Casa Santa Marta တွင် အင်္ဂါ နေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် အင်္ဂါ နေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
နိုဝင်ဘာလ ၂၇၊ ၂၀၁၈

နိုဝင်ဘာလ ၂၇ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ဘုရာသခင်နှင့်တွေ့ရမည့်အချိန်ရောက်တဲ့အခါ ဘုရားသခင်ရှေ့မှာ မိမိကိုယ်ကို မိမိ ဘယ်လိုတင်ပြမလဲဆိုတာကိုပြင်ဆင်ဖို့ နေ့စဉ် မိမိအသက်ရှင်နေထိုင်မှု၊ မိမိအတွင်းစိတ်ကို စမ်း​စစ်မူပြုသောသူသည် ပညာရှိဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

 
အသင်းတော် ပြက္ခဒိန် ရဲ့နောက်ဆုံးအပတ်မှာ ဖတ်ရှုကြားနာရတဲ့ ကမ္ဘာကုန်မယ့်​အချိန်​၊ မိမိဘဝ နောက်ဆုံးအချိန် ဆိုတဲ့အကြောင်းအရာတွေဟာ ကိုယ့်​ဘဝကို ပြန်လည်သုံးသပ်ဖို့အကောင်းဆုံးအရာတွေဖြစ်တယ်၊ ဗျာဒိတ်ကျမ်းမှာ ရိတ်သိမ်းခြင်းအကြောင်းကိုကြားနာရတယ်၊ ဒီရိတ်သိမ်းခံရမည့် စပါးပင်ဟာ ကွ်ျ​နုပ်တို့အယောက်စီရဲ့ဘဝဖြစ်တယ်၊ မင်းဘယ်လို ကြီးထွားရှင်သန်ခဲ့တယ် ၊ အသီးအနှံတွေ ဘယ်လိုအောင်မြင်ကြီးထွားတယ်၊ ဒါဟာကျွန်တော့ဘဝပါကိုယ်တော်ဆိုပြီး ဆက်သရမယ့်​အချိန်​ဖြစ်တယ်။ ကိုယ်လုပ်ခဲ့သမျှ အဆိုးအကောင်းအကုန် ဘုရားရှေ့မှာ ဖွင့်ပြရတော့မယ့်​အချိန်ပါပဲ။ ဘုရားသခင်ငါ့ကို အခုသိမ်းပိုက်တော့မယ်ဆိုရင် ငါဘာလုပ်မလဲဆိုတဲ့ အတွေးက ငါတို့ဘဝတိုးတက်ဖို့ အကူအညီပေးတယ်၊၊ ငါတို့ဘဝ ဘယ်လိုနေထိုင်ခဲ့တယ် ဆိုတာတင်ပြသလို၊ ဘုရားနဲ့တွေ့ဆုံရခြင်းသည် ဘုရားသခင်၏ သနားကြင်နာမူကိုခံစားရသော ပြည့်ဝသော ပျော်ရွင်မူအချိန်လည်းဖြစ်တယ်။ ကမ္ဘာကုန်မည့်အကြောင်း၊ မိမိဘဝ နောက်ဆုံးအချိန်အတွက် အမြဲပင်စမ်း​စစ်နေခြင်းသည် ပညာရှိအလုပ်ဖြစ်သလို၊ပညာရှိတွေသာလျှင်လုပ်နိုင်သောအရာဖြစ်တယ်။
 
အသင်းတော်က ဒီရက်သတ္တပတ်မှာ ငါရဲ့နောက်ဆုံးအချိန်က ဘယ်လိုပုံစံဖြစ်မလဲ ဆိုတာကို စမ်းစစ်စေချင်တယ်။ အဆင်သင့်မဖြစ်သေးရင်ဘယ်လို ပြင်ဆင်မလဲ၊ ဘုရားသခင်နဲ့တွေ့ဖို့ ကိုယ်ဘဝကို ဘယ်လိုတိုးတက်အောင်လုပ်ကြရမလဲ စတာတွေကို စမ်း​​စစ်နေရမယ်။ ဘုရားသခင်နဲ့တွေဖို့ ဘယ်လိုပြင်ဆင်ရမလဲ အဲ့မေးခွန်းကို သင့်ဘဝအတွက် အဖြေပေးနိုင်သူက သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဖြစ်တယ်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံမှာကျေးဇူးတော်တောင်းခံပြီး မိမိဘဝကို ဘုရားသခင်နှင့်တွေ့နိုင်ဖို့ ပြင်ဆင်နိုင်သော ဉာဏ်ပညာများရရှိရန်၊ မိမိဘဝ နောက်ဆုံးအချိန်ကို အမြဲသတိထားပြီး မိမိကိုယ်ကို စမ်းစစ်တတ်ေ​သာ ပညာရှိအလေ့အထကို ရယူနိုင်အောင်ကြိုးစားကြပါ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-mass-casa-santa-marta-harvest-end-world-life.html

#pope, #mass, #service, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

18 + 1 =