Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဩဂုတ်လ ပုပ်ဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်ကတော့အသေးစား စီးပွါးရေးလုပ်ငန်း အတွက်
ဩဂုတ်လ ပုပ်ဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်ကတော့အသေးစား စီးပွါးရေးလုပ်ငန်း အတွက် ဖြစ်ပါတယ်။
ကပ်ရောဂါနဲ့ စစ်မက်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ကမ်ဘာကြီးမှာ ကြီးမားတဲ့ လူမှု-စီးပွါးရေး အကျပ်အတည်းတွေ ရင်ဆိုင် တွေ့ကြုံ စေပါတယ်။ အဲဒါကို ကျွန်ုပ်တို့ အားလုံးက သတိမမူကြသေးပါဘူး။ အထိခိုက်ရဆုံးကတော့ အသေးစားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အလုပ်ရုံ၊ သန့်ရှင်းရေးလုပ်ငန်း၊ ကုန်စုံဆိုင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြားသော စီးပွါးရေးတွေ ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံးစာရင်းထဲ မပါကြတဲ့လုပ်ငန်းတွေဟာ အခက်အခဲတွေကြားမှာ အလုပ်တွေကြိုးစား ဖန်တီးကြပြီး သူတို့ရဲ့ လူမှုရေးတာဝန်တွေကို ဖြည့်ဆည်းနေကြပါတယ်။ သူတို့ရဲ့ငွေကြေးကို အတိုးရဖို့ဘဏ်ကြီးတွေထဲ သိမ်းထားမဲ့အစား အများကောင်းကျိုးအတွက် မြုပ်နှံထား ကြတယ်။ သူတို့အားလုံးဟာ အောက်ခြေကနေ ပြောင်းလဲအောင် ပြောင်မြောက်တဲ့ ဖန်တီးတီထွင်မှုတွေ လုပ်ဆောင်ကြပြီး အဲဒီလို သူတို့ နေရာကနေ အကောင်းဆုံး ဖန်တီးတီထွင်မှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ဘဝမှာ ပေးဆပ်မှု၊ သတ္တိနဲ့ အလုပ်အခွင့်အရေးတွေဖန်တီးပြီး လူအများကောင်းကျိုး သယ်ပိုးနေကြပါတယ်။ ကျွန်ုပ်တို့ဟာ အထိနာတဲ့ အသေးစားနဲ့အလတ်စား လူမှု-စီးပွါးရေး လုပ်ငန်းများ အတွက် ဆုတောင်း ပေးခြင်းဖြင့် သူတို့ဟာ လူ့အဖွဲ့အစည်းအကျိုးအတွက် ဆက်လက် စီးပွါးရေး နည်းလမ်း ရှာဖွေ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
✍️ထန်းဟာ SJ
Source: Catholic News Service
#rvamyanmar #rvapastoralcare #PopeFrancisIntentionsforAugust
Add new comment