄)ပါးနှင့်အတူအမင်္ဂလာတရား

(၄) ပါးကိုပါ ပူးတွဲဖော်ပြထားတာကို ထောက်ရှုကြရပါတယ်။ ပထမ (၄) ချက်မှာ ဆင်းရဲသောသူ၊ ဆာ

လောင်သောသူ၊ ငိုကြွေးသောသူ၊ မုန်းတီးကဲ့ရဲ့ အသရေ ဖျက်ခံရသောသူ တွေဟာ မင်္ဂလာရှိတယ်လို့

ဆိုထားပါတယ်။ မင်္ဂလာ (၄) ပါးရဲ့ ဆန့်ကျင်ဖက် အမင်္ဂလာ (၄) ချက် ကတော့ ကြွယ်ဝချမ်းသာသော

သူ၊ ဝလင်စွာစားသောက်ရသူ၊ ရယ်မော ပျော်ရွှင်နေကြသူ၊ ချီးမွမ်းခံရသူတွေဟာ အမင်္ဂလာ ရှိတယ်လို့

ဆိုထားပါတယ်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊ ဆာလောင်ခြင်းနှင့် ပြည့်ဝခြင်း၊ ငိုကြွေးခြင်းနှင့် ရယ်မေ

ာခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း ဒါတွေဟာ ကျွနု်ပ်တို့လူသားတွေ နေ့စဉ်ဘဝမှာ အမြဲကြုံတွေနေရတဲ့

လောကဓံတရားတွေပဲဖြစ်ပါတယ်။ ဆင်းရဲတဲ့သူဟာ မင်္ဂလာရှိတယ်လို့ ပြောရင် ချမ်းသာတဲ့သူကရော

မင်္ဂလာမရှိနိုင်တော့ဘူးလား။ ဆင်းရဲတဲ့သူတိုင်းက မင်္ဂလာ ရှိတဲ့သူ မဟုတ်ပါဘူး။ ဆင်းရဲခြင်းမှာ ဘယ်

လိုစိတ်ထားလဲ၊ ဘုရားကို ဘယ်လို ယုံကြည်အားကိုးလဲ ဆိုတဲ့ အတွင်းစိတ်ထားရှိတတ်ခြင်းမှာ လူဟာ

မင်္ဂလာရှိတဲ့သူ ဖြစ်လာတယ်။ ချမ်းသာကြွယ်ဝသော်လည်း ကိုယ့်တစ်ယောက်ထဲ အတွက် မဟုတ်ဘဲ

အများနှင့် ဝေမျှပြီး ရိုးစင်းစွာ နေထိုင်ရှင်သန်တဲ့ လူချမ်းသာတွေအများကြီးရှိပါတယ်။ ဒီလိုလူတွေဟာ

လည်း မင်္ဂလာရှိတဲ့သူတွေပါပဲ။ လူတိုင်းလိုလို ပြီးပြည့်စုံတဲ့ဘဝကို တက်မက်လိုချင်ကြတာပါပဲ။ ဒါပေမဲ့

ဘဝကြီးက လူတိုင်း ကိုတော့ ပြည့်စုံနေအောင် ဘယ်ပေးပါ့မလဲ။ ဘုရားက လူကို အတွေ့ကြုံတွေကနေ

သင်ခန်းစာပေးတယ်။ ရင့်ကျက် ကြီးထွားရှင်သန်စေပါတယ်။ လူတွေလိုချင်တာက ချမ်းသာကြွယ်ဝမှု၊

ဘုရားက ဆင်းရဲခြင်းကနေ တကယ်စစ်မှန်တဲ့ ချမ်းသာ သုခဆိုတာဘာလဲဆိုတာကို သိစေတယ်။

လူတွေလိုချင်တာ ပြည့်ဝမှု။ ဘုရားက ဆာလောင်တတ်ခြင်းကနေ ပြည့်ဝတဲ့အရာကို တန်ဖိုးထားစေပါ

တယ်။ လူတွေလိုချင်တာ ရယ်မောပျော်ရွှင်စွာနေရခြင်း။ ဘုရားက ငိုကြွေးပူဆွေးခြင်းက နေ စစ်မှန်တဲ့

ပျော်ရွှင်မှုကို ရှာဖွေစေတယ်။ လူတွေလိုချင်တာ ချီးမွမ်းမြောက်စားခြင်း။ ဘုရားက ကဲ့ရဲ့ အပြစ်တင်ခံရတဲ့

အထုအထောင်းတွေကို ကြံကြံခံရင်း သန်မာစေချင်တယ်။ 

  ဒီနေ့ ကြားရတဲ့ ဘုရားရဲ့ နှုတ်တော်ထွက်စကားကို နာယူပြီး ဘဝရဲ့ စိန်ခေါ်သံတွေကို မှန်ကန်စွာ တုန့်ပြန်ကြ

ရမှာဖြစ်ပါ တယ်။ လူတွေ ထောင်ပေါင်းမက ဆာငတ်နေကြတယ်။ ငိုကြွေးနေကြတယ်။ အိမ်ခြေယာမဲ့

ဒုက္ခဆင်းရဲခြင်းတွေ ရင်ဆိုင်နေရတယ်။ ညှင်းပမ်းခြင်းတွေကို နေ့စဉ်နဲ့အမျှ ခံစားနေကြရတယ်။ ဒါတွေကို

မျက်ကွယ်ပြုပြီး ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ကိုယ့်တစ်ဖို့ထဲကြည့်တဲ့သူဟာ

ယနေ့ခေတ်မှာ အမင်္ဂလာရှိတဲ့သူတွေ ဖြစ်ပါတယ်။ မင်္ဂလာဆိုတဲ့ မြန်မာစကားကို သေချာကြည့်ပါ။

ကြည်နူးစရာကောင်းတဲ့ တန်ဖိုးရှိတဲ့ စကားလုံးလေးပါ။ ဒါရဲ့ ဆန့်ကျင်ဖက် အမင်္ဂလာဆိုတာကြီးက ကျိန်ဆဲခံ

ရခြင်းတစ်မျိုးပါပဲ။ မင်္ဂလာကင်းမဲ့တဲ့ဘဝ၊ စာနာမှုမရှိတဲ့ဘဝ၊ ဘုရားပေးထားတဲ့ လမ်းစဉ်အတိုင်း မရှင်သန်

တဲ့ဘဝအသက်တာဖြစ်ပါတယ်။ ဘုရားဟောတရားကို ရင်ဝယ်ထားပြီး စစ်မှန်တဲ့ မင်္ဂလာရှိသူ တွေဖြစ်အောင်

ကြိုးစားကျင့်ကြံရင်း တရားခွန်အားတွေ ရကြပါစေ။

Add new comment

4 + 0 =