Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူသားသမိုင်းတစ်ခုလုံးကို ပြောင်းလဲခဲ့သောနေ့ရက်
Friday, December 21, 2018
လူသားသမိုင်းတစ်ခုလုံးကို ပြောင်းလဲခဲ့သောနေ့ရက်
ဒီဇင်္ဘာ ၂၀၊ ၂၀၁၈
ဒီဇင်္ဘာ ၂၀၊ ၂၀၁၈
ဒီဇင်္ဘာ ၂၀ ရက် ကြာသာပတေးနေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် မယ်တော်သခင်မအား သိကြားတမန်အမိန့်တော်ပြန်သောနေ့သည် လူသားသမိုင်းတစ်ခုလုံးကို ပြောင်းလဲခဲ့သောနေ့ရက်အဖြစ် ဟောကြားခဲ့ပါသည်။
ရှင်လုကား ၁း ၂၆-၃၈ သည် ဟောကြားရန်ခက်ခဲသောကျမ်းပိုဒ်ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ လူသားတွေအတွက်အံ့သြဖွယ်ရာ ဘုရားရဲ့လုပ်ဆောင်မှုက လူသားတို့၏ ဘဝကြမ္မာတခုလုံးကို ပြောင်းလဲသွားစေခဲ့လို့ပါပဲ။ ယနေ့ကြားနာရတဲ့ ရှင်လုကားကျမ်းစာ သိကြားတမန်က မာရီယား ကို အမိန်တော်ပြန်လိုက်သောအချိန်သည် လူသားကမ္ဘာတစ်ခုလုံး၊ သမိုင်းတစ်ခုလုံး အရာရာအားလုံးကို ပြောင်းပြန်လှန်လိုက်သလို ပြင်းထန်သော အပြောင်းအလဲ အချိန်အခါတစ်ခုဖြစ်တယ်။ သခင်ခရစ်တော် လူ့အဖြစ်ယူ၊ ဘုရားကလူ့အဖြစ်ယူတဲ့နေ့၊ လူသားအဖြစ်လောကထဲကို ရောက်လာတဲ့နေ့ အဲ့ဒီယုံကြည်ချက်ရှေ့မှာ ငါတို့အားလုံးဒူးထောက်လိုက်ခြင်းပါပဲ။ ဘုရားကလူအဖြစ် လောကထဲဝင်လာခြင်းက သမိုင်းအသစ်စတဲ့နေ့ပဲ၊ အရာရာ အသစ်စတဲ့နေ့ပါပဲ။ အသင်းတော်ထုံးတမ်းအစဉ်အလာအရ ဒီကနေ့ဟာ အခြေတည်တဲ့နေ့၊ ဘုရားက သူကိုသူနှိမ့်ချပြီး လူသားတွေစီကြွလာသောနေ့သည် အကြီးမားဆုံးအံ့သြဖွယ်ရာနေ့ဖြစ်လာတယ်။ သမိုင်းတွေအကုန် အသစ်စတင်ရသောနေ့ဖြစ်လာတယ်၊ လူတွေကိုအံ့သြစေသောဘုရားက အကြီးမာဆုံး အံသြမှုကို လူတွေအတွက်လုပ်ပေးခဲ့တယ်။
ရဟန်းမင်းကြီးမှ လူအများထောက်ရှု့နိုင်ရန် အောက်ပါ သမ္မာကျမ်းပိုဒ်ကို ဖတ်ပြခဲ့ပါတယ်။ (ထိုအခါ ကောင်းကင်တမန်က ဝိညာဉ်တော်မြတ်သည် သင့်အပေါ်သို့ သက်ဆင်းလိမ့်မည်။ အမြင့်ဆုံးသော် အရှင်၏တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။ ထို့ကြောင့် သင်မှဖွားမြင်လတ္တံသောသူငယ်သည် သန့်ရှင့်မွန်မြတ်ပြီး ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။ ထို့ပြင်ကြည့်လော၊ သင်၏ ဆွေမျိုး ဧလိဇဘက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲ၍ အမြုံမဟုအခေါ်ခံရသောသူမသည် ယခု ဆဋ္ဌမလရှိလေပြီ။ အကြောင်းမူကာဘုရားသခင်မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိဟု မိန့်ဆိုလေ၏။ မာရီယားကလည်း ကျွန်မသည်ထာဝရဘုရားသခင်၏ အစေခံမဖြစ်ပါ၏ သင်၏စကားအတိုင်းကျွန်မ၌ဖြစ်ပါစေဟုဆို၏။ ထို့နောက်ကောင်းကင်တမန်တော်သည်သူမထံမှ ထွက်ခွာသွားလေ၏။
#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment