ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ဩဝါဒ၊ "မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်"

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ဩဝါဒ၊ "မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်"

၁၅ ဩဂုတ်လ ၂၀၂၁

ခရစ်တော်၌ ချစ်ခင်လေးစားအပ်ပါသော ညီအကို မောင်နှမအပေါင်းတို့-

ဒီနေ့ ကျွန်ုပ်တို့ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ခန္ဓာနှင့် ဝိညာဉ် နှစ်ပါးစလုံး ပင့်ဆောင်ခံရသော ပွဲနေ့ကို ကျင်းပနေကြပါတယ်။ ဒီအရာက မယ်တော်နဲ့ ပက်သတ်ပြီး အသင်းတော်ရဲ့ မမှားမယွင်းနိုင်သော ယုံကြည်ရာအချက် သွန်သင်မှုလည်း ဖြစ်ပါတယ်။

မယ်တော်သခင်မက ဘယ်လိုဘယ်ပုံဆိုတာ ဘယ်သူမှ အတိကျ မသိကြပါဘူး။ ဥရောပ အနုပညာရှင်တွေက မယ်တော်ကို ဥရောပနိုင်ငံသူနဲ့ တူအောင် ပုံဖော်ကြတယ်။ အာဖရိက အနုပညာရှင်တွေက မယ်တော်ကို အာဖရိကနိုင်ငံသူနဲ့တူအောင် ပုံဖော်ကြတယ်။ အမေရီကန် အနုပညာရှင်တွေက မယ်တော်ကို သူတို့ နိုင်ငံသူနဲ့ တူအောင် ပုံဖော်ရေးဆွဲကြတယ်။ တောင်အမေရိက၊ အရှေ့ဖျား၊ ကမ္ဘာ့နိုင်ငံတော်တော်များများက အနုပညာရှင်တွေက မယ်တော်ကို သူတို့ နိုင်ငံသားပုံနဲ့တူအောင် ပုံဖော်ရေးဆွဲကြတယ်။ မြန်မာနိုင်ငံမှာလည်း မယ်တော်သခင်မကို မြန်မာမိန်းကလေး နဲ့တူအောင် ကြိုးစား ပုံဖော်ရေးဆွဲကြပါတယ်။ တကယ်တော့ မယ်တော်ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးဖြစ်လာပါတယ်။ ဘယ်မျိုးဆက်မဆို၊ ဘယ်လူမျိုးမဆို၊ ဘယ်ယဉ်ကျေးမှုမဆို လိုက်လျောညီထွေမှုရှိအောင် ဖန်တီးရေးဆွဲနေ ကြပါတယ်။ တစ်ခုတည်းသောအရာက ဘယ်ဒေသက အနုပညာရှင်ဖြစ်ဖြစ် မယ်တော်ကို ဘုရားတရား ကိုင်းရှိုင်းသူ၊ စဉ်စားတွေးတောတက်သူ၊ သန့်ရှင်းမြင့်မြတ်သူ အဖြစ် သဘောတူကြပါတယ်။

သူမဟာ ခရစ်တော်သခင်ရဲ့ မယ်တော်ဖြစ်ပါတယ်။ ဧလိဇဘက်က ယောဟန်ကို ကိုယ်ဝန်လွယ်တဲ့အခါ မယ်တော်ကို ပထမဆုံးမြင်တော့ “မိန်းမတကာတို့တွင် မင်္ဂလာရှိသူ လို့ ကြွေးကြော်ခဲ့ပါတယ်။” အီဇရာအဲပြည်မှာ ပထမရာစုကတည်းက ခရစ်တော်သခင်ပြီးတော့ မယ်တော်သခင်မကလွဲပြီး ဘယ်သူ့ကိုမှ ကြည်ညိုလေးစားခြင်း၊ ဂုဏ်ပြုချီးမွမ်းခြင်းတွေ မရှိပါဘူး “ဂုဏ်ကျေးဇူးတော်နှင့် ပြည့်စုံတော်မူသော သခင်မ ဘုရားသခင်သည် သခင်မ၌ ကျိန်းဝပ်တော်မူသည်” ဂုဏ်ကျေးဇူးအပေါင်းနှင့်ပြည်စုံသူ၊ အသစ်သော ဧ၀၊ သန့်ရှင်းမွန်မြတ်သောမယ်တော်၊ သနားကြင်နာခြင်း မိခင်၊ ဘုရားရဲ့မယ်တော် ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ ကွန်မြူနစ်နိုင်ငံတွေက ဒီအရာတွေကို လစ်လျူရှုကြပါတယ်။ မိခင်မရှိတဲ့ မိသားစုဟာ သနားစရာကောင်းပါတယ်။ မိခင်မပါတဲ့ ဘာသာရေး ဂိုဏ်းကွဲတွေဟာလည်း တကွဲတပြားဖြစ်နေဦးမှာပဲ။

မယ်တော်က ဘာနဲ့တူသလဲ။ ဘယ်လို အမျိုးသမီးမို့လို့ ဘုရားက သူရဲ့သားတော်ကို လွယ်ရအောင် ရွေးချယ်ခဲ့တာလဲ။ ဘယ်လို အမျိုးသမီးမို့လို့ ယုံကြည်ခြင်းနဲ့ ကျေးဇူးတော်တွေကို ပိုင်ဆိုင်တာလဲ။

မယ်တော်နဲ့ပက်သတ်ပြီး ကျွန်ုပ်တို့ သိထားတဲ့ အရည်အသွေးများ ရှိပါတယ်။ ဥပမာ- မယ်တော်ကို စွန့်စားရဲတဲ့ အမျိုးသမီးလို့ သိထားပါတယ်။ စိန့်ဂျိုးဇက်ရဲ့ ငြင်းပယ်မှုအတွက် စွန့်စားသလို၊ လက်မထပ်ခင် ကိုယ်ဝန်လွယ်ထားတယ်ဆိုရင် ကျောက်ခဲနဲ့ ပစ်သတ်ခံရမည့် အခြေအနေအတွက် စွန့်စားတယ်။ သူမရဲ့ ကျန်းမားရေး၊ အသက်ကို မငဲ့ပဲ ဘက်သလင်ဟင်မြို့ဆီ စွန့်စားပြီး ခရီးပြုတယ်။ နုံချာတဲ့ နွားတင်းကုတ်မှာ သူမသိလူမသိ မွေးဖွားခြင်းတွေအတွက် စွန့်စားတယ်။ စိန့်ဂျိုးဇက်နဲ့အတူ အီဂျစ်ပြည်ကို ထွက်ပြေး တိမ်းရှောင်ခြင်းတွေအတွက် စွန့်စားခဲ့တယ်။ လူမဆန်တဲ့ အာဏာရှင် ဟေရုဒ်မင်းက သူမရဲ့သားကို သတ်ဖို့ ရည်ရွယ် ရှာဖွေခြင်းတွေအတွက် မယ်တော်ဟာ စွန့်စားခဲ့တယ်။

သူမရဲ့ ရဲစွမ်းသတ္တိနဲ့အတူ သူမရဲ့ နိမ့်ချခြင်း ကိုလည်း ကျွန်ုပ်တို့သိထားပါတယ်။ နိမ့်ချခြင်းဆိုတာ ခေတ်မမှီဘူး ထင်ရတဲ့အချိန်ခါတွေမှာ သစ္စာတည်ကြည်ခြင်း စံကောင်းနမူကောင်းအဖြစ် မယ်တော် ရပ်တည်ခဲ့တယ်။ “ကျွန်မသည် ဘုရားသခင်၏ အစေခံမပါ၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ သူမ ပြောနိုင်ခဲ့တယ်။ ဒီနေရာမှာ ဘုရားက အစီစဉ်မကျတဲ့ ကိုယ်ဝန်လွယ်ခြင်း ကိုသာမက အန္တရယ်ရှိတဲ့ အရာကို အဆိုပြုနေပါတယ်။ ဒါကို မယ်တော်သခင်မက မငြင်းဆိုခဲ့ပါဘူး။ သူမရဲ့ ဂုဏ်သက္ခာ၊ သူမရဲ့ အခွင့်အရေးတွေအတွက်၊ သူမရဲ့ လွတ်လပ်မှုနဲ့ အသက်တွေအတွက်လည်း မငဲ့ကွက်ခဲ့ပါဘူး။ ဘုရားရဲ့ အလိုတော်နဲ့အညီ အသုံးတော်ခံ အဖြစ်သာ ရွေးချယ်ခဲ့တာပါ။

“ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေ။” အသုံးတော်ခံဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အစေခံခြင်းအတွက် သူမကိုယ်သူမ ခွင့်ပြုခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ မယ်တော်ကဲ့သို့ မိမိကိုယ်ကို ဦးစားမပေးခြင်း၊ မိမိအတွက် မစဉ်းစားခြင်းတွေကို ဖက်ရှင်ဟောင်းကြီးပါ၊ သမားရိုးကျ ခေတ်မဆန်ဘူး၊ ဖိနှိပ် ချူပ်ချယ်မှုကြီး ပါလို့ယူဆကြတဲ့ အမျိုးသမီးထုကြီး မက အမျိုးသားတွေကပါ ရှုတ်ချကြပါတယ်။ လောကအမြင်နဲ့ဆိုရင် ဒီထက်မက ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် မယ်တော်သခင်မရဲ့ မိမိကိုယ်ကို ပေးဆပ်ခြင်း၊ နိမ့်ချခြင်း၊ နားခံခြင်းစိတ်ဓာတ်တွေကတော့ ဘုရားအမြင်မှာ အလှပဆုံးအရာအဖြစ် တည်ရှိနေပါတယ်။ ဒီအရာကိုပဲ ဘုရားက ဒီနေ့ခေတ် အမျိုးသမီး၊ အမျိုးသားတွေဆီမှာ မြင်ချင်တဲ့ အရာလည်းဖြစ်ပါတယ်။

စိန့်လုကားက မိတ်ဆက်ပေးထားသလို- သိကြားတမန် ဂေဘရိအဲလ်နဲ့ တွေ့တဲ့အခါ ဘာကြောင့် မယ်တော်သခင်မက သစ္စာတည်ကြည်ပြီး နာခံနေရတာလည်းဆိုတာ ကျွန်ုပ်တို့ မြင်နေရပါတယ်။ သူမရဲ့ကိုယ်ပိုင် စိတ်ဆုံးဖြတ်မှုတွေ ရှိနေပါတယ်။ သိကြားတမန် ဂေဘရိအဲလ်က မယ်တော်ကို မျက်နှာသာပေးခြင်းခံရသူ၊ ဂုဏ်ကျေးဇူးအပေါင်းနှင့်လပြည့်စုံသောသခင်မ လို့ နှုတ်ဆက်တဲ့အခါ မယ်တော်သခင်က စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျမ်းစာထဲမှာတော့ “သူမသည် အလွန်စိတ်ဇဝေဇဝါဖြစ်၍ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့ဖြစ်မည်နည်းဟု တွေးတောဆင်ခြင်လျက်နေ၏ (လုကာ ၁း ၂၈-၂၉)။”ပြောထားပါတယ်။

ဘုရားရဲ့ မျက်နှာပေးခြင်းခံရဖို့ဆိုတာ မိမိဘ၀ ကမောက်ကမ ဖြစ်သွားခြင်းပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ အစေခံတွေဟာ ပေးဆပ်ရတယ်ဆိုတာ ဓမ္မဟောင်းကျမ်းစာမှာ လုံလောက်တဲ့ သက်သေ သာဓကတွေ ရှိပါတယ်။ ဒါကိုပဲ မယ်တော်က ပြန်ပြီး ပြသနေတာပါ။ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ်၊ ခရစ်တော်အကြောင်း မသိခင်ကတည်းက မယ်တော်ဟာ ဘုရားရဲ့ခေါ်သံအပေါ် သူမ ပါဝင် လုပ်ဆောင်နိုင်တဲ့ အရာလားလို့ စဉ်းစားနေခဲ့ပါတယ်။

သားယောက်ျားကို ဖွားမြင်မယ်လို့ စိန့်ဂေဘရိအဲလ်က ပြောတဲ့အခါ- မယ်တော်ရဲ့ ယုတ္တိရှိ လက်တွေ့ကျခြင်းနဲ့ ယုံကြည်ရခက်ခြင်း အခြေနေတွေကို မြင်ရပါတယ်။ မယ်တော်က “ဤအမှုအရာသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း” လို့ မေးခွန်းထုတ်ခဲ့ပါတယ် (လုကာ ၁း၃၄)။ ဒီနေရာမှာ - မယ်တော်က အထက်ကလာတဲ့ ဖြစ်နိုင်ချေတွေကို စဉ်းစားနေတာထက်- လူသားဆန်တဲ့ ဖြစ်ရပ်မှန်တွေကို စဉ်းစားနေတာပါ။

ဘုရားရဲ့အလိုတော်ကို လက်မခံခင်အထိ လူတွေဟာ မယ်တော်နဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက် အငြင်းပွား စရာတွေရှိခဲ့ပါတယ်။ ဘုရားက မိုးဇက်ကို ခေါ်တဲ့အခါ အီဇရာအဲလ်လူမျိုးအတွက် ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ် (ထွက်မြောက်ရာကျမ်း ၄း၁)။ ဖရော်ဖက်ဖြစ်ဖို့ ဘုရားက ယေရမိကို ခေါ်တဲ့အခါ သူအရွယ်မရောက်သေးဘူး ငယ်သေးတယ်လို့ ပြောပါတယ် (ယေရမိယအနာဂတ္တိကျမ်း ၁း၆)။ နေနိဝေးမြို့ကိုသွားပြီး တရားဟောဖို့ ယောနကို ဘုရားက ခေါ်တဲ့အခါ ယောနက ခေါင်းခါခဲ့ပါတယ် (ယောန ၁း၃)။ မယ်တော်မတိုင်ခင် ကျမ်းစာထဲ့က ပုဂ္ဂိုလ်များစွာ ကြုံတွေ့ခဲ့ကြပါတယ်။ ဘုရားအစေခံဖြစ်ဖို့ ခေါ်တယ်ဆိုတာ မိမိကိုယ်ကို အရေးနိမ့်ပြီး ခြေသုတ်ဘ၀ ရောက်သွားခြင်း မဟုတ်ဘူးဆိုတာ မယ်တော်က လက်တွေ့ သက်သေပြလိုက်ပါတယ်။ စစ်မှန်တဲ့ မေးခွန်းများ၊ ကန့်ကွက်ခြင်းများ၊ သံသယများနဲ့ ကြောက်ရွံ့ခြင်းတွေနဲ့ပဲ စစ်မှန်တဲ့လူတွေကို ဘုရားက ခေါ်ပါတယ်။ လူသားဖြစ်တဲ့ ကျွန်ုပ်တို့လည်း အထက်ကအရာတွေရှိနေသလို မယ်တော်ဟာ လူသား တစ်ယောက်အနေနဲ့ ဒီအရာတွေရှိနေပါတယ်။

သမ္မာကျမ်းစာထဲမှာ အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် ဘုရားက ရွေးချယ်ထားတဲ့ ရှေ့ဦး ယုံကြည်ခြင်းမိခင်များ အဖွဲ့တွင် မယ်တော်သခင်မလည်း ပါဝင်နေတယ်ဆိုတာ ကျမ်းစာက ပြောပြနေပါတယ်။ ဒီဘောရာ (Deborah)၊ ဂျေလ် (Jael) တို့ကဲ့သို့ တစ်ချို့တွေက တရားသူကြီးများ၊ စစ်ခေါင်းဆောင်များ ဖြစ်ကြပါတယ်။ ဒါပေမယ့် လောကကြီးအတွက် အရေးပါတဲ့ကလေးတွေ မွေးဖွားပေးဖို့ ဘုရားက သေးငယ်တဲ့ အမျိုးသမီးအဖွဲ့ကို ရွေးချယ်ခဲ့ပါတယ်။ အာဗြံ ရဲ့ အမျိုးသမီး၊ အိုက်ဇက် (Isaac) ကို မွေးဖွားပေးသူ ဆာရာ (Sarah) ဟာ လူမျိုးစုရဲ့မိခင် ဖြစ်လာတယ် (ကမ္ဘာဦးကျမ်း ၈း၁၂)။ ယောသပ်ရဲ့အမေ (Rachel) (ကမ္ဘာဦးကျမ်း ၃၀း၂၂)။ ယောဟန်ရဲ့အမေ ဧလိဇဘတ် (Elizabeth)၊ ပြီတော့ မယ်တော်သခင်တို့ပဲဖြစ်ပါတယ်။

ဒီအမျိုးသမီးတွေဟာ မိခင်ဖြစ်ဖို့ ရွေးချယ်ခြင်းခံခဲ့ကြတယ်။ဒါပေမယ့် သူတို့ရဲ့ကလေးကို မွေးဖွားပေးရုံထက် အများကြီး သာလွန်ကောင်းမွန်ကြတယ်။ ဤလောကမှာ ဘုရားက ဘယ်လိုအလုပ် လုပ်နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ကိုယ်ဝန်လွယ်ခြင်းနဲ့ မိခင်ဖြစ်ခြင်းတွေကို ထောက်ရှုရင်းနဲ့ ဘုရားရဲ့ အလိုတော်ကို ဘာသာပြန်ပေးကြသူများ ဖြစ်လာကြတယ်။

