Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ တစ်ကမ္ဘာ လုံးအတွက် ခရစ္စမတ် ကောင်းကြီးမင်္ဂလာ
ဒီဇင်္ဘာ ၂၅၊ ၂၀၁၈
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ တစ်ကမ္ဘာ လုံးအတွက် ခရစ္စမတ် ကောင်းကြီးမင်္ဂလာပေးခြင်းတွင် ညီကိုမောင်နှမစိတ်ကို အဓိကထား ဟောကြားခဲ့ပါသည်။
ခရစ္စမတ်ဟာ ဘုရားသခင်သည် ကောင်းမြတ်တော်မူသော အဖ ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးသည် ညီကိုယ်မောင်နှမ များဖြစ်ကြကြောင်းကို ကျွန်ုပ်တို့ကိုလာရောက်ပြောကြားသော သူငယ်တော်လေးရဲ့ အကြောင်းပဲဖြစ်ပါသည်။ သခင်ခရစ်တော်သာ ကျွန်ုပ်တို့အားလုံးကို ညီကိုမောင်နှမစိတ်ရင်းကျေးဇူးတော် မပေးခဲ့လျှင် အနှစ်သာရ မဲ့သောကမ္ဘာကြီးသာဖြစ်နေပြီး တရားမျှတသောကမ္ဘာကြီးကို တည်ဆောက်နိုင်ကြမည်မဟုတ်ပါ။ ထို့အတွက်ကြောင့် ကျွန်ုပ်၏ ခရစ္စမတ် ဆန္ဒသည် လူသားတိုင်းညီကိုယ်မောင်နှမစိတ်ထား ပြည့်ဝကြဖို့ဖြစ်ပါသည်။
ဘာသာမတူခြင်း၊ အတွေးအခေါ်မတူခြင်း၊ ယဉ်ကျေးမှု မတူခြင်း၊ နိုင်ငံမတူခြင်း စသည် မတူကွဲပြားမှု့များကို အဓိကမထားကြဘဲ အယောက်တိုင်းစီသည် ညီကိုယ်မောင်နှမစိတ်ထား ဖြင့်ရှင်သန်ကြစေလိုကြောင်း၊ ကျွန်ုပ်တို့တွေကြုံရသော မတူကွဲပြားမှုတို့သည် ကျောက်စီ ပန်းချီဆရာ တစ်ဦး၏ လက်ထဲမှာရှိသော ရောင်စုံကျောက်တုံးကလေးများကဲ့သို့ လှပသောပန်းချီကားတစ်ခုဖြစ်လာဖို့ ကြွယ်ဝသော အရင်းအမြစ်များဖြစ်ကြပါသည်။ ကျွန်ုပ်တို့အားလုံး၏ မိဘဖြစ်သောဘုရားသခင်သည် ကျွန်ုပ်တို့ကိုညီကိုမောင်နှမဟူသော ခိုင်မာသော အခြေခံနှင့် ခွန်အားပေါ်တွင် ပေါင်းစည်းပေးခဲ့ပါသည်။
- အီဇရာအဲ နှင့် ပါလက်စတိုင်း ဒေသတို့တွင် နှစ်ပေါင်း ၇၀ ကြာ ဒုက္ခရောက်စေခဲ့သောပြသနာများ အဆုံးသတ်ရန်၊ ဘုရားသခင်ရွေးချယ်ခဲ့သောနေရာကို ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ပြသနိုင်ဖို့ရန် ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် ညှိနိုင်းဆွေးနွေးခြင်းများပြန်လည်ပြုလုပ်စေလိုကြောင်း
- ဆီးရီးယား ဒေသအတွက် နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပေါ်နေသော စစ်ပွဲများအပြီး ညီကိုမောင်နှမ စိတ်ဓာတ်များ ဖော်ဆောင်ကြရန် နှင့် စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူများ မိမိနေရင်းဌာနသို့ပြန် နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်စေလိုကြောင်း
- အာဖရိက ဒေသ အတွက် သန့်ရှင်းဖြူစင်သောသူငယ်တော် ငြိမ်းချမ်းရေး၏ အရှင်သခင်၏ ကျေးဇူးတော်ဖြင့် စစ်ပွဲများ ရပ်တန့်စေပြီး ငြိမ်းချမ်းရေး၏ ရောင်ခြည်ဦး အာဖရိကတိုက် တစ်ခုလုံးတွင် ထွက်ပေါ်လာစေရန်အတွက်
- ကိုရီးယားကျွန်းဆွယ်အရေးအတွက် ခိုင်မာတောင့်တင်းသော ညီကိုမောင်နှမ စိတ်ဓာတ်ကို ဒီနှစ်ထဲတွင်ဖြစ်ပေါ်လာရေးအတွက် ဆုတောင်းပေးကြောင်း
- ဗင်နီဇွဲးလား ဒေသအတွက် နိုင်ငံဖွံဖြိုးတိုးတက်ရေးများကို အတူတကွ ညီကိုမောင်နှမ စိတ်ဖြင့် လုပ်ဆောင်နိုင်ကြရန် အချင်းချင်းဖြေလျှော့ပြီး ပြန်လည်သင့်မြတ်ကြကာ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးအတွက် မျှော်လင့်ကြောင်း
- ယူကရိန်း ဒေသအတွက် နိုင်ငံတိုင်ရရှိရမည့်အခွင့်အရေးကို လေးစားခြင်းအားဖြင့် စိတ်သက်သာရရာခြင်း၊ ရေရှည်တည်တန့်သောငြိမ်းချမ်းရေး ကို မွေးဖွားလာသောသူငယ်တော်လေးမှ ယူဆောင်လာပေးရန် မျှော်လင့်ကြောင်း
- နီကာရာဂွာ ဒေသအတွက် နိုင်ငံ၏ အနာဂတ်ကို ပြန်လည်သင့်မြတ်ခြင်းနှင့် အတူတကွ တည်ဆောက်ခြင်းတို့ဖြင့် အချင်းချင်းကြားတွင် ညီကိုယ်မောင်နှမ စိတ်များပြန်လည်ပေါက်ဖွားလာစေရန် အတွက်ဆုတောင်းပေးခြင်း၊
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဆုတောင်းပေးခဲ့ပါသည်။
မနှစ်မြို့သော အရပ်ဒေသတွင် ခက်ခက်ခဲခဲ ခရစ္စမတ် ပွဲကိုကျင်းပနေကြရသောသူများအတွက် လူနည်းစုအဖွဲ့အစည်းလေးများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရိုသေလေးစားကြစေရန် ဆုတောင်းပေးခဲ့ပါသည်။
နွားစားခွက်ထဲမှာရှိသောသူငယ်လေးမှ အစွန့်ပစ်ခံလူသားများ၊ အားကိုးရာမဲ့ကလေးငယ်များ၊ ကမ္ဘာပေါ်ရှိကလေးသူငယ်များအားလုံးကို ကာကွယ်စောင့်ရှောက်ရန် ဆုတောင်းပေးပါသည်၊ ဒီကမ္ဘာပေါ်တွင် ဘုရားသခင်သည်ငါတို့ကိုချစ်တယ်။ သူရဲ့ချစ်ခြင်းမေတ္တာကြောင့် တစ်ဦးနှင့်တစ်ဦး ညီကိုမောင်နှမအဖြစ် ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ကြခြင်းကိုသတိပြုပြီး သခင်ခရစ်တော် ကယ်တင်ရှင် မွေးဖွားခြင်းကြောင့် လူသားတိုင်း နှစ်သိမ့်မှု့ ငြိမ်းချမ်းမူများခံစားကြရပါစေ ဟု ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဆုတောင်းပေးခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2018-12/pope-francis-urbi-orbi-christmas-message.html
#christmas, #blessing, #pope, #message,#peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment