Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မိသားစု နှင့် ဆီးချိုရောဂါ
နိုဝင်ဘာလ ၁၄၊ ၂၀၁၈
နိုဝင်ဘာလ ၁၄ ရက် နေ့သည် ကမာ့္ဘ ဆီးချိုရောဂါသည်များနေ့အဖြစ်သတ်မှတ်ထားပါသည်။ (မိသားစု နှင့် ဆီးချိုရောဂါ ) ကို ၂၀၁၈ - ၂၀၁၉ ခေါင်းစီးအဖြစ်ထားပြီး ကမာ့္ဘကျန်းမာရေး အဖွဲ့ကြီးမှ ကမ္ဘာတဝှမ်းရှိ အခြားသော အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆီးချိုရောဂါ၏ မိသားစုအပေါ်သက်ရောက်မှု့နှင့် ဆီးချိုရောဂါကို စနစ်တကျ ထိန်းညှိခြင်း၊ ဆီးချိုရောဂါ ကိုစောလျှင်စွာ သိရှိနိုင်သော နည်းလမ်းများနှင့်ကြိုတင်ကာကွယ်ခြင်းစသည့် မိသားစုကဏ္ဍတို့ကို ကုလသမ္မဂ တွင် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
ကမ္ဘာတဝှမ်းလုံးအတိုင်အတာဖြင့် လက်ရှိအခြေအနေ၌ လူပေါင်း ၄၂၅ သန်း လောက်သည် ဆီးချို ရောဂါခံစားနေရကြောင်း ကုလသမ္မဂ ကမာ့္ဘကျန်းမာရေး အဖွဲ့ကြီးမှထုတ်ပြန်ထားပါသည်။
အဝလွန်ခြင်းသည် အဓိက အချက်ဖြစ်ပြီး၊ အထူးသဖြင့် ငွေကြေး အလယ်လပ် နှင့် မြင့်မားသော ဝင်ငွေ ရရှိသော နိုင်ငံများတွင် ပိုမိုအဖြစ်များလေ့ရှိသည်။ နှစ် ၂၀၃၀ တွင် လူ ၅၂၂ သန်းသည် ဆီးချိုးရောဂါခံစား နိုင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ခန့်မှန်းထားပါသည်။ အလယ်လပ် နှင့် နည်းပါးသော ဝင်ငွေရှိသော နိုင်ငံများတွင် ၄ ယောက်တွင် ၃ယောက် ဆီးချိုရောဂါခံစားနေရပြီး၊ အများစုမှာ ဆေးစစ်ခြင်းမရှိ၍ မသိရှိကြဘဲ ခံစားနေကြသည်။ အသိပညာပေးခြင်းများလည်း အားနည်းနေကြောင်း ဆွေးနွေးခဲ့ကြသည်။ ဆီးချိုရောဂါ ခံစားနေကြရသူ
အများစုသည် ဆီးချိုရောဂါ ဒုတိယ အမျိုးအစားဖြစ်ပြီး ပုံမှန် ဆရာဝန် ညွန်ကြားမှုခံယူလိုက်နာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်ခြင်း၊ ကျန်းမာအသက်ရှည်သော ပတ်ဝန်းကျင်ကို ဖန်တီးနေထိုင်ခြင်းဖြင့် ကာကွယ် ထိန်းချုပ်နိုင်ကြောင်း၊ ယင်းကဲ့သို့နေထိုင်နိုင်ရန် မိသားစုအခန်းကဏ္ဍသည် အရေးပါ အရာရောက်ကြောင်း၊ အသိပညာပေးခြင်းများကိုလည်း ထိရောက်စွာပြုလုပ်သင့်ကြောင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်ပုံကိုလည်း ပိုမိုမြှင့်တင်ရန်၊ မိသားစုဝင်ငွေ နှင့်ကိုက်ညီသော ဆေးကုသမှု နှုံးထားများကိုလည်း ဝင်ငွေအလိုက် ထည့်သွင်းစဉ်းစားကြရန် ဆွေးနွေးခဲ့ကြပါသည်။
https://www.vaticannews.va/en/world/news/2018-11/world-diabetes-day-family-who-idf.html
#who, #diabetes, #health, #peterkm,
Photo credits to (poster of world diabetes day 2018)
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment