Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် David တိုးဝေအောင်(မန္တလေး) သာမန်ကာလ (၁၂) ကြိမ်မြောက်အင်္ဂါနေ့ သြဝါဒ ၂၁၊ ၆၊ ၂၀၂၂
သခင်ခရစ်တော်၌ ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို ဒီနေကြာနာခဲ့ရတဲ့ (မာတေဦး ၇:၆၊၁၂-၁၄) မှာ ကိုယ်ရှင်က
သူရဲ့တမန်တော်ကြီးများနဲ့အတူကျွန်ုပ်တို့ကိုကျင်ကြံရန် တရား ၃ ခုကိုြမွတ်ြကားခဲ့ပါတယ်။
ပ- ချက်အနေနဲ့ အခန်းကြီး ၇ အခန်ငယ်၆မှာ ကိုယ်တော်ရှင်က တမန်တော်တွေကိုခွေးတွေနဲ့ ဝက်တွေရဲ့ရှေ့မှာသန့်ရှင်းတဲ့
အရာတွေကိုမချထားဖိုသွန်သင်ပါတယ်။ သမ္မာကျမ်းစာတော်မြတ်မှာ အထူးသဖြင့် ဓမ္မဟောင်းကျမ်းမှာခွေးများနဲ့
ဝက်များကိုမနှစ်မြို့ဖွယ်သတ္တဝါအဖြစ်သတ်မှတ်ထားတာတွေရပါတယ်။ ဖန်ဆင်းခံသတ္တဝါတွေထဲ့မှာနှိမ့်ညံ့တယ်
လို့ခံယူထာကြတယ်။ ဒါကြောင့် မိမိမနှစ်မြါဒ့တဲ့သူကိုလဲခွေးများဝက်မျာနဲ့ခိုင်းနိုင်းလေ့ရှိတာတွေ့ရပါတယ်။
ဒီနေ့ကျမ်းစာမှာ ကိုယ်တော်ရှင်ပြောတဲ့သန်ရှင်းတဲ့အရာဆိုတာက ကိုယ်တော်ရှင် သွန်သင်တော်မူသော တရာတွေဖြစ်ပါတယ်။
ခွေးများဝက်များနဲ့ ခိုင်းနိုင်းခံရသူတွေကတော့ ကိုယ်တော်ရှင်ပြုမူတဲ့အရာတွေ ဟောကြား
သွန်သင်တဲ့အရာတွေပေါ်မှာအမြဲအပြစ်တင်ရှုပ်ချြပီး ဟန်ဆောင်အကောက်ကြံတက်ကြ ဖာရီရှဲလ်တွေ ကျမ်းတတ်
ဆရာတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်တော်ရှင်ကို မလိုလားသူတွေက ပြစ်တင်ရှုပ်ချ၊ ဆန့်ကျင်ခဲ့ကြပေမဲ့ အမှန်တရားတွေက
တည်မြဲသလို ကျွန်ုပ်တို့ဘဝမှာလဲ အမှန်းတရားအတွက်ကျွန်ုပ်တို့ဂုဏ်သိက္ခာကို နင်ခြေခြင်းခံရတဲ့အခါ စိတ်မပျက်ပဲခိုင်မာတဲ့
ကိုယ်ယုံကြည်ရာအမှန်တရားအတွက်မြဲမြဲမြံမြံ ရပ်တည်ဖို့တွက်ခွန်အားပေးနေခြင်ဖြစ်ပါတယ်။
ဒု-ချက်အနေနဲ့ အခန်းငယ် ၁၂ မှာ ကိုယ်တော်ရှင်က “ကိုယ်အပေါ်၌ တစ်ပါသူပြုစေလိုသည်အတိုင်တစ်ပါး
သူအပေါ်၌ပြုကြပါ” ဆိုတဲ့ရွှေပညတ်ကိုပေးခဲ့ပါတယ်။ ဒါဟာ တမန်တော်တွေအပေါ်ကိုယ်တော်ရှင်ရဲ့လက်တွေ
ကျတဲ့သတိပေးခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ခရစ္စ်ယာန်ဘဝအသက်တာရဲ့အနှစ်သာရပဲဖြစ်ပါတယ်။ ဟန်ဆောင်မှု
ကင်းတဲ့ ချစ်ခြင်းမေတ္တာအပေါ်အခြေခံတဲ့ဘဝသက်တာမျိုးတည်ဆောက်နိုင်ဖို့တွက်သွန်သင်ခြင်းပဲဖြစ်တယ်။
တတိယ- အချက်အနေနဲ့ အခန်းငယ် ၁၃ နှင့် ၁၄ မှာ ကိုယ်တော်ရှင်က ပျက်စီးခြင်းပို့တဲ့ ကျယ်သောတံခါးကိုမဝင်ပဲ့
ထာဝရအသက်တာကိုပေးမဲ့ကျဉ်းသောတံခါးကဝင်ရောက်ဖို့ရန် အတွက်သွန်သင်ထားပါတယ်။ ထိုက်ဆိုင်စွာပဲ ဒီနေ့ဟာ
ရဟန္တာရှင်အာလောရှက်ဂွန်ဇာဂါရဲ့ပွဲနေ့ဖြစ်ပါတယ်။ ကိုယ်တော်ရှက်ရဲ့သွန်သင်ချက်ဟာ ရဟန္တာရဲ့ဘဝ
သက်တာမှာစုံလင်တာကိုတွေ့ရပါတယ်။ ၁၅၆၈ ခုနှစ်အီတလီပြည်မန်တူးအားမြို့က ဆွေကြီးမျိုးကြီးကြွယ်ဝချမ်
သာတဲ့မိသာစု မှမွေးဖွားလာပေမဲ့လဲ သက်တောင့်သက်တာနေရဘဝသက်သာတာကိုမနှစ်မြို့ခဲ့ပါဘူး။ သခင်ခရစ်တော်
ရဲ့ဒုက္ခစရီယကိုမျှဝေရင်သန့်ရှင်းစင်ကြယ်တဲ့ဘဝသက်တာကိုလျောက်လှမ်းလို့တဲ့အတွက်ကြောင့်ဖခင်အတန်တန်တားတဲ့ကြား
ကသူရဲ့အမွေကိုစွန့်လွှတ်ပြီးရောမမြို့က “ယေဇူး”အသင်းဂိုဏ်းသို့ဝင်ရောက်ခဲ့ပါတယ်။ မာနထောင်လွှားြခင်းမရှါခဲ့ပဲနှိမ့်ချခြင်း
နဲ့မီးဖိုချောင်မှာအလုပ်လုပ်ဖို့ခွင့်တောင်းခဲ့တယ်။
ဒီလိုနဲ့၁၅၉၈ ခုနှစ်ပုလိပ်ရောဂါတွေဖြစ်ပွားလာတဲ့အခါ နာမကျန်းသူများကို ကူညီရင်းပုလိပ်ရေားါကူးစပ်ခံရပြီး အသက်တော်
၂၃ နှစ်မှာပျံလွန်တော်မူသွာခဲ့ပါတယ်။ ပျံလွန်တော်မ မူခင်သူရဲ့မိခင်ထံရေးခဲ့တဲ့စာထဲမှာ “ဘုရာရှင်ရွှေမျက်နှာကိုဖူးမြင်ခွင့်ရနေပြီးဖြစ်
သောသေဆုံးသူသာအတွက်ငိကြွေးရင်းဘုရားရှင်ကိုအပြစ်မတင်မိဖို့သတိပေးခဲ့ပါတယ်။ ကျဉ်းသောလမ်းကိုလျောက်လှမ်းရင်း
ဘုရားရှင်ရွှေမျက်နှာကိုဖူးမျှော်ခွင့်ရခဲ့ပါတယ်။
ချစ်လှစွာသောဓမ္မမိတ်ဆွေအပေါင်းတို့ကျွန်ုပ်တို့လဲ သက်တောင်သက်သာရှိတဲ့ ကျယ်သောလမ်းလျောက်ရင်ပျက်စီးခြင်း
သို့သွားမဲ့အစားချို့ခြံခြင်း၊ ပူဇော်ခြင်းဖြင့်ကျဉ်းသောလမ်းကိုလျောက်ရင်းဘုရားရှင်ရဲ့ရွှေမျက်နှာကိုဖူးမြင်နိုင်ဖိုကြိုးစာကြပါစို့။
Add new comment