ဒီဝါတွင်း ရက် (၄၀) အတွင်း ခြိုးခြံဝါရှောင်မှု ပြုချင်ပါသလား။ 

ဒီဝါတွင်း ရက် (၄၀) အတွင်း ခြိုးခြံဝါရှောင်မှု ပြုချင်ပါသလား။ 

ဒီဝါတွင်း ရက် (၄၀) အတွင်း ခြိုးခြံဝါရှောင်မှု ပြုချင်ပါသလား။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပေးတဲ့ ဝါတွင်း အကြံပြုစကားကို မှတ်သားထားပါ။ 
- သူတပါး နစ်နာစေမယ့် အမုန်းစကားတွေကို ရှောင်ရှားပြီး ကရုဏာ အကြင်နာတရားထားသော စကားသာ ဆိုပါ။ 
- စိတ်ဓာတ်ကျ ဝမ်းနည်းမှုတွေကို ရှောင်ရှားပြီး ကိုယ့်ဘဝ ကိုယ့်ပတ်ဝန်းကျင်က ကောင်းမြတ်သော လူပုဂ္ဂိုလ်များ/ အခြေအနေ အပေါ် ကျေးဇူးတင်တတ်တဲ့ စိတ်ထားပါ။ 
- အမျက်ဒေါသဖြစ်တတ်သော အကျင့်ကို ရှောင်ရှားပြီး သည်းခံစိတ်ရှည်မှု အပြည့်ရှိပါ။ 
- အစစ အရာရာ အဆိုးမြင်တတ်တဲ့ စိတ်ကို ရှောင်ကြဉ်ပြီး မျှော်လင့်ချက် အပြည့်နဲ့ ရှင်သန်နေထိုင်ပါ။ 
- အနာဂတ် အတွက် စိုးရိမ်ပူပန်မှုတွေကို လျှော့ချပြီး အနာဂတ်ကို ဘုရားသခင်လက်ထဲ စိတ်ချယုံကြည်စွာ အပ်နှံတတ်သော စိတ်ထားပါ။  
- အရာရာကို ပြစ်တင်၊ တိုင်တည်လိုတဲ့ စိတ်ထားကို စွန့်ပယ်ပြီး ရိုးရှင်းစွာ ရှင်သန်နေထိုင်တတ်အောင် ကျင့်ဆောင်ပါ။ 
- ဖိအားတွေနဲ့ ပူထူနေတတ်တဲ့ အကျင့်ကို လျှော့ချပြီး ဘုရားရှင်ထံ စိပ်ပုတီးစိပ်၊ ဆုတောင်းခြင်းအားဖြင့် ပူပန်မှုများလျှော့ချပါ။ 
- အမုန်းတရားနဲ့ ခါးခါးသီးသီး ကျင့်ဆောင်တတ်တဲ့ အကျင့်ကို ဖျောက်ပြီး သင့်နှလုံးသားမှာ ဝမ်းမြောက်ပျော်ရွှင်မှုနဲ့ နေထိုင်တတ်ပါစေ။ 
- တကိုယ်ကောင်းဆန်တဲ့ စိတ်၊ ကိုယ့်ကျိုးစီးပွားသာ ကြည့်တဲ့ စိတ်ကို လျှော့ပြီး သူတပါးအပေါ် ကရုဏာထား၊ ကိုယ်ချင်းစာ စိတ်ထားနိုင်ပါစေ။ 
- အညှိးအတေးထား မုန်းတီးတတ်သူ အဖြစ်မှ စွန့်လွှတ်ပြီး ပြန်လည်ကြေအေးသင့်မြတ်အောင် ရှင်သန်နေထိုင်တတ်သူ ဖြစ်ပါစေ။ 
- ကိုယ့်ဘက်ကချည်း တစ်ဖက်သတ် ပြောဆိုတတ်တဲ့ အကျင့်ကို စွန့်ပြီး နှုတ်ဆိတ်နေထိုင်ရင်း သူတပါးပြောဆိုတာကို ပိုမို နားထောင်တတ်တဲ့ အကျင့်ကို မွေးမြူပါ။

 

Credit: Lawrence Jangma Mung Song

Photo courtesy of CNA

Add new comment

12 + 1 =