ဒါတွေဟာ ဓမ္မဟောင်းကျမ်းထဲမှာ အတိလင်းတွေ့ရတဲ့အရာတွေဖြစ်ပါတယ်။ မယ်တော်သခင်မ မတိုင်ခင် နှစ်ပေါင်း တစ်ထောင်လောက်တုန်းက အသက်ရှင်သန်ခဲ့တဲ့ ဟန္နား (Hannah) ဆိုတဲ့အမျိုးသမီးကို တွေ့ရပါတယ်။ ဟန္နား (Hannah) သူမဘ၀မှာ ကလေးမရပဲ မြုံနေခဲ့တယ်။ ဒါပေမယ့် ကလေးလိုချင်လို့ ဆုတောင်းခြင်းအမှုမှာ အားထက်သန်ခဲ့သူပါ။ သားသမီထွန်းကားခြင်းသည် ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်း တစ်ခုလို့ ခံယူကြတဲ့ သူမအသိုင်း၀ိုင်း ယဉ်ကျေးမှုမှာ၊ အမျိုးသမီးတွေကြားမှာ သူမရဲ့ မြုံနေခြင်းအတွက် အရှက်တကွဲဖြစ်ခဲ့ရတယ်။

နောက်ဆုံးတော့ ဘုရားသခင်က သူမကို ဆာမူအဲလ် (Samuel) ဆို သားမြတ်တစ်ယောက်ကို ပေးသနားခဲ့တယ်။ ဒီတော့ ဟန္နား(Hannah) က အင်မတန်ပျော်ရွှင်ဝမ်းမြောက်ပါတယ်။ ကျမ်းစာပြောတာကတော့ သူမ၏ ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေကို ချီးမွမ်းသီဆိုတယ်လို့ ပြောထားပါတယ်။ “ငါ့နှလုံးသည် ထာ၀ရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာ၀ရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏” (ဓမ္မရာဇဝင် ပထမစောင် ၂း၁)။

နှစ်ပေါင်းတစ်ထောင် အကြာမှာ ဟန္နားရဲ့ စကားတွေက မယ်တော်သခင်မဆီမှာ ပဲ့တင်ထပ်ခဲ့ပါတယ်။ မယ်တော်သခင်မက ဘုရားရဲ့အလိုတော် ဘုရားရဲ့အစီအမံတွေကို အလင်းကျေးဇူးတော် အောက် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ သူမကဲ့သို့ မထင်မရှား ဆင်းရဲသော မိန်းခလေး ကို ဘုရားက မျက်နှာသာပေးတဲ့အပေါ် မယ်တော်က ဘုရားသခင်သည် “စိတ်၌ မာနထောင်လွာသော သူတို့ကို ကွဲလွင့်စေတော်မူပြီ” ပြောဆိုခဲ့ပါတယ်။ ပိုပြီး ဂုဏ်သိက္ခာရှိ ကျန်းမာတဲ့အမျိုးသမီးတွေ ကျော်လွန်ပြီး မယ်တော်သခင်မကို ရွေးချယ်ခဲ့တဲ့အပေါ် မယ်တော်က “ကိုယ်တော်သည် အင်အားကြီးသော သူတို့ကို အရိုက်အရာမှ ချတော်မူ၍ နှိမ့်ချသော သူတို့ကို ချီးမြှောက်တော်မူပြီ” လို့ ပြောဆိုနိုင်ခဲ့ပါတယ်။ အိုးမဲ့အိမ်မဲ့ ဆင်းရဲသားတွေကြားမှာ မိမိကိုယ်ကို နေရာပေးခြင်းအားဖြင့် “ကိုယ်တော်သည် ငတ်မွတ်သော သူတို့ကို ကောင်းသော အရာတို့နှင့် ပြည့်၀စေ၍ ကြွယ်၀ သောသူတို့ကို လက်ချည်း သက်သက်လွတ်လိုက် တော်မူပြီ”။

မယ်တော်သခင်မဟာ စာနာတက်သူ၊ သန့်ရှင်းမြင့်မြတ်သူ၊ နားခံတက်သူ ဖြစ်ပါတယ်။ ခရစ်တော်မွေးဖွားခြင်း သတင်းကောင်းကို လုံးလုံးလျားလျား ပေးခဲ့ပါတယ်။ မိန်းမတကာထက် သူမကို ဘုရားက ဘာကြောင့်ရွေးချယ်တယ်ဆိုတာကို အဓိပ္ပါယ်ပေါ်လွင်စေပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ဟာ ဤလောကထဲ သက်ဝင်လှုပ်ရှားတယ်ဆိုတာကိုလည်း ကျွန်ုပ်တို့အားလုံးကို ရှင်းပြပေးနေပါတယ်။ အခြေခံအားဖြင့် လောကကြီးက တန်းဖိုးထားတဲ့အရာတွေကို ပြောင်းပြန် ဖြစ်စေပါတယ်။ ဘုရားသခင်ရဲ့အလိုတော် သက်ဝင်လှုပ်ရှားတဲ့အခါ “နောက်ဆုံးသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ဂုဏ်ပြုခြင်းမခံ အပယ်ခံသူတို့သည် ချီးမြှောက်ခြင်းခံရလိမ့်မည်။ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ”။

လောကရဲ့နိယာမတွေအတိုင်း အသက်ရှင်တဲ့အခါ ချမ်းသာသူကို ဂုဏ်ပြုကြတယ်၊ နာမည်ကြီးသူတွေကို ဖော်လံဖားကြတယ်။ ဘုရားသခင်ဟာ ဘက်သလဟင်မြို့က သူမသိ လူမသိ မထင်မရှား ဆင်းသက်လာသူကို ကောင်းကြီးပေး မျက်နှာသာပေးခဲ့တယ်။ ကျွန်ုပ်က အာဏရှိ ဂုဏ်ရှိသူတွေကို ဂုဏ်ပြုနေတဲ့အချိန် ဘုရားသခင်က ဒီကမ္ဘာမှာ အာဏာမရှိ နှိမ့်ချသူကို ဂုဏ်ပြုဖို့ နွားတင်ကုတ်မှာမွေးဖွားခဲ့တယ်။ ကျွန်ုပ်တို့က နာမည်ကြီး အထင်ကရပုဂ္ဂိုလ်တွေကို ချီးကျူးဂုဏ်ပြုနေတဲ့အချိန် ဘုရားသခင်က သူ့နည်း သူဆန္ဒတွေကို နှိမ့်ကျတဲ့ နွားစားခွက်နှင့် ညီညွတ်မှုပြ ကြယ်တာရာအားဖြင့် ပြသပါတယ်။

ရှေးပရောဖက်များ ဟောထားခဲ့တယ်မဟုတ်လား “ထာ၀ရဘုရား မိန့်​တော်မူသည်ကား၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ၊ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ“ (ဟေရှာယအနာဂတ္တိကျမ်း ၅၅း၈)။ ဒီအရာဟာ မိန်းမသားတစ်ဦးရဲ့ ခံစားရသော အတွေ့အကြုံအရ သော်လည်းကောင်း၊ ဓမ္မဟောင်းကျမ်းက ညဏ်ပညာတွေအရ သော်လည်းကောင်း၊ သူမကိုယ်တိုင် စဉ်းစားထောက်ရှုပြီး ဖြစ်လာတဲ့ မယ်တော်သခင်မရဲ့ ကြွေးကြော်သံနဲ့ ဆင်နေပါတယ်။ ကျမ်းချက်အရ “ကိုယ်တော်သည် မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူလေပြီ” လို့မယ်တော်ကြွေးကြော်ခဲ့ပါတယ်။ သူမဟာ ရိုးသားတဲ့ တောသူမလေး၊ လက်သမားတစ်ဦးနဲ့ စေ့စပ်ထားတယ့် မိန်းမသားတစ်ဦး၊ ဖုန်တွေထူထပ်တဲ့ တောရွာလေးမှာ နေထိုင်သူဖြစ်ပါတယ်။ သူမကိုယ်သူမ ဘယ်တော့မှ မိန်းမမြတ် မိန်းမထူးလို့ မပြောခဲ့ပါဘူး။ ပညာတက်တစ်ဦးလို့ မပြောခဲ့ဘူး။ တခြားသူတွေထက် သာလွန်တဲ့မိန်းကလေးလို့ မပြောဆိုခဲ့ပါဘူး။ တကယ်တော့ မယ်တော်သခင်မဟာ ဘုရားသခင်လုပ်ဆောင်ခြင်းကြောင့် သူ့မဆီရောက်လာတယ် ဂုဏ်ကို သတိထားမိသူတစ်ယောက်ပါ။ “အကြောင်းမူကား တန်ခိုးကြီးတော်မူသော သခင်သည် ငါ့အဖို့ ကြီးမြတ်သောအမူအရာ တို့ကို ပြုတော်မူပြီ“ လို့ ဝန်ခံခဲ့သူပါ။ မိန်းမတကာတို့တွင် ထာ၀ရ မွန်မြတ်သော သူ ဖြစ်နေမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူမဟာ သာမန်မိန်းကလေးတစ်ယောက်၊ အထင်ကရမဟုတ်သော ဂုဏ်ပကာသနရှိသူ မဟုတ်ပေမယ့် ဘုရားခေါ်သံကို ခမ်းခမ်းနားနား “YES” လို့ ပြောနိုင်ခဲ့သူဖြစ်လို့ပါ။

ဒီနေရာမှာ ဝိညာဉ်ရေးအတွက် အရေးကြီးတဲ့ သင်ခန်းစာ တခုရှိပါတယ်။ ဘုရားက တမူထူးပြီး အားကောင်းသန်မာသူ၊ တအားတော်တဲ့သူ၊ အမှုတော်ဆောင်ဖို့ တော်တက်သူကို အလိုမရှိပါဘူး။ ပညာတက်ကြီးတွေ၊ ဂူရုကြီးတွေကို အလိုမရှိပါဘူး။ တကယ်တော့- ခဏဖြစ်ဖြစ် စဉ်းစား ကြည့်မယ်ဆိုရင် - ရိုးရိုးသာမန်လူတွေနဲ့ပဲ ဘုရားက အလုပ်လုပ်ပါတယ်။ ဒါကြောင့် အမူတော်ဆောင်ဖို့ အစေခံတစ်ယောက်ဖြစ်ဖို့ ဘုရားက ခေါ်တဲ့အခါ “NO” ဆိုပြီး အကြောင်းအမျိုးမျိုးပြ၊ ဆင်ခြင်ပေးစရာ အကြောင်းမရှိပါဘူး။

မယ်တော်နဲ့ သူမ မတိုင်ခင်က တခြား မရေမတွက်နိုင်တဲ့ အစေခံတွေကဲ့သို့ သူရဲ့နာမတော်အတွက် လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို မခေါ်နိုင်ဘူးလို့ အကြောင်းပြချက်များစွာ စဉ်းစားနေကြတယ်။ ကျွန်ုပ်တို့ ကမကောင်းဘူး၊ မထိုက်တန်ဘူး၊ ကျွန်ုပ်တို့က သစ္စာတည်ကြည်မှုမရှိဘူး၊ ဘုရားတရား မကိုင်းရှိုင်းဘူး၊ ဘုရားဆီ ပို့ဆောင်ပေးနိုင်တဲ့ အရာတွေမရှိဘူး၊ အမှုဆောင်ဖို့ အရည်ချင်းတွေ မရှိဘူး လို့ ဆင်ခြင် ပေးတက်ကြပါတယ်။

ဒီပြသနာတွေနဲ့အတူ ကျွန်ုပ်တို့က မိမိကိုယ်ကို သိနားလည်မူနဲ့ ဘုရားအပေါ် သိနားလည်းမှုတွေ နည်းလွန်းပါတယ်။ ဘုရားအလုပ်ဆိုတာ အင်မတန် ကြီးကျယ်တယ်၊ ကမ္ဘာကို တုန်လှုပ်စေနိုင်တဲ့ အရာတွေမို့ အမှုတော်ဆောင်ဖို့ဆိုတာ အထူးအရည်အချင်းတွေ လိုအပ်တယ်ဆိုပြီး ကျွန်ုပ်တို့ တွေးမိတက်ကြတယ်။ တကယ့်အမှန်တော့- ဘုရားက ကျွန်ုပ်တို့ဆီကနေ တခြား ဘာမှ လိုအပ်နေတာ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ် ခွန်အားတွေ သူမလိုပါဘူး။ ဒါပေမယ့် လုပ်ချင်ကိုင်ချင်တဲ့ စိတ်ပဲ လိုချင်တာပါ။ ဘုရားသခင်ဟာ တကယ်ကြီးမြတ်ပါတယ်။ သူ့ ဘုန်းတန်ခိုးဟာလည်း ကြီးမြတ်ပါတယ်။ သူ လိုအပ်တာကတော့ ကျွန်ုပ်တို့ရဲ့ဆန္ဒတွေ သူ့အတွက်ဖြစ်စေဖို့ပါပဲ။

ခရစ်တော်လိုပဲ မယ်တော်သခင်မဟာ အပြစ်မဲ့မွေးဖွားခဲ့တယ်။ သူမသေပြီးတော့ ခန္ဓာ ဝိညာဉ်နှစ်ပါးစလုံး ကောင်းကင်ဘုံ ပင့်ဆောင်ခံရတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဟာရီ အဲမာဆန် (Harry Emerson) ဟာ မိန့်ခွန်းတစ်ခုပြောဖို့ လဲဘနွန် (Lebanon) နိုင်ငံရှိ အမေရိကန် ဘဲရု (Beirut) တက္ကသိုလ် ဖိတ်ခေါ်ပါတယ်။ နိုင်ငံပေါင်းစုံက လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်း ၁၆ ခုကနေ ကိုယ်စာလှယ်များ နဲ့ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ကွဲပြားတဲ့လူမျိုး၊ ဘာသာတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအတွက် ဘယ်အရာက သင့်တော်မလဲ၊ စိတ်ဝင်စားစရာကောင်းမလဲ။ ဟာရီက စပြောပါတယ်- ဟိုဘာသာကနေ ဒီဘာသာကို ပြောင်းဖို့ ဘယ်သူ့ကိုမှ ငါမတိုက်တွန်းပါဘူး၊ ဒါပေမယ့် သင့်အကျင့်စာရိတ္တအတွက် သင့်ဘာသာရေးက ဘာတွေ လုပ်ပေးနေတယ်ဆိုတဲ့ မေးခွန်းလေးပဲ ဖြေစေချင်ပါတယ်။ သင့်ဘုရားတရားက ဘာလဲ၊ မယ်တော်ကို သဒ္ဓါကြည်ညိုခြင်းက သင့်စာရိတ္တကို ဘယ်လို အကျိုးရှိစေသလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲ စေသလဲ။

သူမရဲ့ ပါရီများကို အတုယူဖို့ ကျွန်ုပ်တို့ အမှန်တကယ် အလေးထား ဂရုပြုကြရဲ့လား။

သဲကန္တာရမှာ ပျံသန်းတဲ့ ငှက်နှစ်မျိုးရှိပါတယ်။ ပထမငှက်က-ငှက်ပိတုန်း (hummingbird)၊ ဒုတိယငှက်က- လင်းတငှက်တို့ ဖြစ်ပါတယ်။ လင်းတက သဲကန္တာရမှာ ပုပ်သိုးတဲ့ အသားတွေကို ရှာဖွေပါတယ်။ အဲ့ဒီအရာတွေနဲ့ပဲ သူတို့အသက်ရှင်သန်ပါတယ်။ ဒါပေမယ့် ငှက်ပိတုန်းတွေကတော့ - ညီဇော်နံတဲ့အသားတွေ သေနေတဲ့ သတ္တဝါတွေကို စိတ်မဝင်စားကြပါဘူး။ သဲကန္တာရထဲက ရောင်စုံတဲ့ ပန်းအဖူးတွေကိုပဲ ရှာဖွေကြပါတယ်။ လင်းတတွေက ဖြစ်ပျက်ပြီးတဲ့အရာ အတိတ်မှာ ရှင်သန်ကြပါတယ်။ သူတို့ကို သူတို့ အသေကောင်တွေ၊ အတိတ်တွေနဲ့ အားဖြည့်ကြပါတယ်။ ငှက်ပိတုန်းတွေကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေနဲ့ ရှင်သန်ကြပါတယ်။ အသစ်သောဘ၀ကို ရှာဖွေနေကြပါတယ်။ သန့်ရှင်း လတ်ဆက်တဲ့ အရာတွေနဲ့ အားဖြည့်ကြပါတယ်။ ငှက်တွေက သူတို့ရှာဖွေတဲ့အရာကို သူတို့တွေပါတယ်။ ကျွန်ုပ်တို့လည်း ရှာဖွေနေပါတယ်။

ဘ၀မှာ- ငှက်နှစ်မျိုးနှစ်ရှိပါတယ်။ တခုက မိုက်ရူးခြင်းတွေ မိုက်မဲခြင်းတွေကို ရှာဖွေနေပါတယ်။ နောက်တစ်ခုက- ညဏ်ပညာတွေကို ရှာဖွေနေပါတယ်။ လင်းတက ပုပ်သိုးတဲ့ ပျော်ပါးသောက်စားခြင်း နဲ့ ကာမရာဂ အပျော်အပါးတွေနဲ့ရှင်သန်ဖို့ ရှာဖွေနေကြပါတယ်။ ငှက်ပိတန်းတွေကတော့-တည်ကြည်လေးနက်ခြင်း၊ လန်းဆန်းတက်ကြွခြင်း၊ စိတ်ကောင်းရှိခြင်းတွေနဲ့ ရှင်သန်ကြပါတယ်။ လောကသဲကန္တရထဲမှာ ကျေးဇူးမသိတက်သူ၊ ဒေါသကြီးသူအဖြစ် သင့်ကိုယ်ပိုင် အသေကောင် လိုက်ရှာတဲ့ဘ၀ ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် ကျေးဇူးသိတက်စွာ ကျေးဇူးတင်သီချင်းကို ညည်းဆိုတဲ့ဘ၀ကိုလည်း ပိုင်ဆိုင်နိုင်ပါတယ်။ အဓိက ကတော့ သင် ရှာဖွေတာကို သင်ပိုင်ဆိုင်ရမှာပါ။

မယ်တော်သခင်မကို ကျွန်ုပ်တို့ ဂုဏ်ပြုကြတယ်။ သူမဟာ ငှက်ပိတုန်းလိုပါပဲ ခက်ခဲတဲ့အချိန်တွေ ကြုံရပေမယ့်၊ အဆင်မပြေတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်နေရပေမယ့် ဘုရားကို အမြဲ ချီးမွမ်းတယ်၊ ကျေးဇူးတင်ပါတယ်။

ကျွန်ုပ်တို့ဟာ မယ်တော်သခင်ကဲ့သို့လား ဒါမှမဟုတ် အမြဲ စိတ်တို ဒေါသထွက်ပြီး၊ ကျေးဇူး မသိတက်သူ၊ ကလဲ့စားချေတက်သူလား ကိုယ်စီမေးကြရအောင်။

ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော သခင်မ- ကျွန်ုပ်တို့အဖို့ဆုတောင်းပေးတော်မူပါ။

Homily of His Eminence Charles Cardinal Bo

15th August 2021: Feast of Mary Assumed into heaven.

Today we celebrate Mary taken up to heaven: with body and Soul. It is one of the Marian dogmas by the Church as infallible teaching.

No one knows what Mary looked like. European artists have made her look European. African artists have made her look African. Native American artists have drawn her in their image, as have artists from South America, the Far East and nearly every other part of the world as well, Myanmar too tries to draw Mary as a Burmese girl. In a sense, she has become the universal woman, adapted in every generation to every race and culture. One thing, however, artists everywhere have agreed upon: they have all depicted her as pious, thoughtful and serene.

"She," of course, is Mary, the mother of Jesus. When Elizabeth, pregnant with John the Baptist, first saw her, she exclaimed, "Blessed are you among women," and so it has been ever since. After Jesus Himself, no one has been more venerated, more honored or revered than this young girl from first century Israel. "Hail Mary, full of grace, the Lord is with thee ..." Hail the Blessed Virgin, the New Eve, Holy Mary, Mother of Mercy, Mother of God. Except, it is pity that some of the communities try to ignore. A family without a mother is to be pitied. So also a denomination without a mother will scatter more.

What was she like? What kind of woman would be chosen by God to bear His Son, and what kind of woman would have the faith and grace to do it?

There are the usual qualities we traditionally think of. For example, we think of Mary as someone who was willing to take risks. She risked rejection by Joseph and even stoning by the other men in her village for being pregnant before she was married. She risked her own health and even her life by traveling to Bethlehem so close to term, and then giving birth unattended in a rude stable. She risked her life again by fleeing with Joseph to Egypt when a brutal dictator named Herod was seeking to kill her son.

Along with her courage, we traditionally think of Mary’s humility, holding it up as a model of faithfulness in an age when humility is radically out of fashion. "Here am I, the servant of the Lord," she said; "let it be with me according to Your word." Here God was proposing not only an "unplanned pregnancy" but a dangerous one at that, and Mary did not refuse. She did not insist on her moral autonomy, her right to self-fulfillment or her freedom to control her body or her life. Instead, she yielded both to God, that she might be an instrument of His will.

"Let it be with me according to Your word." Mary allowed herself to be used and permitted her life to be changed forever in service to a higher good. Today that kind of self-subordination is condemned in many circles by women and men alike, who consider it "old-fashioned," "repressive" or "unliberated." It may be all of that and more in the eyes of the world, but Mary’s spirit of self-giving obedience and humility surely remains beautiful in the eyes of God who wishes to see more of it in both men and women today.

Even as Luke first introduces us to Mary, as she encounters the angel Gabriel, we see that while Mary is faithful and obedient, she still has a mind of her own. Gabriel greets her by calling her "favored one," and immediately, the text says Mary is "perplexed." She "ponders what sort of greeting this might be" (1:28-29).

Perhaps she senses that to be favored by God is to have your life turned upside down. Perhaps she recalls her Old Testament scriptures, which amply demonstrate that people pay a price in this world for acting as servants of God. At any rate, we know that even before she was told about Jesus, Mary was wondering whether this calling from God was something she wanted to get involved with.

Then, when Gabriel tells her she will conceive a son, we see the practical and skeptical side of Mary. "How can this be," she asks, "since I am a virgin?" (Luke 1:34). At this point, she is thinking not of heavenly possibilities but biological realities.

Mary is also becoming part of a long tradition of people who argue and debate with God before accepting His will for their lives. Moses said he was unfit when God called him as leader of the Israelites (Exodus 4:1ff). Jeremiah claimed he was too young when God called him to be a prophet (Jeremiah 1:6). Jonah headed off in the opposite direction when God gave him a mission in Nineveh (Jonah 1:3ff). As so many biblical people had done before her, Mary demonstrates that God does not call self-effacing doormats into His service. He summons real people with real questions, objections, doubts and fears. It was only human for Mary to have them, as it is only human that we have them, too.

Our text shows Mary joining another tradition as well, a long line of women in the Bible - foremothers of our faith - who were chosen by God for special duties. Some, like Deborah or Jael, were judges or military leaders. But within this tradition is a smaller group of women whom God chose to bring special children into the world. They include Sarah, the aged wife of Abraham, who became the "Mother of Nations" by bearing Isaac, (Genesis 8:12) and Rachel, the mother of Joseph (Genesis 30:22). We have already mentioned Elizabeth, mother of John the Baptist. And then there was Mary.

These women were chosen for motherhood, but they were more than mere vessels for delivering children. They became interpreters of God’s will, reflecting on their own experience of pregnancy and motherhood to understand how God works in the world.

This is precisely what we see in our Old Testament lesson, where we meet a woman named Hannah, who lived a thousand years before Mary was born. Now, Hannah had been barren all her life, despite years of praying and pleading for a child. She daily felt the shame of her childlessness from other women in a culture where fertility was considered a sign of God’s favor.

Finally, God gave a very special child to Hannah; his name was Samuel and he became the last of Israel’s great judges. Of course, Hannah was ecstatic, and our text shows her expressing her joy in words of praise: "My heart exults in the Lord," she says, "my strength is exalted in my God."

A thousand years later, Mary echoed Hannah’s words as she interpreted her own situation in light of the methods, the mind and the will of God. By favoring a poor, obscure girl like her, Mary says, God has "scattered the proud in the imagination of their hearts." By passing over other women who possessed more wealth, prestige or comfort and choosing Mary instead, God has "brought down the mighty from their thrones and lifted up the lowly." By placing Himself among the poor and homeless, God has "filled the hungry with good things and sent the rich empty away."

Here is Mary - thoughtful, serene, obedient Mary - giving us the good news of Christ’s birth in all its radical fullness! Here is Mary making sense of why God chose her among all women and explaining to the rest of us that when God’s will is enacted in the world, He radically inverts our worldly values. When God’s will is enacted in the world, the last become first and the first become last; the dishonored are exalted and the honored are humbled.

As we live by the ways of the world, honoring the rich and fawning over the famous, God comes to Bethlehem to honor the poor and bless the obscure. As we honor those with power and might, God comes to a stable to honor the powerless and the meek of the earth. As we honor all that is flashy and spectacular, God shows that His way is as humble as a manger and simple as a solitary star.

Did not the ancient prophet say, "For My thoughts are not your thoughts, neither are your ways My ways, says the Lord" (Isaiah 55:8)? This is also the message of Mary’s Magnificat, arising from her own reflection on her womanly experience as well as her knowledge of Old Testament scripture.

.

She declares as much in our text. "God has looked with favor upon the lowliness of His servant," she says. She is a simple peasant girl, engaged to a carpenter and living in a dusty little village in a dusty little nation. She never calls herself anything unique or special, never claims to be more educated, refined or worthy in any way than anyone else. In fact, Mary realizes that the glory which has come to her is all God’s doing: "The Mighty One has done great things for me," she confesses. She will be blessed among women for all eternity because she was an ordinary, unspectacular girl who said "yes" to a spectacular calling from God.

There is an important spiritual lesson to be learned here, which is that God doesn’t need people who are unusually strong or bright or well-to-do to be His servants. God doesn’t need people who are exceptionally well-educated or skilled to do His will - ordinary folks will do just fine. In fact, if you think about it for a moment, ordinary people are all God has to work with, so there is no reason for any of us to say no to His summons to service!

Like Mary and countless other servants before her and since, we think of all the reasons God can’t be calling us to ministry in His name. We aren’t good or deserving enough. We aren’t faithful or religious enough. We don’t have this, that or the other thing which would commend us to God or qualify us for His service.

The problem with this is that we assume too much of ourselves and too little of God when we think in those terms. We assume that God’s work is always so monumental and earthshaking that we need special gifts or talents to be useful to Him, when the truth is that God doesn’t need any of that from us! God doesn’t need the strength of our flesh but the willingness of our spirit. God is so great and His power so glorious that all He needs is for average, everyday people like you and me to submit our wills to His.

Mary, like Jesus Himself, was born sinlessly and taken soul and body up to heaven after she died.

Years ago, Harry Emerson was invited to give an address at the American University of Beirut, Lebanon, where the student body comprised citizens of many countries and representatives from sixteen different religions. What could one say that would be relevant or of interest to so mixed and varied a group? This is how Harry began: "I do not ask anyone here to change his religion; but I do ask all of you to face up to this question: What is your religion doing to your character?" What does your devotions and especially devotion to Our Lady do to your character?

Do we really careful in imitating her virtues?

There are two birds that fly over our especially in deserts: One is the hummingbird and the other is the vulture. The vultures find the rotting meat of the desert, because that is what they look for. They thrive on that diet. But hummingbirds ignore the smelly flesh of dead animals. Instead, they look for the colorful blossoms of desert plants. The vultures live on what was. They live on the past. They fill themselves with what is dead and gone. But hummingbirds live on what is. They seek new life. They fill themselves with freshness and life. Each bird finds what it is looking for. We all do.

In life, there are two birds. The one bird looks for foolishness and stupidity, the other looks for wisdom. The vultures seek to fill themselves with the rotting flesh of drunkenness and debauchery, the hummingbird sobriety, freshness, and the Spirit. In the desert of this world you have your scavengers who are angry and ungrateful, but you also have those who hum a grateful hymn of thanksgiving. The irony is that you find what you are looking for.

We honor Mary, she is like the hummingbird, always praising and thanking God and others in spite of hard times and trying circumstances???

Are we like Mary or the one who is always angry, ungrateful and revengeful??

Mary Assumed into heaven: Pray for us.

Add new comment

1 + 4 =