ပျော်ရွှင်ပြီး သန့်ရှင်းတဲ့ ခရစ္စမတ်စ် ဖြစ်ပါစေ။

ညီအစ်ကို မောင်နှမ အပေါင်းတို့ ပျော်စရာ ခရစ္စမတ်စ်၊ သန့်ရှင်းတဲ့ ခရစ္စမတ်စ်ပါ လို့ ဆန္ဒပြုပါတယ်။ ဟုတ်ပါတယ်၊ ကောင်းတဲ့ ဆန္ဒပြုမှုတွေနဲ့အတူ မိသားစု ပြန်ဆုံစည်း တာတွေနဲ့ အဲတာတွေက အမြဲတမ်း လှပနေပါတယ်။ ဒါပေမဲ့ ဘုရားရှင်က ကျွန်ုပ်အတွက် ကြွလာတယ် ဆိုတဲ့ အသိတရား ရှိပါစေ။ ကျွန်ုပ်တို့အားလုံးပဲ ဘုရားရှင်က ကျွန်ုပ်အဖို့ဆင်းကြွလာခြင်း ဖြစ်တယ်လို့ ပြောဆို ကြပါစို့။ ဘုရားကို ရှာဖွေဖို့နဲ့ လက်ခံဖို့ရန်အတွက် နှိမ့်ချခြင်း လိုအပ်တယ် ဆိုတာကို သတိရှိ ကြပါ။ နှိမ့်ချခြင်းနဲ့ ဘုရားသခင်ကို ရှာကြဖို့၊ မာနကြီးဘဝင်မြင့် စေတဲ့မှန်ကိုဖြိုဖျက်စေတဲ့ ကျေးဇူးတော်နဲ့ မိမိကိုယ်ကို ပြန်သုံးသပ်ကြည့် နိုင်ပါတယ်။ ကျွန်ုပ်တို့ဆီ ကြွလာတဲ့ သခင်ယေဇူးက ဂနာမငြိမ် ဖြစ်နေတဲ့ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို မျှော်လင့်ချက် ရှိစေတာကြောင့် ဘုရားရှင်ကို မိုးကုတ်စက်ဝိုင်းဆီ မျှော်ကြည့်ပါ။ ပျော်ရွှင်ပြီး သန့်ရှင်းတဲ့ ခရစ္စမတ်စ် ဖြစ်ပါစေ။

✍️ထန်းဟာ,SJ

Add new comment

5 + 10 =