Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် George ရွှေထွန်း(ရန်ကုန်) သာမန်ကာလ (၁၈) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၃၊ ၈၊ ၂၀၂၂
နှိမ့်ချလို့နိမ့်ကျမသွားပါဘူး။ သို့သော်လူတိုင်းတော့မလုပ်နိုင်ကြပါဘူး၊ မာနတွေကတားဆီးထားလို့။ နတ်ဆိုးမှ
ာလည်းတန်ခိုးအစွမ်းတွေရှိလို့အတော်များများလုပ်နိုင်ပေမယ့် သူမလုပ်နိုင်တာဟာ နှိမ့်ချခြင်းနဲ့ဘုရားရှေ့အရှုံး
မပေးချင်တာပါပဲ။နှိမ့်ချခြင်းဟာ ကိုယ့်ကိုယ်ကို အထင်ကြီးမာနထားသူအတွက် ကျင့်ဖို့အလွန်ခက်တဲ့ပါရမီတခုပါ။
နှိမ့်ချခြင်းဟာ တန်ဖိုးကြီးပါတယ်၊ အကျိုးများလှပါတယ်။ ချစ်တတ်တဲ့သူဟာနှိမ့်ချတတ်ပါတယ်။ ဒီနေ့အသက်ပေး
တဲ့နူတ်ကပဉ်တော်၊ ရှင်မာတေဦးဧဝံဂေလိကျမ်း ၁၅: ၂၁-၂၈မှာ ယုံကြည်နှိမ့်ချဇွဲနဲ့ဆုတောင်းတဲ့အခါ ဘုရားကချစ်
သနားခြင်းနဲ့ပေးတယ်ဆိုတဲ့အချက်ဟာ နှလံုးသွင်းစရာပါ။ ယနေ့ကျမ်းစာပါ ခါနန်အမျိုးသမီးက နတ်ဆိုးညှဉ်ဆဲခြင်
းကိုပြင်းစွာခံစားနေရတဲ့သမီးလေးအား ကုသပေးဖို့ ကိုယ်တော်ရှင်ထံ အားကိုးခြင်းနဲ့တောင်းလျှောက်ခဲ့တယ်။
အိုသခင်၊ ဒါဝိဒ်ရဲ့သားတော် ကျွန်မသမီးလေးကိုကယ်ပါလို့တောင်းလျှောက်ပေမယ့် ကိုယ်တော်က သူမအားစကားတ
ခွန်းမှမတုန့်ပြန်ခဲ့ဘူး၊ ဒီလိုအဖက်မလုပ်သလိုပြုမူခြင်းက သူမအတွက် အားလျှော့စိတ်ပျက်စရာဖြစ်ပေမယ့် ဇွဲမလျော့
ခဲ့ဘူး၊ ဒီလိုသူမနောက်ကလိုက်အော်ဟစ်နေတော့ တပည့်တော်တွေက သူမကိုပြန်ပြောလွှတ်ပါလို့ ကိုယ်တော်ကိုတောင်း
ခံကြတယ်၊ သူမကိုအများက ငြူစူပေမယ့်လည်း သမီးလေးအတွက်အမေတယောက်ရဲ့ မေတ္တာကကြီးနေတော့ ဒီအချက်
ကလည်းသူမကိုနောက်မဆုတ်စေခဲ့ပါဘူး။
နောက်တချက်အနေနဲ့ သူမရဲ့ယုံကြည်ခြင်းကိုစမ်းတဲ့အနေနဲ့ကိုယ်တော်သံုးတဲ့စကားကတော်တော်ကြမ်းပါတယ်။
ကိုယ်တော်က သားသမီးတို့ရဲ့အစားအစာကို ယူ၍ ခွေးတို့အားချမကျွေးသင့်ဘူး၊ ဒီစကားက ခွေးနဲ့အနှိုင်းခံရတဲ့သူမ
အတွက် အင်မတန်နာကျဉ်းဒေါသထွက်စရာပါ။ သို့သော်လည်းပဲ သူကဒီလိုပြောရကောင်းလားလို့အပြစ်မတင်တဲ့အပြင်
သူမက "မှန်ပါ၏ သခင်၊ ခွေးတို့ပင်လျှင် မိမိတို့သခင်၏ စားပွဲမှကျသော မုန့်အစအနများကို စားကြရပါသေးတယ်လို့ပြန်
လျှောက်ပါတယ်။ ဒါကြောင့်သူမရဲ့ ယံုကြည်ခြင်း၌ ယိမ်းယိုင်ခြင်းခြင်းမရှိဘဲ၊ ဆုတောင်းတဲ့အတိုင်းရမယ့်ဆိုတဲ့ယုံကြည်
စောင့်မျှော်ခြင်းကို ကိုယ်တော်တိုင်ချီးမွမ်းပါတယ်၊ သူမရဲ့အလို ဆန္ဒကိုလည်းဖြည့်ပေးပါတယ်။ ခရစ်တော်ယေဇူးဘုရားရဲ့
တောင်းရင်ရမယ်ဆိုတဲ့ကတိစကားကသေချာပါတယ်။
တစ်ချို့ဘာသာတူတေွက ကိုယ်လိုချင်တာကို "စု' ပြီးတောင်းကြတယ်။ တစ်ချို့ကမရမက'ဇွတ်'တောင်းတာလဲရှိတယ်။
တချို့ဆုတောင်းမပြည့်ဘူး၊ မရဘူးပြောကြတယ်၊ တကယ်တော့ ပူဆာတာတွေများပြီး ပူဇော်တာနည်းလို့ပါ။ လိုအပ်တာ
မဟုတ်ပဲ မိမိ အတ္တအတွက် လိုချင်တာတွေ ဇွတ်တောင်းနေလို့ပါ။ ဘုရားကလိုအပ်ရာပေးပါတယ်။
ဓမ္မမိတ်ဆွေတို့၊ ဆုတောင်းပါ၊ ဇွတ်မတောင်းပါနဲ့၊ ပူဆာတာတွေလျော့ပြီး၊ ပူဇော်တာများများလုပ်ပါ၊ ဒီနေ့ကျမ်းစာပါခါနန်
အမျိုးသမီးက နှိမ့်ချသောစိတ်နဲ့အပြောခံအဆိုခံပြီးမိမိစိတ်ကိုပူဇော်ဆက်ကပ်တောင်းလျှောက်ခဲ့ခြင်းက အတုယူစရာပါပဲ။
လိုချင်တာထက်လိုအပ်ရတောင်းပါ ရကိုရပါလိမ့်မယ်။ ဘုရားရှင်ကျွန်ုပ်တို့လိုချင်တာထက် လိုအပ်တာကို နည်းမျိုးစုံနဲ့ဖြည့်
ဆည်းပေးတတ်တယ်ဆိုတာကို မမေ့မလျော့ကျေးဇူးတင်နှလုံးသွင်းကြပါစို့၊ ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်း
ကြပါစေ။
Add new comment