စိန့်စီပရီယန်၏ အတ္ထုပတ္ထိ (ပွဲနေ့ - စက်တင်ဘာလ ၁၆ ရက်)

စိန့်စီပရီယန်၏ အတ္ထုပတ္ထိ (ပွဲနေ့ - စက်တင်ဘာလ ၁၆ ရက်)

St.Cyprianသည် (၃)ရာစုအတွင်း အာဖရိက မြောက်ပိုင်းတွင် ခရစ်ယာန်ဆိုင်ရာ အတွေးအခေါ်နှင့် အလေ့အကျင့် ဖွံ့ဖြိုး တိုးတက်မှုပိုင်းတွင် အရေးပါ ခဲ့သူဖြစ်ပါသည်။ သူသည် ပညာတတ်ပြီး ထင်ပေါ် ကျော်ကြားသည့် ခရစ်ယာန်မဟုတ်သည့် မိသားစုမှ မွေးဖွား ကြီးပြင်လာခဲ့သည်။ ထို့ကြောင့် သူအရွယ် ရောက်သောအခါမှသာ ခရစ်ယာန်စာပေများကို ဖတ်ရှုပြီးနောက် သူလိုက်ရှာ နေခဲ့သည့် အမှန်တရားဖြစ်ကြောင်း သိရှိလာကာ ခရစ်ယာန် ဘာသာဝင် ဖြစ်လာခဲ့ပါသည်။ သူသည် သူပိုင်ဆိုင်ရာ ပစ္စည်းများကို ဆင်းရဲသားများအား ဝေငှပေးပြီး ဆေးကြောခြင်း မင်္ဂလာ မခံယူမီ ဖြူစင်ခြင်း ကတိသစ္စာ ပြုခြင်းအားဖြင့် သူ၏ သူငယ်ချင်း အပေါင်းအဖော်များကို အံ့အားသင့်စေခဲ့ပါသည်။ သူ၏ အသိပညာကြောင့် (၂)နှစ်တာ ကာလအတွင်း သူသည် ရဟန်းတစ်ပါး ဖြစ်လာခဲ့ပြီး မိမိ၏ အလိုဆန္ဒကို ငြင်းပယ်သူ ဖြစ်ခြင်းကြောင့် ကာင်္သခ်ျမြို့ရဲ့ ဆရာတော် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။

စီပရီယန်သည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ ငြိမ်းချမ်းမှုသည် ခရစ်ယာန်များစွာ၏ စိတ်ဓာတ်ကို ပျော့ညံ့စေပြီး ယုံကြည်ချက် အစစ်အမှန် မရှိသောသူများကို တံခါးဖွင့်ပေးနေသည်ဟု ပြစ်တင်ပြောဆို ခဲ့ပါသည်။ Decian ရဲ့ ညှဉ်းပန်းနှိပ်စက်မှု စတင်သောအခါ ခရစ်ယာန်များစွာတို့သည် ဘုရားကျောင်းများကို အလွယ်တကူ စွန့်ပစ်ခဲ့ကြသည်။ ၎င်းသည် (၃)ရာစု၏ ကြီးကျယ်သော အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သော သူတို့၏ ပြန်လည် လက်ခံမှု ဖြစ်ပြီး သူသည် အပြစ်ဒဏ်ဆပ်ဖြေခြင်း စက္ကရမင်းတူးကို သိရှိ နားလည်စေခြင်းဖြင့် အသင်းတော်ကို တိုးတက်စေခဲ့ပါသည်။

စီပရီယန်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သော ရဟန်းဘုန်းကြီး Novatus သည် စီပရီယန် မရှိချိန်၌ သူကိုယ်တိုင် အသင်းတော်ကို ညွှန်ကြားပြီး ပုန်းအောင်းရာသို့ ထွက်ပြေးခဲ့ကာ ပြစ်တင်ဝေဖန်မှုကို ယူဆောင်ကာ ကာနွန် အပြစ်ဒဏ် ဆပ်ဖြေခြင်းများကို မပြုလုပ်ဘဲ အသင်းတော်၏ လုပ်ငန်းဆောင်တာများကို လက်ခံရယူ ဆောင်ရွက်ခဲ့ပါသည်။ နောက်ဆုံးမှာ သူသည် အပြစ်ဒဏ် ပေးခြင်းကို ခံခဲ့ရပါသည်။ စီပရီယန်သည် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး ရုပ်ထုများကို ယဇ်ပူဇော်ပြီး ကိုယ်တော်မြတ်ကို ပင့်ယူခြင်းသည် သေသောအခါမှ ပြုလုပ်နိုင်မည်ဖြစ်ပြီး တချို့ကလည်း အပြစ်ဒဏ် ဆပ်ဖြေခြင်းကို အတော်အတန် ကြာအောင် ပြုလုပ်ပြီး သူတို့ အပြစ်ဒဏ် ဆပ်ဖြေခြင်း ပြုလုပ်ပြီးစီးကြောင်း လက်မှတ်များကို ယူဆောင်လာကြပါသည်။ ၎င်းအရာများကို အသစ်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကာလအတွင်းမှာ ဖြေလျော့ပေးခဲ့ပါသည်။ ကာင်္သခ်ျမြို့တွင် ပလိပ်ရောဂါ ကပ်ဘေး ဆိုက်ရောက်ချိန်တွင် စီပရီယန်သည် ခရစ်ယာန်များကို လူသား အချင်းချင်း ကူညီ ဖေးမကြရန် ရန်သူများနှင့် ညှဉ်းပန်း နှိပ်စက်သူများကိုလည်း ကူညီပေးကြဖို့ တိုက်တွန်း ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး Cornelius ၏ သူငယ်ချင်းဖြစ်ခဲ့သည့် စီပရီယန်သည် နောက်ပိုင်း ပုပ်ရဟန်းမင်းကြီး Stephen ကို ဆန့်ကျင်ခဲ့သည်။ သူနှင့် အခြား အာဖရိက ဂိုဏ်းအုပ်ဆရာတော်များက ကွဲပြားဆန့်ကျင်သော ဝါဒရှိသူများနှင့် ဂိုဏ်းကွဲ သူများပေးသော ဆေးကြောခြင်း မင်္ဂလာ၏ တရားဝင်မှုကို အသိအမှတ် မပြုခဲ့ပါ။ ဤသည်မှာ အသင်းတော်၏ အမြင်အယူအဆ မဟုတ်သော်လည်း Stephen ၏ အသင်းတော်မှ ထုတ်ပယ်ခြင်းဖြင့် စီပရီယန်ကို ခြိမ်းခြောက်ခြင်း မပြုခဲ့ပါ။

သူ့ကို ဧကရာဇ်ဘုရင်က ပြည်နှင်ဒဏ်ပေးလိုက်ပြီး ရုံးတင်စစ်ဆေးဖို့ ပြန်ခေါ်ခဲ့သည်။ သူသည် မြို့မှ ထွက်ခွာရန် ငြင်းဆန်ခဲ့ပြီး သူ၏ လူများအား အာဇာနည် သက်သေအဖြစ် ပြသသင့်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။

စီပရီယန်သည် ကြင်နာမှု၊ ရဲစွမ်းသတ္တိ၊ အားမာန် နှင့် တည်ငြိမ်မှုတို့ဖြင့် ရောထွေးနေခဲ့ပါသည်။ သူသည် ရွှင်လန်းပြီး လေးနက်သူ ဖြစ်သောကြောင့် လူများသည် သူ့ကို ပို၍ ချစ်ခင်ရမလား (သို့) ပို၍လေးစားရမလား မသိဖြစ်ခဲ့ပါသည်။ သူသည် ဆေးကြောခြင်းဆိုင်ရာ အငြင်းပွားမှု အတောအတွင်း စိတ်ပူလောင်စေခဲ့ပြီး သူ၏ ခံစားချက်များကို သိမြင်ပြီး သူသည် သည်းခံခြင်းဆိုင်ရာ စာချွန်တော်ကို ရေးသားခဲ့ပါသည်။ သူသည် သူ၏ ဒေါသကို ကြီးမားလှသော အာဇာနည် လုပ်ရပ်ဖြင့် ပြေလည်အောင် ပြုလုပ်ခဲ့ကြောင်း St. Augustine က မှတ်ချက်ပေးခဲ့ပါသည်။

#ထောက်ရှုချက်

(၃) ရာစုတွင် ဆေးကြောခြင်းနှင့် အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာ အငြင်းပွားမှုများသည် ရှေးဦး အသင်းတော်တွင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အဆင်သင့် ပြုလုပ်ထားသော ဖြေရှင်းနည်းများ မရှိကြောင်းကို ကျွန်ုပ်တို့ကို သတိရစေပါသည်။ ထိုအချိန်က အသင်းတော်၏ ခေါင်းဆောင်များနှင့် အသင်းသားများသည် ခရစ်တော်၏ အဆုံးအမများကို လုံးဝ လိုက်လျှောက်ရန် ကြိုးပမ်းရာတွင် နာကျင်စေခဲ့သလို လမ်းကြောင်း မလွဲသွားစေရန်လည်း ပြုလုပ်ခဲ့ကြရပါသည်။

St. Cyprian - ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်း ပေးတော်မူပါ။ အာမင်။

✍️Cyprian Set Paing Tun , SJ

Source: https://www.youtube.com/watch?v=RIlBWG5BkpQ...

Add new comment

4 + 16 =