Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၁၃)ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၊ ၇၊ ၂၀၂၂
ကျန်းမာခြင်းဟူသောကောင်းမြတ်ခြင်းကိုလူ သတ္တဝါတိုင်းနှစ်သက်ကြပါတယ်၊ လူဟာသေမျိုးဆိုပေမယ့်၊
မသေချင်ကြပါဘူး၊ ဒါကြောင့်လည်း မသေချင်လို့ဆေးရုံဆေးခန်းမှာ ငွေကုန်ကြေးကျခံပြီး ကြိတ်ကြိတ်တိုးတန်
းစီကုသနေကြတယ်၊ ကုသပေးနိုင်တဲ့ဆရာဝန်၊ သမားတော်တွေနောက်လိုက်ကြတယ်၊ ယနေ့ကိုယ်တော်ပြောသလို
နေမကောင်းဖျားနာသူသာ ဆရာဝန်ကိုလိုအပ်ပါတယ်။ နောက်တချက်အနေနဲ့ စဉ်းစားမေးခွန်းထုတ်ရမှာက၊
"ကျွန်ုပ်တို့ကောကျန်းမာနေကောင်းကြရဲ့လား"၊ အမြဲတမ်းလုံးဝကျန်းမာစိတ်ချမ်းသာနေသူဆိုတာမရှိပါဘူး၊ ဒါကြောင့်
ကျွန်ုပ်တို့ဆရာဝန်လိုအပ်ပါတယ်၊ ငါကျန်းမာတယ်၊ ဆရာဝန်မလိုအပ်ပါဘူးလို့ မာနကြီးမနေကြပါနဲ့၊ သခင်ယေဇူး
ခေတ်အခါကာလမှာ၊ လူတစ်ယောက်ရဲ့ ရောဂါဝေဒနာခံစားရခြင်းဟာ ထိုသူရဲ့အပြစ်နဲ့ဆက်သွယ်မူရှိတယ်လို့
မှတ်ကြတယ်။ လူအများဟာရောဂါသည်များနဲ့ အပြစ်ရှိသူများကို ကူပေးထူပေးဖို့ထက်အပြစ်တင်၊ အပြစ်မြင် ရှောင်
ရှားချင်ကြတယ်၊ အပြစ်သားမို့ပစ်ထားချင်ကြပါတယ်၊
သို့သော် ဒီနေ့ ရှင်မာတေဦး ဧဝံဂေလိကျမ်း (၉:၉-၁၃)မှာ ကာယပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာ၊
ဝိညာဉ်ပိုင်းဆိုင်ရာကုသပေးနိုင်သူစစ်မှန်သော သမားတော်ကြီးဖြစ်တဲ့ခရစ်တော်သခင်ယေဇူးဘုရားရှင်ကတော့
အပြစ်သားလို့အများခံယူထားတဲ့အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူစားတယ်၊ နှစ်သိမ့်ကုသမူတွေပေးပါတယ်။
ဘုရားရှင်က ကျွန်ုပ်တို့ကို အပြစ်သားမို့ပစ်မထားပါဘူး။ ကျွန်ုပ်တို့အပြစ်သားအချင်းချင်းသာ မနာလိုဝန်တို မကောင်း
စိတ်နဲ့ ဝေဖန်နေတတ်ကြတယ်။ ဝမ်းနည်းစရာကောင်းလှပါတယ်။ တကယ်တော့ ကိုယ်တော်ရှင်ရဲ့ "ငါဒီလောက
ကိုကြွလာခြင်းဟာ ဖြောင့်မတ်သူတွေကိုခေါ်ရန်အတွက်လာတာမဟုတ်ဘူး၊ အပြစ်သားတွေအတွက်ကြွလာတာဖြစ်တယ်။
ဆိုတဲ့တရားဟာ အပြစ်သားကျွန်ုပ်တို့အတွက်အားတက်စရာပါပဲ၊ ဒါကြောင့် မိမိကိုယ်ကို အပြစ်သားဆိုတာကိုသိရှိဝန်ခံလျက်၊
နောင်တယူပြောင်းလဲကာ၊ သိမ်ငယ်သောစိတ်ဖြင့်မဟုတ်ပဲ၊ နှိမ့်ချသောစိတ်နဲ့ ကိုယ်တော်ရှင်ရဲ့ သနားကရုဏကို ယုံကြည်အား
ကိုးပြီး သူရဲ့လိုက်နာလုပ်ဆောင်စေလိုသောစေခိုင်းချက်များကို တသွေမတိမ်းလိုက်နာလျှက်၊ မေတ္တာရ၍ မေတ္တာမျှနိုင်သော
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်မာခြင်း၊ ဝိညာဉ်၏ ခွန်အား၊ ပြည့်ဝသူများဖြစ်နိုင်ကြပါစေ၊
(ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။)
Add new comment