Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး)သာမန်ကာလ (၁၀) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၁၊ ၆၊ ၂၀၂၂
ချစ်လှစွာသော်ညီအစ်ကိုမောင်နှမအပေါင်တို့ ကျွန်တော်တို့ငယ်ငယ်ကလုပ်လေ့လုပ်ထရှိ တဲ့အရာတစ်ခုကတော့ ကတိပေးခြင်း
ကတိတောင်းခြင်းဖြစ်ပါတယ်။ လက်သန်းချင်းချိတ်ပြီး ကတိနော် ဆိုပြီးပြောကြာတယ်။ ကတိဖေါက်ဖျက်ရင် ဘာအကျိုးဆက်
ဖြစ်လာမလဲဆိုတာ အတိအကျ မသိပေမယ့် ကတိပေးခြင်းသစ္စာဆိုခြင်းဟာ အလွန်ခေတ်စားတဲ့ အလေ့အကျင့်တစ်ခာဖြစ်တယ်။
သူငယ်ချင်းတွေရဲ့ ကြား၊ သမီးရည်းစားတွေရဲ့ ရဲ့ ကြားမှာ မကြာခဏကြားရတတ်တဲ့ အလေ့စကားလည်းဖြစ်ပါတယ်။
ဒါအပြင်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေမှာလည်း ကျမ်းသစ္စာဆိုခြင်း၊ ကတိသစ္စာပြုခြင်း၊ ကတိခံဝန်ချုပ်ပေးခြင်း
စာချုပ်စာတမ်းများဖြင့်ကတိကဝတ်ပြုခြင်းများကိုလည်းတွေ့ကြရပါတယ်။
ဘာလို့လူတွေက ကတိ သစ္စာပြုကြသလဲ? ဘာလိုကတိတောင်းကြသလဲ? Daniel Doriani ကလူတွေကသစ္စာပြုကြ၊
တောင်းကြခြင်းဟာလူတွေဟာ မယုံကြည်ရဘူး ဆိုတာကိုဖော်ပြနေြၽင်းဖြစ်တယ် လိုဆိုတယ်။
ကျွန်တော်တို့အားလုံးဟာယုံကြည်စိတ်ချရတဲ့ လူတွေမဟုတ်ကြဘူး။ ဒါကြောင့် ကတိပေးပြီးမိမိရဲ့ကတိတည်အောင်ကြိုးစားကြတယ်။
ရိုးသားလို့ကတိတည်တာထက်လူအများစုဟာကတိဖောက်ဖျက်ရင်ခံရမယ်အကျိုးဆက်ကြောင့်ကတိတည်ကြခြင်းဖြစ်တယ်။ ကျမ်းကြိမ်ခြင်း၊
ကတိသစ္စာပြုခြင်းဆိုတာဘာလဲ? ကိုယ့်ထက်ရာထူး၊ သြဇာအာဏာကြီးသောသူအားတိုင်တည်၍ ကျိမ်ဆိုကြသည်ဟု (ဟေဗြေဦး ၆:၁၆)မှာ တွေ့ရတယ်။
မိုးဇာက်၏ ဥပဒေမှာ ဘုရား သခင်းဟာအီဇရာအဲလ်လူများကို သူ၏နာမ၌ ကျိန်ဆိုကြဖိုရန်ခွင့်ပြုခဲ့တယ်လို(တောလည်ရာ ၃၀:၂, ထွက်မြောက်ရာ ၆:၁၃) မှာတွေ့ရတယ်။
ဒါပေမယ် (ထွက်မြောက်ရာ ၂၀:၇) မှာဘုရားသခင်ရဲ့ နာမတော်ကိုအလွဲသုံးစာမပြညဖို့မိန်မှာထားတာတွေရတယ်။ ဘုရားသခင်ကကျိန်ဆိုခြင်း၊
ကတိသစ္စာပြုခြင်းကိုသူ၏နာမ၌ပြုလုပ်ခွင့်ပေးထာသော်လည်း သူ၏နာမကိုအလွှဲသုံးစားပြညလုပ်ခြင်ကိုမုန်းတီးတယ်။
ဒါဆိုဒီနေ့ကြားရတဲ့ကျမ်းစာထဲမှာသခင်းခရစ်တော်က ကျိန်ဆိုခြင်းကိုလုံးဝမပြုလုပ်ဖို့ရန် (မာတေ ၅:၃၄) မှာဘာကြောင့်မိန်ခဲ့သလဲ? John Mac Artheir ကဒီနေ့ကျမ်းပိုဒ်မှာ
သခင် ရစ်တော်ကအပေါ်ယံ ကတိသစ္စာ၊ ကျမ်ကျမ်ခြင်များပြုလုပ်ပြီးဟန်ဆောင်ပြုမူနေကြသောဖါရာဆီဦးများကိုရည်ညွန်းပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ဆိုတယ်။
ဒါကြောင့်ဘုရားသခင်၏နာမတော်၌ကတိသစ္စာပြုခြင်း၊ ကျမ်းသစ္စာဆိုခြင်းများဟာအပြစ်မဟုတ်ပါ။ သူတေယ်စင်ဘောင်သို့ဝင်တဲ့သူတွေလည်းကျမ်းသစ္စာဆိုပြီး
ကတိပြုကြရတယ်။ တရားရုံးမှာ လည်းအမှန်အတိုင်ပြောပါမည်ဟုကျမ်းသစ္စာဆိုကြရတယ်။ ထိုသို့သစ္စာဆိုာပြီးမလိုက်နာလျင်သာဘုရားသခင်ရဲ့နာမတော်ကို
အလွှဲသုံးစားလုပ်ခြင်းအပြစ်ဖြစ်တယ်။ ဒါကြောင့် မိမိတို့ရဲ့ဘဝမှာ ကတိတည်ပြီးအမှန်အတိုင်အသက်ရှင်နိုင်ရအောင်ကြိုးစာကြပါစို့။
Add new comment