Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဗေလန်ဂန္နီ မယ်တော်ဂူ ရှိရာ အိန္ဒိယနိုင်ငံ Tamil Nadu ဒေသ တွင် Gaja မုန်တိုင်း တိုက်ခိုက် မှုကြောင့် ထိခိုက်ပျက်စီး
နိုဝင်ဘာလ ၁၉၊ ၂၀၁၈
အိန္ဒိယနိုင်ငံ Tamil Nadu ဒေသ တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ခတ်ခဲ့သော Gaja မုန်တိုင်းကြောင့် Thanjavur ဂိုဏ်းအုပ် သာသနာနယ် နှင့် Pondicherry-Cuddalore ဂိုဏ်းချုပ်သာသနာ နယ်တွင် လူပေါင်း ၄၆ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ လူပေါင်း ၁၂၂၀၀၀ ကျော် ကို ကယ်ဆယ်ရေးစခန်း ၃၅၁ ခုတွင် ရွေ့ပြောင်းပေးထားရကာ၊ အိမ်ပေါင်း ၁၀၁၂၀ လုံး လုံးဝပျက်စီးသွားပြီး ၅၇၇၀ အိမ် ထိခိုက်ပျက်ဆီးမူများ ရှိခဲ့သည်။
ငါးဖမ်း လှေသင်္ဘော ၁၃၀၀ ပျက်ဆီးသွား၍ ကောင်ပဲသီးနှံများ စိုက်ခင်းများလည်း ဆိုးဝါးစွာပျက်စီးသွားခဲ့သည်။
အထူးသဖြင့် Tanjavur သာသနာနယ် သည် အဆိုးဝါးဆုံးထိခိုက်ပျက်ဆီးခဲ့သည်။
ဗေလန်ဂန္နီ မယ်တော် ရင်ပြင်နှင့် ကျန်းမာခြင်း၏ သခင်မ ဗေလန်ဂန္နီ ဘုရားကျောင်းတော်ကြီးအပါ အဝင် ဘုရားကျောင်း ၃၀ ကျော် ပျက်စီးသွားခဲ့သည်။
ကျန်းမာခြင်း မယ်တော် ရင်ပြင်သည် နှစ်စဉ်နှစ်တိုင်း လူပေါင်းသန်း ၂၀ ခန့်လာရောက် ဆုတောင်းကြလျက် ရှိရာ
မုန်တိုင်းဒဏ်သင့် ဒုက္ခသည် များကို အိန္ဒိယ နိုင်ငံတော် အစိုးရ နှင့်၊ အသင်းတော် ကရုဏာအဖွဲ့အစည်းတို့က ကူညီပေးနေကြပြီး သာသနာဇုံနယ် ၁၅ ခုကလည်း လက်ခံကူညီပေးနေကြသည်။ မုန်တိုင်ဒဏ်သင့်သူများအား
အိန္ဒိယ ဆရာတော်ကြီးများမှ ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ကိုလည်း
(UCANEWS) မှ ဖော်ပြထားသည်ကို ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပေးထား သည်။
#church, #india, #gaja, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment