ဖာသာရ် ပီတာကြည်မောင် (၂၅) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ စက်တင်ဘာလ ၂၂ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၂၅) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ စက်တင်ဘာလ ၂၂ ၊ ၂၀၂၁

Sept 22. 2021

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ရှင်လုကား ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်က တပည်တော်ကြီး ၁၂ပါးကို ခေါ်ပြီး

၁။ နတ်ဆိုးကိုနိုင်နင်းသော ပါဝါတံခိုး၊

၂။ ရောဂါမျိုးစုံကို ကုသနိုင်သော တံခိုး နဲ့

၃။ ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်းကိုဟောပြောဖို့ တံခိုး ကို ပေးတယ် ပြီးတော့မှာလိုက်တယ် အမှီသဟဲပြုစရာတုတ်၊ ရလာမည့်အရာတွေထဲ့မည့်အိပ်၊ မနက်ဖြန်အတွက် စားစရာ အပို၊ လိုအပ်တာ မရှိဘူးလို့ခံစားစေဖို့ ဘာ ပိုက်ဆံမယူမသွားဖို့၊ ဘုရားအလုပ်လုပ်ဖို့သွားတာ ကိုခန္ဓာအတွက်စိုးရိမ်နေရင် ယုံကြည်ခြင်းနဲးနေသေးသူပါပဲ၊ ဒါကြောင်းခရစ်တော်က လောကနဲ့ ဆိုင်တာ ဘာမှ ယူမသွားနဲ့ ငါ့ကိုယုံကြည်ပါတယ် ဆိုတဲ့ အရာတခုပဲယူသွား စေခဲ့တယ်။။။

သူခိုင်းတဲ့အလုပ်ကို လုပ်ရမည့်သူက ယုံကြည်ခြင်းကို အဓိက ထားရမှာဖြစ်လို့ လောက အရာလိုအပ်ချက်ကလေးတွေကို တောင် စိုးရိမ်နေရင် မမြင်နိုင်တဲ့၊ နတ်ဆိုးတို့၊ ဆေးမပါပဲ ရောဂါကုဖို့တို့ ဘယ်လို လုပ်လုပ်မှာလဲ ဒါကြောင့် ငါကို ယုံကြည်မှ၊ ငါခိုင်းတာကို အပြည့်အဝ ယုံကြည်မှ၊ မမြင်နိုင်တဲ့ အင်အားကြီးမားတဲ့ နတ်ဆိုးကို နိုင်မယ်၊ ဆေးဝါးအကူအညီမပါပဲ ဆုတောင်းမေတ္တာ ယုံကြည်ခြင်းနဲ့ ရောဂါပေါင်းစုံကိုကုနိုင်မယ်၊ ကောင်းကင်နိုင်ငံအကြောင်းဟေားတဲ့သူက ယုံကြည်ခြင်းမခိုင်မာပဲနဲ့ ဟောနေသ၍ ဘာမှမထိရောက်ဖူး၊ ဒါကြောင့် ယုံကြည်ခြင်းခိုင်မာတဲ့သူ ဟေားတဲ့တရားဟာ ပိုမိုထိရောက်တယ် ပိုမိုအသက်ဝင်တယ်။

ဒီကနေ့ဧဝံ‌ဂေလိကျမ်းစာရဲ့ နောက်ဆုံး သတိပေးချက်အနေနဲ့ နတ်ဆိုးနှင်းထုတ်ပေးဖို့လာတဲ့သူ၊ ရောဂါဝေဒနာတွေကိုကုသပေးဖို့လာတဲ့သူ၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်းသည်းခံခြင်း၊ ခွင့်လွတ်ခြင်း နှိမ့်ချခြင်း စသည်အကြောင်းအရာတွေ၊ ထာဝရအသက်ကိုရနိုင်မည့်အရာ ကောင်းကင်နိုင်ငံလို့ခေါ်တဲ့ ချစ်ခြင်း‌မေတ္တာ နိုင်ငံ တည်ဆောက်ပေးဖို့လာတဲ့သူတွေကို လက်မခံခြင်တဲ့သူတွေ၊ ကောင်းတာပေးတာကို လက်မခံခြင်ကြတဲ့သူတွေဟာ၊ မကောင်းတဲ့အရာတွေမှာ ပျော်နေကြသူတွေ၊ တရားတော်တွေကိုကြားနားကြပေမဲ့ ပြုပြင်ပြောင်းလဲးဖို့ ဆန္ဒမရှိသူတွေ၊ နတ်ဆိုးနဲ့ပဲ ဘဝကို ပျော်ပါနေခြင်သူတွေ အဲ့လိုလူတွေကိုတော့ ဥပစ်က္ခာတရားနဲ့ ပြစ်ထားခဲ့တော့၊ ဖြစ်နိုင်ရင် သူတို့စီးက မကောင်းမှုတွေ ဘာမှသင့်စီကပ်ပါမလာစေနဲ့ သင့်ခြေထောက်မှာ ဖိနပ်မှာ ကပ်ပါလာတဲ့ ဖုန်မုန်ကအစ ခါချထားခဲ့ကြ မကောင်းတဲ့အရာတွေမှန်သမျှ မကောင်းတဲ့လူတွေစီက ဘာမှပါမလာစေနဲ့ လို့သတိပေးနေတာပါပဲ။ ။

ဒီကနေ့ထောက်ရှုစေခြင်တဲ့အချက်က သင့်မိသားစုအတွကို သင့်စီကို နတ်ဆိုးနှင်းထုတ်ပေးဖို့လာတဲ့သူ၊(တနည်းအားဖြင့် ဆုံးမသွန်သင်ပေးသူ) ရောဂါဝေဒနာတွေကိုကုသပေးဖို့လာတဲ့သူ (လောဘ၊ မောဟ၊ ခွင့်မလွတ်နိုင်မူတွေကို နားချကုသပေးမည့်သူ) ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်းသည်းခံခြင်း၊ ခွင့်လွတ်ခြင်း နှိမ့်ချခြင်း စသည်အကြောင်းအရာတွေ၊ ထာဝရအသက်ကိုရနိုင်မည့်အရာ ကောင်းကင်နိုင်ငံလို့ခေါ်တဲ့ ချစ်ခြင်း‌မေတ္တာ နိုင်ငံ တည်ဆောက်ပေးဖို့လာတဲ့သူတွေကို သင့်လက်ခံနိုင်မလား သို့မဟုတ် ငါ့လောဘ၊ ငါ့မာန၊ ငါ့အတ္တ၊ ဒါတွေနဲ့ပဲငါပျော်တယ် ကောင်းတာတွေလာမပေးနဲ့မယူဘူး၊ ဆိုးပြီး လူယုတ်မာဘဝနဲ့ ဆက်ရှင်နေမလား

ကိုဖာသာကို စဉ်းစား

Add new comment

10 + 10 =