သန့်ရှင်းသောအိမ်ထောင်စုပွဲ​နေ့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သြဝါဒ


သန့်ရှင်းသောအိမ်ထောင်စုပွဲ​နေ့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သြဝါဒ
ဒီဇင်္ဘာ ၃၀၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့ တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး မယ်တော်မာရီယား နှင့် ရှင်ဂျိုးဇက်တို့၏ အံသြတွေဝေမှုနှင့် စိတ်လှုပ်ရှားခဲ့မှုကို အခြေခံပြီးဟောကြားခဲ့ပါသည်။ အံသြခြင်း၊ အံအားသင့်စေခြင်းသည် ရုံးနိမ့်ခြင်းမဟုတ်သလို အခွင့်အရေးယူခြင်းလည်းမဟုတ်ဘူး၊ အံသြခြင်း၊ အံအားသင့်စေခြင်းဆိုတာ မိမိကိုယ်ကို တပါးသူအတွက် လမ်းဖွင့်ပေးလိုက်ခြင်းသာဖြစ်တယ်၊ ယင်းကဲ့သိုသော စိတ်နေစိတ်ထားသည် မိသားစုအတွင်းက ဒဏ်ရာတွေကို ဖော်ထုတ်ကုသခြင်း၊ ပြန်လည်သင့်မြတ်စေသော ဆက်ဆံရေးကို တည်ဆောက်ပေးသော အရေးပါသည့် စိတ်နေစိတ်ထားဖြစ်တယ်။

မယ်တော်မာရီယား နှင့် ရှင်ဂျိုးဇက်တို့၏ ဘုရားသခင်အပေါ်မှာကြီးမားသောယုံကြည်ခြင်းကို အခြေခံပြီး အလွန်ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြင့်တည်ဆောက်ထားသော နာဇရက်မြို့ က သန့်ရှင်းသော အိမ်ထောင်စုလေးဖြစ်တယ်။

 

တနင်္ဂနွေနေ့ သမ္မာကျမ်းစာတွင် ဂျေရုဆလင်မြို့ မှ ပါစကားပွဲတက်ရောက်ခဲ့ပြီး အပြန်တွင် မိသားစုနှင့်အတူပါမလာသော ယေဇူးသူငယ်တော် အကြောင်း သူငယ်တော်ကို ပြန်ရှာကြရာတွင် သုံးရက်မြောက်သောနေ့တွင် ကျမ်းတတ်​ဆရာမျာနှင့် ဗိမ္မာန်တော်တွင် ဆွေးနွေး နေစဉ်အံသြစွာ တွေ့ရှိခဲ့ရသည်​။ တွေ့ရှိစဉ်တွင်မယ်တော်မှ သင့်ဖခင်နှင့် ငါသည် သင့်ကို စိတ်ပူပန်လျှက် သင့်ကိုရှာခဲ့ကြရပြီ ဟုပြောဆိုခဲ့ပါသည်။ မယ်တော်မာရီယား နှင့် ရှင်ဂျိုးဇက်တို့၏ အံသြတွေဝေမှုနှင့် စိတ်လှုပ်ရှားခဲ့မှုကို အခြေခံပြီး ရှင်းပြရာတွင် နာဇရက်မြို့က မိသားစုလေးကို ဘာလို့သန့်ရှင်းသော မိသားစုလို့ တင်စားခဲ့တာလဲဆိုတော့ မယ်တော်မာရီယား နှင့် ရှင်ဂျိုးဇက်တို့၏ ဂရုစိုက်ခြင်း အာရုံအားလုံးသည် သခင်ယေဇူး ထံတွင် ဗဟိုပြုထားသောကြောင့်ဖြစ်တယ်။

 

မယ်တော်မာရီယား နှင့် ရှင်ဂျိုးဇက်တို့ သူငယ်တော်ပြောက်လို့ သုံးရက်တိုင်အောင် စိတ်ပူပန်လျှက် ရှာဖွေခဲ့ကြတယ်။ အဲ့ဒီလိုပါပဲ ကျွနု်​ပ်တို့ အယောက်တိုင်းဆီရဲ့ဘဝမှာ သမ္မာကျမ်းစာ ကို မဖတ်ရှုဘဲ ရက်ရှည်လများနေထိုင်ခြင်း၊ ဆုတောင်းမူ့မကင်မဲ့သောအသက်တာ၊ သခင်ခရစ်တော်ကိုမေ့လျှော့နေသောအချိန်ကာလ၊ သခင်ခရစ်တော်နှင့်ဝေကွာနေသော အသက်တာတို့တွင် စိုရိမ်ပူပန်စိတ် တို့ဖြင့်ပြည့်နှက်နေပါလိမ့်မည်။ မယ်တော်မာရီယား နှင့် ရှင်ဂျိုးဇက်တို့ဟာ သူငယ်တော်ကို ဗိမ္မာန်တော်မှာ ပြန်လည်တွေ့ရှိခဲ့တယ်၊ ကျွနုပ်တို့လည်ရှာဖွေကြရမယ်။ ဘုရားသခင်စံပယ်တော်မူရာ ဗိမန်တော်မှာ ရှာဖွေကြရမယ်။ အထူးသဖြင့် ကျွနု်​ပ်တို့တွေ့ကြုံနေရသော အခက်အခဲများဖြေရှင်းရန် ခွန်အားပေးသော ဘုရားသခင်၏ နုတ်​ကပတ်တော် နှင့် ဝိညာဉ်ခွန်အား ဖြည့်တင်းပေးသော ကိုယ်တော်မြတ်စက္ကရမင်းတူး တို့၌ ရှာဖွေခိုလုံကြရမယ်။ ကမ္ဘာပေါ်ရှိမိသားစုများအားလုံးအတွက်နှင့် အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းမူ၊ ပျော်ရွှင်မူကင်မဲ့နေသောမိသားစုများ ကို ဘုရားသခင်ထံပူဇော်ဆက်ကပ် ဆုတောင်ပေးကြပါစို့။

 

 

https://www.vaticannews.va/en/pope/news/2018-12/pope-reflects-on-holy-fa...

#holyfamily #pope, #angelus, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

14 + 3 =