Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၀) ကြိမ်မြောက် စနေနေ့ သြဝါဒ ၂၀၊ ၈၊ ၂၀၂၂
သာမန်ကာလ(၂၀)ကြိမ်မြောက်စနေနေ့
ယေဇူးဘုရားရှင်မိန်တော်မူတာကကျမ်းတတ်ဆရာတို့နှင့် ဖါရီဇေဦးတို့သည်မိုးဇယ်၏တရားပလ္လင်ပေါ်မှာ
နေရာယူထားကြလိုသူတို့ဟောပြောတာကိုလိုက်နာကျင်ကြံကြပါ။ ဒါပေမဲ့သူတို့ကျင့်သောအကျင့်ပုံစံ
ကိုအတုမယူကြနဲ့လို့ မိန့်တော်မူပါတယ်။ ဒီလောက်သူတော်ကောင်းယောင်ဆောင်နေတဲ့ကျမ်းတတ်ဆရာ
တွေ၊ ဖါရီဇေဦးတွေရဲ့ဟော ပြောချက်ကိုတောင်သခင်ရေဇူးကလိုက်နာကျင့်ကြံဖို့မိန့်တော်မူထားခဲ့သေးတာ
ဘဲ။ ကျနော်တို့ကကာဒီနယ်တို့၊ ဆရာတော်တို့ရဲ့ဟောပြောသွန်သင်ချက်ကိုဘာကြောင့်မလိုက်နာမကျင့်ကြံပဲ
နေရမှာလည်း။ ကောင်းတာကိုဟောပြောသွန်သင်တဲ့ဘယ်သူကိုမဆိုနားထောင်ရမှာပဲ။ ဒါဝိဒ်မင်းကသူမယား
ကိုပြစ်မှာပြီးသူယောကျ်ားကိုသေကြောင်းကြံတဲ့အတွက်ကြောင့်ဒါဝိဒ်မင်းရေးခဲ့တဲ့ဆာလံကျမ်းကိုမဖတ်ပဲနေ
ကြတော့မှာလားဗျာ။ ကျမ်းတက်ဆရာတွေ၊ ဖါရီဇေဦးတွေကသူတိုဟောပြောတာကိုသူတို့ ကိုယ်တိုင်ကမကျင့်
ကြံ မနေထိုင်ကြတာကသူတိုအပြစ်။ "ကျနော်တိုကတော့အကောင်းမှန်သမျှကိုလက်ခံနာခံကြရမယ်"ဘာဆင်ခြေ
မှပေးစရာမလိုပါဘူး။ ကိုယ်မျက်စီထဲမှာရှိတဲ့သစ်တုံးကြီးကိုတော့မမြင်ပဲနဲ့သူတပါးလာဆုံးမ မနေနဲ့လို့လည်းပြန်
ပြောစရာမလိုဘူး။ ကိုယ့်ကိုယ်တိုင်ခြောက်ပြစ်ကင်းသဲလည်းစင်မှ၊ ကိုယ့်ကိုယ်တိုင်အပြစ်ကင်မှသူတပါးကိုဆုံးမ
သွန်သင်ရမယ်ဆိုရင် သင့်ကိုဆုံးမသွန်နိုင်မယ်သူတစ်ယောက်မျှရှိမှာမဟုတ်တော့ဘူး။ ကျနော်တို့ဟာသံပေါလူးရဲ့
တရားနာပရိတ်သတ်လို့ဖြစ်ရမယ်။ တရားနာပရီတ်သတ်ကသံပေါလူးရဲ့စကားကိုသံပေါလူးစီကလာတဲ့စကားလို့မခံ
ယူပဲဘုရားသခင်စီကလာတဲ့စကားလို့ခံယူကြတယ်။ ဒါကြောင့်လည်းပဲနှုတ်တော်ထွက်စကားကိုကြားနာပြီးပြောင်းလဲ
ခဲ့ကြတာပေါ့။ ဘာသာသူအပေါင်းတို့လည်း ဘယ်သူပါးစပ်ကထွက်တဲ့တရားစကားပဲဖြစ်ဖြစ်နာခံပါကျင့်ကြံပါ။
နာဆင်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။
Add new comment