Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဒုက္ခအခက်အခဲကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွန်ုပ်တို့၏အဖ
ဒီဇင်ဘာ ၁၂၊ ၂၀၁၈
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ ကိုအခြေခံပြီး နာကျင်ကြေကွဲစရာများ၊ အတားအဆီးအဟန့်အတားများကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွနုပ်တို့၏အဖခမည်းတော်အကြောင်းကို ဘာသာတရားသွန်သင်မှု့ ပြုလုပ်ခဲ့ပါသည်။
ကောင်းကင်ဘုံ၌မေတ္တာ ရဲရင့်သောဆုတောင်းမေတ္တာအဖြစ် တင်စားလိုတယ်။ ဘာလို့လည်းဆိုတော့ သခင်ခရစ်တော်သာ အဖခမည်းတော်ကို ဤဆုတောင်းမေတ္တာအားဖြင့်ကျွန်ုပ်တို့လူသားများကို မိတ်ဆက်မပေးခဲ့လျှင် ယခုကဲ့သို့ကျွန်ုပ်တို့ဆုတောင်းရဲကြမည်မဟုတ်ပါ။
ဤကောင်းကင်ဘုံမေတ္တာမှာ နိဒါန်းပျိုးပြီးရှင်းပြနေတာမပါဘူး တိုက်ရိုက်အဖခမည်းတော်ကို ခေါ်တဆုတောင်းခြင်းကိုသင်ပေးထားတယ်၊ ဘာမှကြားခံမရှိ၊ အတားအဆီးမရှိ လူသားများမှ အဖခမည်းတော်ကို ငါတို့၏ အဖဟူသော ခေါ်ဆိုခွင့်ကိုပြုပေးခဲ့တယ်။ အဖခမည်းတော်ကို ဘုန်းတန်ခိုးကြီးသော၊ အမြင့်ဆုံးသော စသည့်နာမ်စားတွေ အစားထိုးမပေးခဲ့ဘူး။ ဘုရားသခင်နှင့်လူသားအဖြစ်အခြေအနေကို အနီးဆုံးဖြစ်အာင် သားသမီး၊ သားအဖ ဆိုသော ရင်းနှီးမူအဆင့်ကို ပို့ပေးခဲ့ခြင်းဖြစ်တယ်။
ကောင်းကင်ဘုံ၌မေတ္တာ မှာ လူသားတစ်ဦးအတွက်အခြေ ခံ
လိုအပ်ချက်တွေအားလုံးပါဝင်တယ်၊ အစားအစာကို တောင်းခံခြင်းဟာ အသက်ဆက်ရှင်သန်ရန် အသက်ကိုတောင်းခြင်းဖြစ်တယ်၊ ဆုတောင်းခြင်းကို သင်ပေးတဲ့ရည်ရွယ်ချက်က ကိုယ်တစ်ယောက်တည်းပြည့်ဝဖို့မဟုတ်၊ ကိုယ်နှင့်နီးစပ်သောသူတွေ၊ အစားအသောက်အတွက်ရုန်းကန်နေရသူတွေ၊ ငိုကြွေးနေရသူတွေကို ငါဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကိုယ်လည်း သိမြင်ခံစားစေဖို့ဖြစ်တယ်။
လောကကိုကလေးတစ်ယောက်ဖွေးဖွားလာတဲ့အခါ ငိုခြင်းနဲ့စပြီး တောင်းဆိုတယ်၊ တောင်းဆိုခြင်းဟာလူသားတိုပြုလုပ်ရမည့်အရာဖြစ်တယ်၊ တောင်းဆိုခြင်းအားဖြင့် အသက်ဆက်ရှင်သန်နေကြရတယ်၊ ဆက်လက်ပြီး ထာဝရပျော်ရွင်မူဆိုတာကို ဆာလောင်လာကြမယ်၊ အဲ့ဒီဆာလောင်မှုကို ဘုရားသာလျှင်ဖြည့်စည်းပေးနိုင်တယ်။
လောကလူတို့အကြားမှာ နေ့စဉ်ကြုံတွေ့နေရသော
နာကျင်ကြေကွဲစရာများ၊ အတားအဆီးအဟန့်အတားများကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွန်ုပ်တို့၏အဖခမည်းတော်ထံဆုတောင်းဖို့ ယုံကြည်ခြင်းလိုအပ်တယ်၊ ကလေးငယ်လေးတွေဆာလောင်ရင် အော်ငိုကြသလို အော်ဟစ်ခြင်းဟာ ယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့ ဆုတောင်းသံတစ်ခုဖြစ်တယ်။ ယုံကြည်သူတွေဟာ သူတို့လိုအပ်ချက်ကို တောင်းခံနေကြသူတွေဖြစ်တယ်။
မာကု ၁၀း ၄၆-၅၂ သမ္မာကျမ်းစာမှာ မျက်မမြင် ဘာတီမေးဦး အော်ဟစ်တောင်းဆိုခဲ့တယ်၊ လူတွေအော်ငေါက်ခံနေရတဲ့ချိန်မှာတောင်မရပ်မနားအော်ဟစ်တောင်းဆိုခဲ့တယ်။ သူရဲ့အော်ဟစ်တောင်းဆိုသံကို သခင်ခရစ်တော် ကြားခဲ့ပြီး သူကိုမျက်စိမြင်အောင် ကုသပေးခဲ့တယ်၊ ကုသမှုခံဖို့၊ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းဖို့ ကြီးမားသောပြင်းထန်သော ယုံကြည်ခြင်းက သင့်ကို အော်ဟစ်တောင်းဆိုစေလိမ့်မယ်၊ အဲ့ဒီအော်ဟစ်သံက သင့်ဘဝ နာကျင်မူ အခက်အခဲများအတွက် ကြားခံကုသပေးရာ ယုံကြည်ခြင်းဖြစ်တယ်။
ဆုတောင်းခြင်းမှာ မိမိအတွက်သာဆုတောင်းနေသူ တို့သည် ယုံကြည်ခြင်းအားနည်းသူများဖြစ်ကြောင်း၊ ယုံကြည်ခြင်းဟာခိုင်မာနေရမယ်၊ ဘုရားအပေါ်မှာ အပြည့်အဝမူတည်နေရမယ်၊ ဘုရားသခင်ဟာ ပြည့်ဝသော ကြင်နာသနားမူကိုပေးတော်မှုသော ဘုရား၊ သူ၏ သားသမီးအယောက်တိုင်းစီကို တိုက်ရိုက်ဆက်သွယ်တော်မူသောဘုရား ဖြစ်တယ်ဆိုတာကိုအပြည့်အဝ ယုံကြည်ကြရမယ်။
#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment